●လိင် တူ လက် ထပ် ခြင်း အ ပေါ် သမ္မာ ကျမ်း စာ ၏ သ ဘော ထား (အ ပိုင်း-၂)

ခ ရစ် ယာန် များ ဖြေ ဆို ကြ ရ မယ့် မေး ခွန်း အ ချို့ ရှိ ပါ တယ်။ လိင် တူ လက် ထပ် ထိမ်း မြား ခြင်း ကို ခ ရစ် ယာန် များ ဆန့် ကျင် သင့် ပါ သ လား။ ယော က်ျား ချင်း (သို့) မိန်း မ ချင်း လိင် တူ စုံ မက် သူ များ နဲ့ ပတ် သက် လို့ ကျမ်း စာ က ဘာ ပြော ထား သ လဲ။ လိင် တူ စုံ မက် သူ များ ကို ခ ရစ် ယာန် များ ပေါင်း သင်း ဆက် ဆံ သင့် ပါ သ လား။ ဖယ် ကြဉ် ကြ ရ မှာ လား။ သ ခင် ယေ ရှု က ရော အဲ ဒီ လို အ မူ အ ကျင့် ရှိ သူ တွေ ကို ဘယ် လို သ ဘော ထား ဆက် ဆံ ခဲ့ ပါ သ လဲ။ လိင် တူ စုံ မက် ခြင်း ဟာ မွေး ရာ ပါ လား (သို့) ရွေး ချယ် မှု လား၊ စ တဲ့ မေး ခွန်း တွေ ဖြစ် ပါ တယ်။


ကျမ်း စာ မှာ ဘယ် လို ဆို ထား ပါ သ လဲ။
ထိမ်း မြား လက် ထပ် ထား တဲ့ ဇ နီး မောင် နှံ နှစ် ယောက် အ ကြား ဆက် မှု က လွဲ လို့ အ ခြား သော မည် သည့် လိင် ဆက် ဆံ မှု ကို မ ဆို သ မ္မာ ကျမ်း စာ က ဆန့် ကျင် ပါ တယ်။ လိင် တူ ချင်း ဆက် ဆံ မှု နဲ့ ပတ် သက် လို့ ကျမ်း စာ ဖော် ပြ ချက် (၇) ချက် ကို ဖေါ် ပြ လို ပါ တယ်။ (၂) နေရာ (ကမ္ဘာ ဦး၊ ၁၉း ၅၊ တရား သူ ကြီး၊ ၁၉း ၂၂) မှာ က အ ဓမ္မ ပြု ကျင့် မှု အ ကြောင်း၊ (၃) နေ ရာ (၀တ် ပြု ရာ၊ ၁၈း ၂၂။ ၂၀း ၁၃၊ ရောမ ၁း ၂၇) မှာ က ယော က်ျား ချင်း လိင် တူ ဆက် ဆံ မှု အ ကြောင်း၊ (၁) နေ ရာ (ရော မ၊ ၁း ၂၆) မှာက မိန်း မ ချင်း လိင် တူ ဆက် ဆံ မှု အ ကြောင်း၊ (၁ ကော၊ ၆း ၉-၁၀။ ၁တိ၊ ၁း ၈ - ၁၀) မှာ က မ တ ရား သော မေ ထုန် ၌ မှီ ၀ဲ ခြင်း၊ သူ့ မ ယား ကို ပြစ် မှား ခြင်း၊ ယော က်ျား ချင်း မေ ထုန် ကို ပြု ခြင်း အ ကြောင်း များ နဲ ပတ် သက် လို့ ဖေါ် ပြ ထား တာ တွေ့ ရ ပါ တယ်။

