●လိင် တူ လက် ထပ် ခြင်း အ ပေါ် သမ္မာ ကျမ်း စာ ၏ သ ဘော ထား (အ ပိုင်း-၁)

သ မ္မာ ကျမ်း စာ က လိင် တူ ဆက် ဆံ တဲ့ အ ကြောင်း နဲ့ ပါတ် သက် ပြီး ခ ဏ ခ ဏ တော့ ပြော တာ မ တွေ့ ရ ပါ ဘူး။ ဒါ ပေ မဲ့၊ ပြော တဲ့ အ ခါ တိုင်း မှာ တော့ လိင် တူ ဆက် ဆံ ခြင်း ကို အ ပြစ် တစ် ခု အဖြစ် ရှုံ့ ချ ပြော ဆို ထား ပါ တယ်။
(၀တ် ပြု၊၊ ၁၈း ၂၂ ) “မိန်း မ နှင့် ပေါင်း ဖေါ် သ ကဲ့ သို့ ယော က်ျား ချင်း မ ပေါင်း ဖေါ် ရ။ ရွံ ရှာ ဖွယ် အ မှု ဖြစ် ၏”
(၀တ် ပြု၊ ၂၀း ၁၃)မိန်းမ နှင့် ပေါင်း ဖေါ် သကဲ့ သို့ ယော က်ျား ချင်း ပေါင်း ဖေါ် လျှင် ထို သူ နှစ် ယောက် တို့ သည် ရွံ ရှာ ဖွယ် သော အ မှု ကို ပြု သော ကြောင့် အ သေ သတ် ခြင်း ကို အမှန် ခံ ရ မည်”
(၁ ကော ၆း ၉- ၁၀)  “မ တရား သော သူ တို့ သည် ဘုရား သခင် ၏ နိုင်ငံ တော် ကို အ မွေ မ ခံ ရ ကြ သည် ကို သင် တို့ မ သိ ကြ သလော့။ အလွဲ မယူ ကြနှင့် မ တ ရား သော မေ ထုန် ၌ မှီ ၀ဲ သော သူ၊ ရုပ် တု ကိုး ကွယ် သော သူ၊ သူ့ မယား ကို ပြစ် မှား သော သူ၊ ယော က်ျား ခြင်း မေ ထုန် ကို ပြု သော သူ၊ ထို အ မှု ကို ခံ သော သူ၊ သူ့ ဥ စ္စာ ကို ခိုး သော သူ၊ လော ဘ လွန် ကျူး သော သူ၊ သေ ရည် သေ ရက် နှင့် ယဇ် မူး သော သူ၊ ဆဲ ရေး ကဲ့ ရဲ့ သော သူ၊ အ နိုင် အထက် လု ယူ သော သူ တို့ သည် ဘုရား သခင် ၏ နိုင် ငံ တော် ကို အမွေ မခံ ရ ကြ”

