● ခ ရစ် ယာန် အိမ် ထောင် ဟူ သည် မှာ ...

ခရစ်ယာန်အိမ်ထောင်သည်၊ သမ္မာကျမ်း စာမှဖေါ်ပြ ထားသော ဥပဒေသများ အပေါ်တည်ဆောက် ထားသော အိမ်ထောင်ဖြစ်ရုံ သာမကပဲ၊ အိမ်ထောင် တွင်ရှိသော မိသားစုတစ်ဦးစီ တိုင်းသည် လည်း မိမိ တို့အ သီးသီး ထမ်း ဆောင် ရမည့်အခန်း ကဏ္ဍ အသီးသီးကိုလည်း နားလည်သဘောပေါက်ရုံသာမက၊ ပြီးပြည့်စုံအောင် လိုက်လျှောက် အသက်ရှင်ကြ ရပါသည်။
ခရစ်ယာန် အိမ်ထောင်သည် လူ့သဘော၊ လူ့အကြံ အစည်ဖြင့်design ဆွဲပြီးတည်ဆောက်ထားသော အဖွဲ့အစည်း၊ အိမ်ထောင်မဟုတ်ပါ။ ဘုရားသခင် အားဖြင့်ဖြစ်ပေါ်လာသောအဖွဲ့အစည်း၊သို့တည်းမဟုတ် အိမ်ထောင်သာဖြစ်ပြီး၊ ဘုရားသခင်၏ နည်းဥပဒေသ တို့နှင့်အညီ တာဝန်ယူရ၊ အစေခံကြရမည်ဖြစ်သည်။ 
သမ္မာကျမ်းစာအရ- အိမ်ထောင်၏ဖွဲ့စည်းပုံမှာ- အမျိုးသားတစ်ဦး၊အမျိုးသမီးတစ်ဦးစီတို့၏အသီးသီးပါဝင်မှု များစုစည်းထားခြင်းဖြစ်ရုံမျှမကပဲ၊ လက်ထပ်ထိမ်းမြှားခြင်း(သို့) သွေးသားတော်စပ်ခြင်းများအထိပါဝင်ပါ သည်(ဥပ မာ-အဘေး၊ အဘိုး၊ မိဘ၊ သားသမီးမှအစ မြေး၊ မြစ၊် တ၊ီ တွတ်အထိပါဝင်ပါသည်။
(ထို့ကြောင့် ခရစ်ယာန်အိမ် ထောင်သည်၊ အိမ်ထောင်ရှိသောသူများပါဝင်သလို၊ အိမ်ထောင်မပြုရသေး
သောလူပျိုကြီး၊အပျိုကြီးများအားလုံးလည်းပါဝင်သည်ဟုခံယူစေလိုပါသည်။) ခရစ်ယာန်အိမ်ထောင်၏ အခြေခံကျသော ဥပဒေတစ်ခုမှာယင်းအိမ်ထောင်တွင် ပါဝင်လျှက်ရှိသောလူတစ်ဦးစီတိုင်း၏ အသက်တာလှုပ်ရှားမှုတိုင်းသည် ဘုရားသခင်ပေးအပ်ထားသော ဥပဒေသများကို သစ္စာရှိစွာဝန်ခံလိုက် 
လျှေက်အသက်ရှင်ခြင်းပင်ဖြစ်ပါသည်။
အထူးသဖြင့် ခင်းပွန်း နှင့်ဇနီးသည် ထိုဥပဒေသများကိုအတူ လက်တွဲ လုပ်ဆောင်ရမည်ဖြစ်သည်။ ယခုအချိန်တွင်အနောက်တိုင်းနိုင်ငံ များတွင် လင်မယားချင်းကွာရှင်းများခြင်းသည် အလွန်လွယ်ကူပြီး ယဉ်ကျေးမှုတစ်ခုကဲ့သို့ကျင့်သုံးလာနေပြီ ဖြစ်ကြောင်းမြင် ကြားသိကြပေမည်။ 
ယင်းသို့ကွာရှင်းခြင်းကို ဘုရားသခင်မုန်းတော်မူကြောင်း သမ္မာကျမ်းစာမှ ဖေါ်ပြထားပါသည် (မာလခိ၊၂း၁၆)“မယားကိုစွန့်ပစ်ခြင်းအမှု၊ မိမိခင်ပွန်း၌ပြစ်မှားသောအပြစ်ကို ဖုန်းအုပ်ခြင်းအမှုကိုငါမုန်း သည်ဟု၊ သရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။ ထို့ ကြောင့်၊ ကိုယ်စိတ်သဘောကို ချူပ်တည်းကြလော့။ သစ္စာကိုမဖျက်ကြနှင့်”။
(ဧဖက်၊၅း၂၂-၂၆)သည် ခရစ်ယာန်အိမ်ထောင်မှ ခင်ပွန်းများ၊ ဇနီးများတို့အတွက် မည်သို့အသက်ရှင်လျှောက် လှမ်းရမည်ကို လမ်းညွှန်ထားပါသည်။ “အချင်းမိန်းမတို့၊ သခင်ဘုရား၏ အုပ်စိုးတော်မူခြင်းကို ၀န်ခံသကဲ့သို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကိုဝန်ခံကြလော့။ အကြောင်းမူကား၊ ခရစ်တော်သည်အသင်းတော်၏အပေါ်မှာခေါင်း ဖြစ်တော်မူသကဲ့သို့၊ ယောကျာ်းသည် မိမိခင်ပွန်း၏ အပေါ်မှာခေါင်းဖြစ်၏။ ခရစ်တော်သည်လည်းမိမိကိုယ်ကို ကယ်တင်သောသူဖြစ်တော်မူ၏။ အသင်း 
တော်သည်ခရစ်တော်၏အုပ်စိုးတော်မူခြင်းကို ၀န်ခံသကဲ့သို့၊ မိန်းမတို့ လည်းကိုယ့်ခင်ပွန်း၏ အုပ်စိုးခြင်း ကိုအရာရာ၌၀န်ခံကြမည်။ အချင်းယောကျာ်းတို့၊ ခရစ်တော်သည် အသင်းတော်ကိုချစ်တော်မူသကဲ့သို့၊ သင်တို့လည်းကိုယ့်ခင်ပွန်းကိုချစ်ကြလော့။” 
ဤကျမ်းစကားတွင်- ယောကျာ်းတို့အနေဖြင့် ခရစ်တော်သည်မိမိအသွေးဖြင့်ဝယ်ယူပြီးတည်ဆောက် ထား သောအသင်းတော်အား ချစ်သကဲ့သို့ မိမိတို့၏ဇနီးသည်များအားချစ်မြတ်နိုးရန်၊(ဦးခေါင်းသည် ဘယ်သောအခါမျှမိမိ၏ကိုယ်ခန္ဓာဒုက္ခ ရောက်စေရန်စဉ်းစားမည်မဟုတ်ပါ) ဇနီးများအနေဖြင့်လည်း မိမိတို့ယောကျာ်းများ အိမ်ထောင်အတွက်ဦး ဆောင်ပေးနေမှုများကို လိုလားစွာဝန်ခံရန်၊ ရိုသေရန် (ဟန်ဆောင်သောဝန်ခံခြင်း၊ ဟန်ဆောင်သော ရိုသေခြင်း မျိုးကိုမဆိုလိုပါ။ အမှန်တကယ်ပင် မိမိခင်ပွန်း အားချစ်သော၊ လေးစားစိတ်သဘောကို ဆိုလိုပါသည်) နှင့် ယောကျာ်းများကလည်း အိမ်ထောင်ကို ဦးဆောင်ရာတွင် သမ္မာကျမ်းစာနှင့်အညီ လိုက်လျှောက်ခံယူဦး ဆောင်ရန်ဖြစ်သည်။