ဓမ္မ ဟောင်း မှာ .. သ မ္မာ ကျမ်း စာ ကို စ ဖွင့် ဖတ် လိုက် တာ နဲ့ က မ္ဘာ ဦး ကျမ်း မှာ တွေ့ ရ ပါ တယ်။ (ကမ္ဘာ ဦး၊  ၁၉း ၁- ၁၃) ကို ဖတ် ယင် “လော တ” ဆီ ကို ထာ ၀ ရ ဘု ရား စေ လွှတ် လိုက် တဲ့ ကောင်း ကင် တ မန် နှစ် ပါး ကို သော ဒုံ မြို့ သား တွေ က ဆက် ဆံ ဖို့ အ တင်း အ ကျပ် တောင်း ဆို ခဲ့ ကြ ပါ တယ်။ လော တ က  သူ့ သမီး နှစ် ယောက် ကို ထုတ် ပေး ပါ မယ် လို့ ဆို တာ တောင် လက် မ ခံ ဘဲ လိင် တူ ဆက် ဆံ ဖို့  အ တင်း  အ ဓမ္မ ကြိုး စား ခဲ့ ကြ ပါ တယ်။ ဒီ လို စက် ဆုပ် ရွံ့ ရှာ ဖွယ် အ မူ အ ကျင့်  များ ကြောင့် အ ဓမ္မ လူ များ နေ ထိုင် တဲ့ သော ဒုံနဲ့ ဂေါ မော ရ မြို့ အ ပေါ် သို့ ကန့်နှင့် မီး မိုး ကို ရွား စေ လျှက် ထာ ၀ ရ ဘု ရား က ဖျက် ဆီး စီ ရင် ပစ် ခဲ့ ပါ တယ်။

ဝတ် ပြု ရာ ကျမ်း မှာ.. ဘယ် လို ဖေါ် ပြ ထား သ လဲ ဆို တာ ဖတ် ကြည့် ယင်…
“ ငါ သည်  ထာ ၀ ရ ဘု ရား ဖြစ် ၏။ မိန်း မ နှင့် ပေါင်း ဖေါ် သ ကဲ့ သို့ ယော က်ျား ချင်း  မ ပေါင်း ဖေါ် ရ။ ရွံ ရှာ ဖွယ် အ မှု ဖြစ် ၏ (၀တ် ပြု ရာ၊ ၁၈း ၂၂)။

ဓမ္မ ဟောင်း ခေတ် ကာ လ မှာ လူ သား တွေ  ဟာ  ယ နေ့ ခေတ် လို ဖွံ့ ဖြိုး တိုး တက် မှု မ ရှိ သေး တဲ့ အ တွက် အ သက် ရှင် ရပ် တည် ရေး အ တွက်  နေ ထိုင် ရုန်း ကန် ရ မှု ဟာ ခက် ထန် ကြမ်း တမ်း ပါ တယ်။ ဣ သ ရေ လ လူ မျိုး နွယ် စု များ ဟာ ရေ ကြည် ရာ မြက် နူ ရာ လှည့် လည် သွား လာ နေ ထိုင် သူ များ ဖြစ် တာ ကြောင့် အ ပြစ် ကျုး လွန် သူ များ ကို ဆုံ မ၊ ပြု ပြင် ဖို့ အ ကျဉ်း ထောင် ၊ ထိန်း သိမ်း ပြု ပြင် ရေး စခန်း တွေ မ ထား ရှိ နိုင် ခဲ့ ကြ ပါ ဘူး ။ ထာ ၀ ရ ဘု ရား သ ခင် ရဲ့ အမိန့် တော် ပညာတ် ချက် များ နဲ့ ဣ သ ရေ လ လူ့ အ ဖွဲ့ အ စည်း ရဲ့ ထုံး တမ်း ဓ လေ့ များ ကို ဆိုး ၀ါး စွာ ချိုး ဖေါက် လျှက် အပြစ် ကျူး လွန် သူ များ ကို ကျောက် ခဲ နှင့် အသေ ပြစ် သတ် ပေါက် ခြင်း (သို့) မိမိ တို့ နယ် မြေ မှ မောင်း ထုတ် ပစ် ခြင်း တို့ နဲ့ အရေး ယူ ၊ အဖြစ် ပေးခဲ့ ကြ ပါ တယ်။ ဓမ္မ ဟောင်း ကျမ်း မှာ တွေ့ ရ တဲ့၊ သေ ဒဏ် ထိုက် တဲ့ အ ပြစ် များ က တော့ လူ သတ် မှု ၊ မိ ဘ ကို ကျိန် ဆဲ ခြင်း သို့ မ ဟုတ် ထိ ခိုက် နာ ကျင် အောင် လုပ် ခြင်း၊ ပြန် ပေး မှု ၊ စုန်း က ဝေ အောက် လမ်း အ တတ်၊ မှော် အ တတ် များ နဲ့ ပြု စား မှု၊ တိ ရ တ္ဆန် နဲ့ လိမ် ဆက် ဆံ မှု ၊ ဥ ပုသ် နေ့ မှာ အ လုပ် လုပ် မှု) သွေး သား ရင်း များ ကာ မ စပ် ယှက် မှု၊ နောက် မီး လင်း ဖေါက် ပြန် မှု၊ လိင် တူ ဆက် ဆံ မှု၊ ယဇ် ပု ရော ဟိတ် သ မီး အား ပြည့် တန် ဆာ လုပ် စေမှု၊ ထာ ၀ ရ ဘုရား ကို ပြစ် မှား ပြော ဆို မှု၊ မှား ယွင်း စွာ ပ ရော ဖက် ပြု မှု၊ မု သာ သက် သေ ခံ မှု၊ အ ပျို စင် ဖြစ် သည် ဟု လိမ် ညာ လှည့် ဖျား ပြော ဆို လျှက် ထိန်း မြား လက် ထပ် မှု စ တဲ့ .. စ တဲ့ လွန် ကျူး ခြင်း အပြစ် ပါ မည် ပါ တယ်။ ဓ မ္မ ဟောင်း ကာ လ ဟာ ပညာတ် တရား ကာ လ ဖြစ် ပြီး၊ အပြစ် ကျူးလွန် သူု များ ကို ပ ညာတ် တရား ရှီ သည့် အတိုင်း၊ ပြင်း ထန် စွာ မ ပြစ် ပေး တတ် တဲ့ ခေတ် ကာ လ လဲ ဖြစ် ပါ တယ်။