လိင် တူ ဆက် ဆံ ခြင်း ဟာ စက် စုတ် ရွံ ရှာ ဖွယ် ကောင်း တဲ့ အ မှု လို့ သ မ္မာ ကျမ်း စာ ထဲ မှာ အ ရှင်း ကြီး ဖေါ် ပြ ထား ပါ တယ်။ လိင် တူ ဆက် ဆံ ခြင်း ဟာ ဘု ရား သ ခင် ရဲ့ အာ ဒံ ဆို တဲ့ ယော က်ျား နဲ့ ဧ ၀ ဆို တဲ့ လူ မိန်း မ ကို ပေါင်း ဖက် စေ ပြီး သူ့ ရဲ့ ဒီ က မ္ဘာ ကြီး ကို ပွား များ ပြည့် ၀ စေ ဖို့ အ တွက် ဖန် ဆင်း ခြင်း စီ မံ ကိန်း ရဲ့ အုပ် မြစ် ကြီး ကို မြေ လှန် တိုက် ခိုက် လိုက် တဲ့ အ ပြု အ မူ ဖြစ် ပါ တယ် (ကမ္ဘာ ၊ ၁း ၂၈)။ နောက် တ နည်း ပြော ရ ယင် လိင် တူ ဆက် ဆံ ခြင်း ဟာ ဘု ရား သ ခင် ဖြစ် စေ ချင် တဲ့ သတ် မှတ် ထား ချက် (စီ မံ ကိန်း ကြီး) ကို ပြီး မြောက် အောင် သယ် ဆောင် သွား မယ့် အ ပြု အ မူ ရဲ့ ဆန့် ကျင် ဖက် လို့ လည်း ဆို နိုင် ပါ တယ်။ သား သ မီး ရ တ နာ ဖြစ် ပွား စေ ခြင်း ဆို တဲ့ ဘုရား သခင် ရဲ့ ကောင်း ချီး ဖြစ် တဲ့ မိ သား စု ရဲ့ အ ခြေ ခံ အုပ် မြစ် ကို မြေ လှန် ဖျက် ဆီး ခြင်း လို့ လဲ ထပ် ပြော လို့ ရ ပါ တယ်။ တ ကယ် တော့ လိင် တူ ဆက် ဆံ ခြင်း ဟာ ဘု ရား အ လို တော် ကို ဘယ် လို မှ ကို မ ဖေါ် ဆောင် နိုင် ပါ ဘူး။ ဒါ တင် ဘယ် က မ လဲ၊ လိင် တူ ဆက် ဆံ ခြင်း ဟာ လူ့ အ ဖွဲ့ အ စည်း ကို အန္ဒ ရယ် ဆိုး တွေ ကျ ရောက် စေ မဲ့ လုပ် ဆောင် ချက်  လည်း ဖြစ် ပါ တယ်။

ဒီ လို ပြု မူ တဲ့ သူ တွေ ရော ၊ အား ပေး အား မြှောက် လုပ် တဲ့ သူ တွေ အား လုံး ဟာ ဘု ရား သ ခင် ရဲ့ ကြီး မား တဲ့ အ မြက် တော် နဲ့ တ ရား စီ ရင် ခြင်း ကို ဧ ကန် မု ချ ခံ ရ ပါ လိမ့် မယ်။

သ မ္မာ ကျမ်း စာ က (ရော မ၊ ၁း ၂၆- ၂၇)မှာ “ထို သို့ ပြု ကြ သော ကြောင့် ဘု ရား သ ခင် သည် သူ တို့ ကို ရှက် ကြောက် ဘွယ် သော ကိ လေ သာ လက် သို့ အပ် လိုက် တော် မူ ၏။ အ ဘယ် သို့ နည်း ဟူ မူ ကား၊ မိန်း မ တို့ သည် ပ က တိ ထုံး စံ ကို စွန့် ၍ ၊ ပက တိ နှင့် ဆန့် ကျင် ဘက် ထုံး စံ ကို လိုက် ကြ ၏။ ထို အ တူ၊ ယော က်ျား တို့ သည် လည်း မိန်းမ နှင့် ဆက် ဆံ ခြင်း ပ က တိ ထုံး စံ ကို စွန့် ၍ အ ချင်း ချင်း ကိ လေ သာ စိတ် ပူ လောင် သ ဖြင့်၊ ရှက် ကြောက် ဘွယ် သော အ မှု ကို ယော က်ျား ချင်း ပြု လျက်၊ မိ မိ တို့ မှား ယွင်း ခြင်း နှင့် အ လျောက် မိ မိ တို့ အ ပြစ် ဒဏ် ကို ခံ ရ ကြ ၏”

