● သေ ခြင်း ၏ အ ယူ ၀ါ ဒ (The Doctrine of Death) ...

ဖတ်ရန်၊-၁ကော၁၅။
“ညီအစ်ကိုတို့ မျှော်လင့်ခြင်းခရှိသော အခြားသူ တို့ သည် ၀မ်းနဲသကဲ့သို့ သင်တို့သည် ၀မ်းမနဲ မည့် ကြောင်း အိပ်ပျော်သော သူတို့၏အမှုအရာကို မသိစေ ခြင်းငှာ ငါတို့အလိုမရှိ”...
(၁သက်၊ ၄း ၁၃)

ခရစ် ယာန်အ သက်တာတွင် “အမြစ်မရှိဘဲ၊ အသီးမ ရှိ နိင်”ဟု Dr.Elton Trueblood ကပြော ပါ သည်။ ခရစ် ယာန် တို့၏မွှေးကြိုင်သော ပန်းရနံ့သ တင်း သည် လည်း၊ သမ္မာတရား အမြစ်များမရှိ ပဲ နှစ်သိမ့်မှု ကိုပေးနိုင် မည်မဟုတ်။ သမ္မာကျမ်းစာထဲတွင် သမ္မာတရားနှင့်ပြည့်ဝသော မှန်ကန်သည့် အယူဝါဒ အမြစ်များစွာရှိပါသည်။ ဆိုလိုသည်မှာ-ဘုရားသခင် ၏ အယူဝါဒ(doctrine)များမှာ၊ ကယ်တင်ခြင်း အယူ ၀ါဒ၊ ယုံကြည်ခြင်းအယူဝါဒ၊နှစ်ခြင်းမင်္ဂလာအ ယူဝါဒ၊ အလုပ်အကိုင်နှင့် ပတ်သက်သော အယူဝါဒနှင့် တခြားအယူ ၀ါဒများ လည်းရှိပါသည်။


“သေခြင်း၏အယူဝါဒ”လည်းတွေ့မြင်ရမည်ဖြစ်သည်။ ဤအယူဝါဒကိုတွေ့ရှိပြီး၊လက်ခံပါက ဘ၀မုန် တိုင်းကြား ထဲတွင်မိမိအသက်တာသည် မယိမ်းယိုင်ပဲ ခိုင်မြဲနေမည့်အပြင်အသီးသီးသော အသက်တာဖြစ် လာမည်။ သမ္မာကျမ်းစာထဲတွင်-သေခြင်း၏ အယူဝါဒများကိုတွေ့မြင်ရသလို (၁ကော၊၁၅)တွင် ထိုအယူ ၀ါဒကိုအထူးသဖြင့်တွေ့ရှိရမည်ဖြစ်သည်။

၁။သေခြင်းကိုရှောင်ကွင်း၍မရနိုင်ပါ(Death is inevitable)
“ယုမျက်မှောက်ပုပ်တတ်သောအရာသည်မပုပ်နိုင်သောအဖြစ်သို့ဝင်စားရမည်။ယခုမျက်မှောက်
သေတတ်သောအရာသည်မသေနိုင်သောအဖြစ်သို့ဝင်စားရမည်”(၁ကော၊၁၅း၅၃)။ လူတိုင်းတစ်နေ့တွင်
သောရမည်ဆိုသည်ကို ယုံကြည်ကြသော်လည်း နောက်တစ်ခါကျွန်ုပ်အလှည့်ပဲဆိုသည်ကို မည်သူမျှ
မယုံကြည်ကြပါ။လူ၏မွေးဖွားလာနှုန်းနှင့်သေဆုံးရနှုန်းအတူတူဟုပြောကြပါသည်။ (ဟေဗြဲ၊၉း၂၇)အရ
“လူသည်တစ်ခါတည်းသေ၍ ထိုနောက်မှတရားစီရင်တော်မူခြင်းကိုခံရသကဲ့သို့”ဟုဖေါ်ပြထားသော်လည်း
ဤအယူဝါဒကို ဆန့်ကျင်နိုင်သူတစ်ဦးတစ်ယောက်မျှမတွေ့ရပါ။

၂။သေခြင်းကိုရှင်းပြနိုင်စွမ်းမရှိပါ(Death is inexplicable)
“နက်နဲသောအရာတစ်ခုကိုငါပြဦးမည်” (၁ကော၊၁၅း၅၁) “နက်နဲသောအရာ”(Mystery)ဟုဆိုရာတွင်
သေဖူးသောသူများသာရှင်းပြနိုင်မည်ဖြစ်ပါသည်။ မသေဖူးသေးသောသူများအတွက်(လျှို့ဝှက်ထားသော
နားလည်ရန်ခက်ခဲ့သည့်အရာ)ဖြစ်ပါသည်။ ခရစ်တော်အထဲသို့ မိမိအသက်ဝိညာဉ်ကိုမြုပ်နှံထားသော
သူများအတွက် ထိုသေခြင်းသဘောကို သိမြင်ရန်အသစ်သောအသိတရားတစ်ခုဝင်လာမည်။ ရေးခဲ့သော
စာများ၊ သီဆိုခဲ့သောသီချင်းများနှင့် ဟောခဲ့သောတရာေးသနာများ၊များစွာရှိခဲ့ငြားသော်လည်း၊ သေခြင်း
သည်Mystery တစ်ခုဖြစ်ဆဲပင်။ထိုသေခြင်းကိုနားလည်ရန်နှင့်ရှင်းပြနိုင်ရန်မတတ်စွမ်းနိုင်ကြပါ။သေခြင်း
သဘောကိုလက်ခံခြင်းသည်စိတ်၏သက်သာခြင်းကိုရရှိရန်လမ်းတစ်လမ်းဖြစ်ပါသည်။

