● မှောင် မိုက် (သို့) အ ပြစ် တ ရား နှင့် အ လင်း တည်း ဟူ သော ကယ် တင် ခြင်း တ ရား ...


နိဒါန်း။
(၂၈)ကြိမ်မြောက် တိုင်းရင်း သား ဓမ္မအ မှု တော် ဆောင် များ အားသစ်လောင်း သင်တန်း (နေပြည်တော် ၊ပျဉ်းမနား)သို့ တက်ရောက် ပြီးနောက်၊ ဤဆောင်းပါး ကိုရေးဘို့ဆုံးဖြတ် ခဲ့ပါ သည်။ ရူပဗေဒသဘော အရအလင်း၏ သဘော တရား၊အလင်း၏ သဘောသဘာ ၀ကို ရေးသား လိုသော်လည်း အသင်းတော်များ က ခေတ် ပညာဆိုင်ရာသဘော တရား များထက် ၀ိညာဉ် သဘော ပါသော သမ္မာကျမ်းစာတော်မြတ် ၏ဖွင့်ဟချက် များကိုပို၍နှစ်သက်ကြသည့် အတွက် သမ္မာကျမ်းစာတော်နှင့်အညီရေးသားလိုက်ရပါသည်။

၁။သမ္မာကျမ်းပါအလင်း။
(Bible Concordance) များတွင် ကမ္ဘာဦးကျမ်း မှဗျာဒိတ်ကျမ်း အထိ အလင်း ဟူသော စကား လုံးပေါင်း (၆၇) လုံး ပါရှိသည် ကိုတွေ့ရ ပါ သည်။

၂။အလင်းကိုပထမနေ့၌ဖန်ဆင်းခြင်း။
ကမ္ဘာဦးကျမ်း၊၁း၁တွင် “အစအဦး၌ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်း တော်မူ ၏”ဟုဆို ထားပြီး၊အငယ်(၂)တွင်မြေကြီးသည်အဆင်းသဏ္ဍာန်မရှိ လတ်လပ်လ ဟာဖြစ်၏။ နက်နဲရာအရပ်ကိုမှောင် မိုက်ဖုံးလွှမ်းသည်ဟုပါရှိပါသည်။ အငယ်(၃)တွင် ဘုရားသခင် ကလည်း အလင်းဖြစ်စေဟုမိန့် တော်ရှိ၍အ လင်းဖြစ်လေ၏ ဟုပါရှိပါသည်။ အငယ်(၅)အထိဖတ်ကြည့်ပါက အလင်းကိုပထမနေ့မှာဖန်ဆင်တာကိုတွေ့ ရပါသည်။

၃။နေနှင့်လကိုစတုတ္ထနေ့တွင်ဖန်ဆင်ခြင်း။
ကမ္ဘာဦးကျမ်း၊၁း၁၄-၁၉ကိုဖတ်ကြည့်ပါက လူများသိထားသည့် အလင်း၏အခြေခံဖြစ်သည့် နေနှင့်၎င်း၏ ဂြိုလ်ငယ်ဖြစ်သည့် လတို့ကို စတုတ္ထနေ့တွင် ဖန်ဆင်းသည်ကိုတွေ့ရပါသည်။

၎။ပထမနေ့မှာဖန်ဆင်းသည့်အလင်းသည်မည်သည့်အလင်းဖြစ်သနည်း။
နေကိုမဖန်ဆင်းမှီ အမှောင်ဖုံးလွှမ်းနေသည့် ကမ္ဘာမြေကြီးအတွက်ဖြစ် စေခဲ့သည့်အလင်း သည် မည် သည်နည်း၊မည်သည့် သဘောကိုဆောင်ပါသနည်း။ကမ္ဘာဦးကျမ်း၊၁း၁-၃အထိ သမ္မာ ကျမ်း စာတော်မြတ်စလျှင်စခြင်း အပြစ်မှောင်မိုက်သို့ ကျရောက်သွားမည့်သင်္ခါရလောကကြီးနှင့် ထာဝရအသက်ရှင်ခြင်းသို့ပို့ ဆောင်မည့်ခရစ်တော်၏ ကယ်တင်ခြင်းတရားတို့ကိုယှဉ်တွဲ ဖော်ပြထားခြင်း သာဖြစ်ပါသည်။ ဥပမာ အဖြစ်မှောင်မိုက်သင်္ခါရတရား၊ ကယ်တင်ခြင်းအလင်း တရား အာဒံနှင့်ဧ၀တို့ အစပြုခဲ့သည့် လူ့လောကဇာတ်ခုံမစမှီ အခုခောတ်စကားနှင့်ပြောရလျှင် ဘုရားသခင်ကမိမိရဲ့ကယ်တင်ခြင်းတရားကို ဦးအောင်ကြော်ငြာ ၀င်သွားခြင်းဖြစ်သည်။ အလင်း တည်းဟူသောကယ်တင် ခြင်းတရားသည် ခရစ်တော်သာလျှင်ဖြစ်ပါသည်။