“အပ် လိုက် တယ်”ဆို တဲ့ စ ကား ကြောင့် သူ တို့ ပြု မူ နေ တဲ့ အ ရာ တွေ ကို မှား သ လား မှန် သ လား တောင် မ သိ နိုင် တော့ တဲ့ ဘ ၀ ကို ရောက် သွား ပြီ လို့ ဆို လို တာ ဖြစ် ပါ တယ်။ ခွင့် လွှတ် ခြင်း ရ ဖို့ အ တွက် လည်း မ ရှာ ဖွေ တော့ ဘူး၊ သူ တို့ နှ လုံး သား တွေ ဟာ လည်း နောင် တ မ ရ တတ် တော့ တဲ့ နှ လုံး သား တွေ ဖြစ် သွား တော့ တယ်။ သူ တို့ ရဲ့ အ ပြစ် ထဲ မှာ ပဲ သေ ရ ပြီး၊ ဖြောင့် မတ် တဲ့ ဘု ရား ရဲ့ ရှုံ့ ချ ခြင်း ကို ရင် ဆိုင် ရ ပါ တော့ မယ်။ ကျွန်ုပ် တို့ ခ ရစ် ယာန် ယုံ ကြည် သူ တွေ အ နေ နဲ့ ဘယ် သူ့ ကို မှ ဒီ လို အ ဖြစ် မျိုး နဲ့ တ ရား စီ ရင် ခြင်း မျိုး ကို မ ခံ စေ ချင် ပါ ဘူး။ အဲ ဒီ လူ တွေ ဟာ ဘု ရား သ ခင် ကို ပုန် ကန် တဲ့ သူ တို့ ရဲ့ အ ပြု အ မူ တွေ ကို ရပ် တန့် ဖို့ လည်း မ ကြိုး စား ကြ ဘူး။ တ ရား စီ ရင် ခြင်း ခံ ရ တော့ မယ့် ဒီ လူ တွေ ဟာ သူ တို့ ရဲ့ လုပ် ရပ် တွေ ကို ပို ပြီး ပို ပြီး လုပ် လာ ရုံ သာ မ က၊ သူ တို့ ရဲ့ အ ကျင့် စ ရိုက် နဲ့ လုပ် ဆောင် မှု တွေ ကို လက် မ ခံ တဲ့ သူ မှန် သ မျှ ကို လည်း ရှုံ့ ချ မှု တွေ လုပ် လာ ကြ တယ်။

ဒီ လို ဘဲ၊ သူ တို့ ရဲ့ စိတ် အ ရင်း အ မြစ် ထဲ မှာ လိင် တူ ဆက် ဆံ ခြင်း တွေ ဘဲ စွဲ ကပ် နေ ပြီး၊ ဒီ အ မူ အ ကျင့် ကို အ ခြား သူ တွေ လက် ခံ ဖို့ အား ပေး တာ တွေ တောင် လုပ် လာ ကြ တယ်။ ဒီ လို လုပ် နည်း လုပ် ဟန် တွေ နဲ့ ဘု ရား သ ခင် ကို ဆန့် ကျင် တဲ့ သူ တို့ ရဲ့ အ ပြစ် တွေ ကို တစ် နေ့ ထက် တစ် နေ့ ပျံ့ နှံ့၊ ပြန့် ပွား အောင် လုပ် လာ ကြ ပါ တယ်။ ဒီ လုပ် ဆောင် ချက် တွေ ဟာ လူ သား အား လုံး ရဲ့ အ ပြစ် အ တွက် ကား တိုင် ပေါ် အ သေ ခံ ရွေး နှုတ် ကယ် တင် ပေး တဲ့ ခ ရစ် တော် ရဲ့ လုပ် ဆောင် မှု ကို ငြင်း ပယ် တယ် ဆို တဲ့ အ ဓိ ပ္ပါယ် လည်း ဖြစ် ပါ တယ်။ ဒါ ကြောင့် ဒီ လူ တွေ ဟာ ခ ရစ် တော် ကို မ ရ ရှိ ကြ တဲ့ အ တွက်၊ ဘု ရား သ ခင် ရဲ့ ခွင့် လွှတ် ခြင်း ကို လည်း မ ရ ရှိ တော့ ပါ၊ ဒါ့ အ ပြင် ခွင့် လွှတ် ခြင်း ကို မ ရ တဲ့ အ တွက်၊ ခ ရစ် တော် ပေး တဲ့ ကယ် တင် ခြင်း လည်း မ ခံ ယူ နိုင် တော့ ပါ။ ထာ ၀ ရ င ရဲ ထဲ မှာ ပဲ အ ပြစ် စီ ရင် ခြင်း ကို ခံ ရ ဖို့ ပဲ ရှိ ပါ တော့ တယ်။ ကျွန်ုပ် တို့ အ နေ နဲ့ ဒီ လို အ ဖြစ် မျိုး ဘယ် သူ့ ကို မှ မ ဖြစ် စေ ချင် တာ အ မှန် ပါ။