ဓမ္မသစ် ခေတ် ကာ လ..
ဓမ္မ သစ် ခေတ် ကာ လ ရောက်  တဲ့ အ ခါ လူ သား တွေ နား လည် ခံ ယူ လာ ကြ တာ က လူ ဟာ ပ ညာတ် တ ရား အောက် မှာ မ ရှိ တော့ ဘူး။ သ ခင် ယေ ရှု ခ ရစ် တော် ရဲ့ ကျေး ဇူး တော်၊ က ရု ဏာ တော ကို ခံ စား ရ လျက် အ ပြစ် လွှတ် ခြင်း၊ ခွင့် လွှတ် ခြင်း၊ ကယ် တင် ခြင်း ဆု ကျေး ဇူး ကို ရ ရှိ ပိုင် ဆိုင် နိုင် ကြ ပြီ လို့ သွန် သင် လာ ခဲ့ ကြ ပါ တယ်။

အ ကြောင်း မူ ကား ၊ ပ ညတ် တ ရား တော် ကို မော ရှေ လက် တွင် ပေး တော် မူ ၏။ ကျေး ဇူး တ ရား နှင့် သ စ္စာ တ ရား မူ ကား ယေ ရှု ခ ရစ် အား ဖြင့် ဖြစ် သ တည်း (ယော၊ ၁း ၁၇)။
ဇာ တိ ပ က တိ ဒု စ ရိုက် အ ကျင့် တို့ မှ နောင် တ ရ လျက်  ၀န် ချ တောင်း ပန် ပြီး၊ ဘ ၀ အ သက် တာ ကို ပြု ပြင် ပြောင်း လဲ ခြင်း အား ဖြင့် ရွေး နှုတ် ကယ် တင် ခြင်း ကျေး ဇူး တော် ကို ခံ စား ကြ ရ မှာ ဖြစ် တယ် လို့ ခံ ယူ လာ ကြ ပါ တယ်။ ဆု လာ ဘ် (သို့) အ ပြစ် ပေး ခြင်း ဟာ ယ္ခု ဘ ၀ ရော နောင် တ မ လွန် အ တွက် ပါ အ ကျုံး ၀င် တယ် လို့ ယုံ ကြည် ကြ ပါ တယ်။