၅။ကမ္ဘာဦးကျမ်း၊၁း၁-၃ပါအလင်းနှင့်ပတ်သက်၍ရှင်ယောဟန်ဖွင့်ပြချက်။
(ယော၊၁း၃-၅)တွင် “ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းခြင်းနှင့်ကင်းလွတ်သောအရာ တစ်စုံတစ်ခုမျှမရှိ။ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက်သည်လည်း အလင်းဖြစ်၏။ ထိုအသက်သည် လည်းလူတို့၏အလင်းဖြစ်၏။ ထိုအ လင်းသည်မှောင်မိုက်၌လင်း၍မှောင် မိုက်သည်မခံမယူ”။

၆။ခရစ်ယာန်များ၌ကိုယ်ပိုင်အလင်းမရှိ။
ကျွန်တော်တို့၌ ကိုယ်ပိုင်အလင်းမရှိ၊ ဇာတိအားဖြင့် အမှောင်သက်သက်သာဖြစ်ကြောင်း တမန်တော်ကြီးပေတရုကသင်တို့မူကား မှောင်မိုက်ထဲမှာ အံ့ဘွယ်သောအ လင်းတော်သို့ ခေါ်သွင်းခံရသူများဖြစ်ကြောင်း ကို(၁ပေ၊၂း၉)မှာသတိပေးထားပါသည်။

၇။အလင်းသည်ဘုရားရှင်ဖြစ်ကြောင်း။
အလင်းသည်ဘုရားရှင်သလျှင်ဖြစ်ကြောင်း ကျမ်ချက်အတော်များများတွင် ဖော်ပြထာပါသည်။ ဥပမာ-(ဆာလံ၊၂၇း၁။ ၃၆း၉။ ဟေရှာယ၊၂း၅)စည့်ကျမ်းချက်များဖြစ်ပါသည်။

၈။ဘုရားသခင်ကိုယုံကြည်သူများ။
ကျွန်တော်တို့သည် ကိုယ်ပိုင်အလင်းမရှိသော်လည်း ကိုယ်တော့်ထံပါးမှရသည့် အလင်းကို သူတစ်ပါးအ တွက်လင်းစေလိုပါသည်။ ဂျူးလူမျိုးတို့အား လူအမျိုးမျိုးလင်းစေဘို့ရန် ခန့်ထားကြောင်း ဟောရှာယ၊၄၂း၆တွင်တွေ့ရသော် လည်း ပညတ်တော်(၁၀)ပါး အပါအ၀င် ကျင့်စဉ် (၆၁၃)ပါးနှင့် အလုပ်ရှုပ်နေသောဂျူးဘာ သာရေးခေါင်းဆောင်များသည် ၄င်းတို့ရှေ့မှောက်သို့ရောက်နေသည့် အလင်းဖြစ်တော်မူသောသခင်ယေရှုကိုပင်ကားတိုင်ပေါ် အရောက်ပို့ခဲ့သည်ကိုမြင်တွေ့ရပါသည်။

၉။လောကထဲသို့ဝင်ခဲ့သောအလင်း။
ကမ္ဘာဦး၊၁း၁-၃ပါလောကထဲသို့ဝင်ခဲ့သောအလင်းသည် လူ့ဇာတိခံယူပြီး လူတို့အတွက်ကယ် တင်ခြင်းဆုကျေးဇူးကိုပေးခဲ့သော်လည်း လူများက အလင်းထက် မှောင်မိုက်ကိုသာ၍ နှစ်သက်ကြောင်း သခင်ယေရှုကသတိပေးထားပါသည်။ “အဖြစ်စီရင်ခြင်း” (Condemnation) ကိုခံရကြောင်းကား အလင်းသည် ဤလောကသို့ဝင်၍လူတို့သည် မကောင်းသောအကျင့်ကို ကျင့်သောကြောင့် အလင်းထက်မှောက်မိုင်ကိုသာ၍နှစ် သက်ကြ၏ဟု (ယော၊၃း၁၉)တွင် တွေ့ရှိနိုင်ပါသည်။

နိဂုံး။
သခင်ယေရှုခရစ်တော်ကို ယုံကြည်လက်ခံသူများသည် “အပြစ်စီရင်ခံ” (COndemnation) နှင့်ကင်းသူဖြစ်ပါ သည်။ ထို့ကြောင့် ကိုယ်တော်သည် “သင်တို့သည်ဤလောက၏ အလင်းဖြစ် သည်၊သူတစ်ပါးရှေ့၌သင်တို့အလင်းကိုလင်းစေကြလော့” ဟုမိန့်ထားပါသည်။ ကျွန်တော်တို့ ဘယ်လို လင်းမလဲ။လောကသို့ဝင်ခဲ့သည့် အလင်း(ကမ္ဘာ၊၁း၃)ဖြစ်သည့် ခရစ်တော်၏ သဘောထားတော်မြတ်အားကြည့်ပြီး လင်းဖို့ရန်ဖြစ်ပါသည်။ ခရစ်တော်သည် “ငါသည်နူးညံ့ သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။”(မဿဲ၊၁၁း၂၉)။ ကိုယ်တော်၏စိတ်သဘောတော်အတိုင်း နေထိုင်ကျင့်ကြံ့မည်ဆိုပါက ကျွန်ုပ်တို့သည်လည်း မှောင်မိုက်ဖုံလွှမ်းသော လောကကြီးအတွက် အလင်းဖြစ်ကြပြီဟုသိမှတ်ယူလျှက်  အလင်းလင်းရန်ဖေါ်ပြလိုက်ပါသည်။

Rev. ဦးသိန်းအောင်(မြင်းခြံ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...