၁။နိုင်ငံအကျိုးနှင့်မဆိုင်သောပြင်ဆင်မှုများ၏နှိပ်စက်ခြင်းဂယက်...                        
သ မ္မာ ကျမ်း စာ ရှု ဒေါင့် မှ ကြည့် ယင် လိင် တူ ဆက် ဆံ မှု (လက် ထပ် ခြင်း) ကို ခွင့် ပြု လိုက် ခြင်း ဟာ နိုင် ငံ ရေး နှင့် မ ဆိုင် သော ပြင် ဆင် သတ် မှတ် မှု တစ် ခု သာ ဖြစ် ပြီး၊ ဒီ ပြင် ဆင် မှု ဟာ လည်း အာ ရုံ ခံ စား မှု တစ် ခု ကြောင့် သာ ဖြစ် ပါ တယ်။ အ များ စု ပါ ၀င် နေ တဲ့ ကိုယ် ကျင့် တ ရား ယို ယွင်း ပျက် စီး မှု တွေ ကြောင့် သ မ္မာ ကျမ်း စာ ဟာ အ မုန်း တ ရား တွေ၊ အ မိန့် ပေး ချက် တွေ နဲ့ ဘဲ၊ ပြည့် ၀ နေ တဲ့ စာ အုပ် လို့ တောင် သ မ္မာ ကျမ်း စာ ကို သတ် မှတ် နေ ကြ ပါ ပြီ။ အ ခု ဆို ယင် အ မေ ရိ ကန် နိုင် ငံ မှာ “လိင် တူ ဆက် ဆံ ပေါင်း သင်း နေ ထိုင် တာ ဟာ သာ မန် ကိစ္စ ပါ၊ ကျန်း မာ ရေး ကိ စ္စ ပါ” လို့ ဆို ပြီး၊ ပြည် သူ လူ ထု တွေ လက် ခံ ဖို့ လူ မှု ရေး အ ရ တွန်း အား ပေး တာ တွေ တောင် ရှိ လာ ပါ ပြီ။ ဒါ့ အ ပြင် ဒီ လို လိင် တူ ဆက် ဆံ ခြင်း ဆိုင် ရာ ကိစ္စ တွေ ကို ရုပ် ရှင်၊ တီ ဗွီ၊ မဂ္ဂ ဇင်း၊ စာ သင် ကျောင်း အ စ ရှိ တဲ့ နေ ရာ တော် တော် များ များ မှာ တောင် တင် ဆက် မှု အ ရှိန် အ ဟုန် တွေ ဟာ တ ဖြေး ဖြေး နဲ့ မြင့် မား လာ နေ ပါ ပြီ။ ဒါ ကြောင့် သူ တို့ ရဲ့ လူ မှု ရေး ဆိုင် ရာ အ ခွင့် အ ရေး နဲ့  ပြန် လည် ပြု ပြင် မှု တွေ ဟာ အ မှား တွေ ချဉ်း နဲ့ သာ ပြည့် ၀ နေ ပါ တော့ တယ်။ အ မေ ရိ ကန် နိုင် ငံ လူ ဦး ရေ ရဲ့ ၃% ဟာ လိင် တူ ဆက် ဆံ နေ ကြ တဲ့ သူ တွေ ဖြစ် ပါ တယ်။ ကျန် တဲ့ ၇၀% ကို တော့ မီ ဒီ ယာ တွေ က ထုပ် ဖေါ် မ ပြ သေး ပါ ဘူး။ အဲ ဒီ  အ ထဲ မှာ ခ ရစ် ယာန် တွေ ကို ရှေး ရိုး စွဲ သူ တွေ၊ အ မြင် ကျဉ်း မြောင်း တဲ့ သူ တွေ၊ င နုံ င အ ညံ့ ဖျင်း