လိင် တူ ဆက် ဆံ ခြင်း နဲ့ ပတ် သက် လို့ ယေ ရှု ခ ရစ် တော် ရဲ့ သ ဘော ထား ကို ကျမ်း စာ မှာ တိုက် ရိုက် ဖေါ် ပြ ထား တာ မ တွေ့ ရ ပေ မယ့် လိင် မှု ဆိုင် ရာ အ ကျင့် စာ ရိတ္တ ပျက် ပြား ခြင်း နဲ့ ပတ် သက် လို့ ယေ ရှု က ရှုတ် ချ ထား တဲ့ ကျမ်း ပိုဒ် ကို တော့ တွေ့ ရ ပါ တယ်။

လူ့ အ တွင်း မှ ထွက် သော အ ရာ မူ ကား လူ ကို ညစ် ညူး စေ သော အ ရာ ဖြစ် ၏။ လူ့ အ တွင်း နှ လုံး သား ထဲ က မ ကောင်း သော ကြံ စည် ခြင်း၊ သူ့ မ ယား ကို ပြစ် မှား ခြင်း၊ မိန်း မ လွတ် နှင့် မှား ယွင်း ခြင်း၊ လူ့ အ သက် ကို သတ် ခြင်း၊ သူ့ ဥ စ္စာ ကို ခိုး ခြင်း၊ လော ဘ လွန် ကျူး ခြင်း၊ မ နာ လို ခြင်း၊ လှည့် ဖြား ခြင်း၊ ညစ် ညူး ခြင်း၊ ငြူ စု ခြင်း၊ သူ့ အ သ ရေ ကို ဖျက် ခြင်း၊ ထောင် လွှား စော် ကား ခြင်း၊ လျှပ် ပေါ် ခြင်း၊ ဤ ဆိုး ညစ် သော အရာ များ တို့ သည် အတွင်း မှ ထွက် လာ ၍ လူ ကို ညစ် ညူး စေ ကြ သည် ဟု မိန့် တော် မူ ၏။ (မာကု၊ ၇း ၂၀- ၂၃)။ တ မန် တော် ကြီး ရှင် ပေါ လု က  တော့၊ ကော ရိန် သု အ သင်း တော် ကို ရေး သား သော စာ ထဲ မှာ တော့ အဲ ဒီ ကိစ္စ အကြောင်း အ ခု လို ရေး သား ထား ပါ တယ်။

မ တ ရား သော သူ တို့ သည် ဘု ရား သခင် ၏ နိုင် ငံ တော် ကို အ မွေ မ ခံ ရ သည် ကို သင် တို့ မ ကြား သိ ကြ သ လော့။ အ လွဲ မ ယူ ကြ နှင့်၊ မ တ ရား သော မေ ထုန် ၌ မှီ ၀ဲ သော သူ၊ ရုပ် တု ကို ကိုး ကွယ် သော သူ၊ သူ့ မ ယား ကို ပြစ် မှား သော သူ၊ ယော က်ျား ချင်း မေ ထုန် ကို ပြု သော သူ၊ ထို အ မှု ကို ခံ သော သူ၊ သူ့ ဥ စ္စာ ကို ခိုး သော သူ၊ လော ဘ လွန် ကျူး သော သူ၊ သေ ရည် သေ ရက် နှင့် ယဇ် မူး သော သူ၊ ဆဲ ရေး ကဲ့ ရဲ့ သော သူ၊ အ နိုင် အ ထက် လု ယူ သော သူ တို့ သည် ဘု ရား သ ခင် ၏ နိုင် ငံ တော် ကို အ မွေ မ ခံ ရ ကြ။ အ ထက် က သင် တို့ တွင် အ ချို့ သော သူ တို့ သည် ထို သို့ သော သူ ဖြစ် ကြ သော် လည်း ယ ခု တွင် သခင် ယေ ရှု ၏ နာ မ တော် အား ဖြင့် လည်း ကောင်း၊ ငါ တို့ ဘု ရား သခင် ၏ ၀ိညာ ဉ် တော် အား ဖြင့် လည်း ကောင်း၊ ဆေး ကြော သန့် ရှင်း ၍ ဖြောင့် မတ် ရာ သို့ ရောက် ကြ ပြီ။ (၁ ကော၊ ၆း ၉- ၁၁)

တင်ပြသူ-စောချစ်ခိုင်

♦ ♦ ♦ ♦ ♦ ♦ ♦

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...