၃။သေခြင်းသည်ကြားကာလသာဖြစ်သည်(Death is intermediate)
“ငါတို့ရှိသမျှသည်အိပ်ပျော်ရကြမည်မဟုတ်၊ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ရောက်ရကြမည်”
(၁ကော၊၁၅း၅၁-၅၂)။သမ္မာကျမ်းစာက ယခုလက်ရှိဘ၀ထက်နောင်ဘ၀တွင်များစွာသောအရာများရှိမည်။
သေခြင်းသည်အဆုံးမဟုတ်ပါ။ထာဝရကာလသို့ဝင်စားရန်တံခါးပေါက်(entrance)သာဖြစ်သည်။
ခရီးအဆုံးမဟုတ်ပါ။တံခါးပေါက်တစ်ပေါက်သာဖြစ်သည်။ ယောဘက၊“လူသည်သေလျှင်အသက်ရှင်ပြန်
ပါလိမ့်မည့်လော။အကျွန်ုပ်ပြောင်းလဲချိန်မရောက်မှီ၊ပင်ပန်းစွာအမှုထမ်းရသောနေ့ရက်ကာလပတ်လုံး
သည်းခံလျက်နေပါမည်”(ယောဘ၊၁၄း၁၄)။

၎။သေခြင်းသည်ကြေကွဲ၊ပူဆွေးဝမ်းနည်းဖွယ်ဖြစ်နိုင်သည်။
“ငါတို့သည်ခရစ်တော်ကိုအမှီပြု၍ယခုဘ၀၌သာမြော်လင့်စရာရှိလျှင်၊အခြားသောသူအပေါင်းတို့ထက်
သာ၍ဆင်းရဲသောသူဖြစ်ကြ၏”(၁ကော၊၁၅း၁၉)။ကျွန်ုပ်တို့ အသက်ရှင်နေရသောကမ္ဘာသည်နေ့စဉ်
ကြေကွဲဝမ်းနည်းဖွယ်ရာအဖြစ်အပျက်များနှင့်ပြည့်နေပါသည်။သတင်းမီဒီယာများအားဖြင့်ဖေါ်ပြနေပါသည်။
သို့သော်အကြီးမားဆုံးပူဆွေးဝမ်းနည်းစရာအကြာင်းမှာ ဘုရားသခင်မပါဘဲထာဝရကာလသို့သွားခြင်းပင်
ဖြစ်သည်။အသေဆိုးဖြင့်သေဆုံရခြင်းသည်ကြေကွဲဝမ်းနည်းခြင်း၏လက္ခဏာတစ်ခုမဟုတ်ဘဲ၊အသေကောင်း
ဖြင့်သေရသော်လည်းမိမိဝိညာဉ်ရေးရာဘက်တွင်ပြင်ဆင်မှုမရှိခြင်းကကြေကွဲပူဆွေဝမ်းနည်းခြင်း၏
အထွဋ်အထိပ်ဖြစ်ပါသည်။

၅။သေခြင်းကိုအောင်ပွဲခံနိုင်ပါသည်(Death can be triumphant)

“ငါတို့သခင်ယေရှုခရစ်အားဖြင့်ငါတို့အားအောင်မြင်အခွင့်ကိုပေးတော်မူသော၊ဘုရားသခင်၏ကျေးဇူးတော်
သည်ကြီးလှစွာတကား”(၁ကော၊၁၅း၅၇)။ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအလင်းရောင်အလုံးစုံသည်
ကျွန်ုပ်တို့အတွက်ဖြစ်ပေပြီ။သူသည်သေခြင်းကိုအောင်မြင်ခဲ့သကဲ့သို့ ကျွန်ုပ်တို့သည်လည်းသေခြင်းကို
အောင်ပွဲခံနိုင်ခွင့်ရရှိပါပြီ။နေထွက်လာခါစပုံစံနှင့်နေ၀င်သွားခါစပုံစံတို့ကိုခွဲခြားရန်အလွန်ခက်ခဲမည်ဖြစ်သည်။
မယုံကြည်သူများအတွက်သေခြင်းသည်နေ၀င်ခြင်းဖြစ်ပြီး၊ယုံကြည်သူအတွက်မှာမူနေထွက်ခြင်းဖြစ်ပါသည်။

နိဂုံး။
သေခြင်းအပေါ်ကျွန်ုပ်တို့၏အောင်မြင်ခြင်းသည်ကြောက်လန့်ဖွယ်ရာများ၊စိုးရိမ်ကြောင့်ကြဖွယ်ရာများနှင့်
စိတ်ကြေကွဲဖွယ်ရာများရှိမည်ဖြစ်သော်လည်း၊ထိုအရာအားလုံးသည်ယေရှုခရစ်တော်အထဲ၌သာဖြစ်ပါသည်။

သိက္ခတော်ရဒေါက်တာအော်နယ်ညို

မြန်မာ့တမန်မဂ္ဂဇင်း၊ အတွဲ(၅၁)၊ အမှတ်(၄)၊ နိုဝင်ဘာလ၊ ၂၀၁၃။ “သေခြင်း၏အယူဝါဒ (The Doctrine of Death)း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...