တဲ့ သူ တွေ ဆို ပြီး သ မုတ် နေ ကြ ရ ပါ တယ်။ ဘာ ကြောင့် ဒီ လို သ မုပ် ခံ ကြ ရ တာ လည်း၊ အ ကြောင်း က တော့ ခ ရစ် ယာန် တွေ ဟာ လိင် တူ ဆက် ဆံ မှု ကို လက် မ ခံ တဲ့ အုပ် စု ဖြစ် ပေ မဲ့ လည်း ဒီ အ ပြု အ မူ နဲ့ ကိုယ် ကျင့် တ ရား တွေ ကို ရှုံ ချ ပြီး၊ မ ဆက် ဆံ ပဲ ရှောင် ဖယ် ရှောင် ဖယ် လုပ် နေ ခြင်း ဟာ သူ တို့ အ ပေါ် သ ဘော ထား ကြီး ကြီး နဲ့ နား လည် ပေး သ လို လို၊ လူ အ မျိုး မျိုး နဲ့ သ ဟ ဇာ တ ရှိ ရှိ နေ တတ် ထိုင် တတ် သ ယောင်  ရပ် တည် အ သက် ရှင် နေ ကြ လို့ ပါ ပဲ ဖြစ် ပါ တယ်။
ခရစ် ယာန် တွေ ရဲ့ (အ ဖက် မ လုပ် ခြင်း ၊ မ တား ဆီး ခြင်း) ဆန့် ကျင် တဲ့ သ ဘော ထား ထုပ် ဖေါ် ပြ သ ခြင်း မ ရှိ ၊ အ တိုက် အ ခံ လည်း မ လုပ်၊ အဲ ဒီ လူ တွေ ကို အ ဖက် မ လုပ်၊ ရေ ငုံ နှုတ် ပိတ် နေ ခဲ့ ကြ လို့ အ ခု ဆို ယင် အ မေ ရိ ကန် ရဲ့ လူ မှု ရေး အ နေ အ ထား ဟာ လွတ် လပ် စွာ လိင် ဆက် ဆံ တဲ့ အ လေ့ အ ထ ဖက် ကို တ ဖြေး ဖြေး ယိမ်း ယိုင် လာ နေ ပါ ပြီ။ ဒီ လို လွတ် လွတ် လပ် လပ် နဲ့ လူ့ အ ခွင့် အ ရေး ပဲ ကွ လို့ ဆို ပြီး လိင် တူ ဆက် ဆံ မှု နှုန်း တွေ တ စ ထက် တ စ မြင့် တက် လာ နေ တာ ကို ဘယ် အ ရာ တွေ က (ဘယ် သူ တွေ က) ရပ် တန့် စေ မှာ လည်း၊ တိတ် ဆိပ် စွာ ရေ ငုံ နှုတ် ပိတ် နေ ပြီး၊ အ ခံ ရ ခက် တဲ့ ပြော ဆို သံ တွေ အောက် မှာ ပဲ ခ ရစ် ယာန် တွေ ဆက် ပြီး နေ ကြ တော့ မှာ လား။ ဒီ အ ချိန် ဟာ လိင် တူ ထိမ်း မြှား ခြင်း ကို အ ပြင်း ထန် ဆုံး နဲ့၊ အ ကြွင်း မဲ့ ဆန့် ကျင် ပါ တယ် ဆို တဲ့ သ ဘော ထား တွေ ကို ထုတ် ဖေါ် ပြ သ ဖို့ ခ ရစ် ယာန် လူ မှု ရေး ကွန် ရက် တွေ အ နေ နဲ့ မ ဖြစ် မ နေ လှုပ် ရှား မှု ကြီး လုပ် ရ တော့ မဲ့ ဇတ် ရှိန် အ မြင့် မား ဆုံး၊ အ ရေး ကြီး ဆုံး အ ချိန် ပါ ပဲ။

အ ခု ဆို လိင် တူ ဆက် ဆံ သူ တွေ ရဲ့ လုပ် ရပ် တွေ ကို ဟန့် တား မိ တဲ့ လို့ တ ရား စွဲ ဆို ခံ ရ တဲ့ ဖြစ် ရပ် တွေ လည်း များ လာ ပါ ပြီ။ ခ ရစ် ယာန် အ သင်း တော် တွေ က  ဒီ ကိ စ္စ ဟာ ငါ တို့ အ သင်း တော် တွေ အ တွက် ပြ သ နာ မ ဖြစ် နိုင် ပါ ဘူး ဆို ပြီး တော့ မ ထင် လိုက် ပါ နဲ့။ အ သင်း သူ/ သား တွေ ထဲ မှာ လိင် တူ ချင်း မ င်္ဂ လာ ဆောင် ပေး ဖို့ တောင်း ဆို လာ တဲ့ အ ခါ၊ သင်း အုပ် အ နေ နဲ့၊ မ လုပ် ပေး နိုင် ဘူး၊ လုပ် ပေး ဖို့ ပျက် ကွက် ခဲ့ တယ် ဆို ယင်၊ ဒါ ကို ခွင့် ပြု လိုက် တဲ့ ဥ ပ ဒေ ပုဒ် မ တွေ နဲ့ တတ် ပြီး၊ ခွင့် မ ပြု တဲ့ အ သင်း တော် က တာ ၀န် ရှိ တဲ့ သူ တွေ ကို အဲ ဒီ လူ တွေ က တ ရား စွဲ ကြ ပါ တော့ မယ်။ ဒီ လို တောင်း ဆို လာ ယင် အ သင်း တော် အ နေ နဲ့ ဘယ် လို တုန့် ပြန် မ လဲ၊ ငြင်း မ လား၊ ဒါ မှ မ ဟုတ် ခွင့် ပြု ပေး မှာ လား။ အ ခု ဒါ တွေ တ ကယ် ဖြစ် နေ ပါ ပြီ။ ဖြစ် ရပ် တစ် ခု က ကျွန်ုပ် တို့ အ သင်း တော် တွေ ကို သ တိ ပေး နေ ပါ တယ်။- Colorado နဲ့ Oregon ဒေ သ တွေ မှာ လိင် တူ မ င်္ဂ လာ ဆောင် မဲ့ သူ တွေ အ တွက် မ င်္ဂ လာ ကိတ် ဖုပ် ပေး ဖို့ ငြင်း ဆန် ယင် ငြင်း ဆန် ခဲ့ တဲ့ သူ ကို လိင် တူ လက် ထပ် မဲ့ သူ တွေ က တ ရား စွဲ လို့၊ ဒဏ် ငွေ ဒေါ် လာ ၁၅၀၀၀၀ ဒဏ် ရိုက် ခံ လိုက် ရ တယ် တဲ့။ ဒီ လို ဖြစ် ရပ် လို ပဲ၊ နိုင် ငံ ရေး မ ဆန် တဲ့ ဥ ပ ဒေ ပြ ဌါန်း မှု၊ ပြင် ဆင် မှု တွေ ဟာ လူ့ အ ဖွဲ့ အ စည်း အ ပေါ် ဘယ် လောက် ဂ ယက် ရိုက် ခတ် ခံ ရ သ လဲ ဆို တာ တွေ ကို သ မိုင်း မှာ လည်း တွေ့ နိုင် ပါ တယ်။ ဥ ပ မာ- ၁၉၀၀ ခုနှစ် တွေ တုန်း က နာ ဇီ အ တွေး အ ခေါ် နဲ့ ဂျူး ကိ စ္စ၊ ရု ရှား တွေ ရဲ့ ကွန် မြူ နစ် အ ယူ ၀ါ ဒ ကိ စ္စ တွေ ပဲ ဖြစ် ပါ တယ်။ အဲ ဒီ တုန်း က လူ ဘယ် လောက် တောင် သေ ဆုံး ခဲ့ ကြ ရ သ လဲ ဆို ယင်၊ သ မိုင်း စိတ် ၀င် စား သူ တွေ အ နေ နဲ့ သိ နိုင် ကြ မှာ ပါ။

ဒီ လို လိင် တူ ထိမ်း မြှား ခြင်း ကို တ ရား ၀င် ခွင့် ပြု လိုက် လို့ စာ တန် အ သင်း တော် က ၀မ်း မြောက် စွာ ကြို ဆို ပါ ကြောင်း ရေး သား ဖေါ် ပြ မှတ် ချက် ပေး လာ တာ တွေ လည်း ရှိ ပါ တယ်။ အ သေး စိတ် လေ့ လာ လို လျှင် အောက် ဖေါ် ပြ ပါ လင့် ထဲ ၀င် ရောက် ပြီး လေ့ လာ နိုင် ပါ တယ်။

With the recent SCOTUS decision allowing legal same-sex marriage throughout the USA, certain religious groups have rushed to condemn this position. In contrast, the Church of Satan welcomes this landmark ruling.  
http://www.churchofsatan.com/news.php

တင်ပြသူ- ၀ိညာဉ်မီးအိမ်
♦ ♦ ♦ ♦ ♦ ♦ ♦

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...