ခရစ်ယာန် အိမ်ထောင် တိုင်း၌ရှိသော မိသားစုတစ်ဦးစီတိုင်းအတွက် ပထမဦးဆုံးသောလိုအပ်ချက်မှာ- မိသားစု ၀င်အားလုံးတစ်ယောက်မကျန်ခရစ်ယာန်ဖြစ်ရန်ဖြစ်ပါသည်။ သို့မှသာ- မိသားစုအတွင်းဆက် ဆံရေးတွင် ခရစ်တော်ကိုဗဟိုပြုနိုင်ပြီး၊ မိမိတို့၏အရှင်သခင်၏ ဥပဒေသအတိုင်း ဟန်ချက်ညီညီခရီး ဆက်နိုင်ပါလိမ့်မည်။ ဖခင် သည်မိမိ၏သားသမီးများကို နှုတ်ကပတ်တော်နှင့်အညီ သင်ကြားခြင်း၊ လမ်းညွှန်ခြင်းများကိုပြုလုပ်ရပါမည်။

(ဧဖက်၊၆း၎)“အဖတို့ ကိုယ်သားသမီးကိုစိတ်ဆိုးစေခြင်းငှာမပြုကြနှင့်၊ သခင်ဘုရား၏အလိုတော်နှင့် ညီသော ဆုံးမသွန်သင်ခြင်းကိုပြုလျှက်၊ ကျွေးမွေးကြလော့။ မိသားစုတစ်စု၏ဖခင်တစ်ဦးအနေဖြင့် မိမိမိသားစုကို ပံ့ပိုးခြင်း၊ ပြုစုပျိုးထောင်ခြင်းကိုပြုလုပ်ရပါမည်။

မိမိမိသားစုအား လစ်လျူရှုသောဖခင်သည် ယုံကြည်ခြင်းလွှဲမှား သူ ဖြစ်ရုံမျှမက၊ခရစ်တော်အား မယုံကြည်သောသူထက်ပင် ယုတ်မာသောသူ ဖြစ် သည်ဟု”(၁တိမောသေ၊၅း၈) တွင်“မိမိလူတို့ကိုမပြုစု၊ ထိုမျှမကမိမိ အိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား ယုံကြည်ခြင်းတရား ကိုငြင်းပယ်၏။ မယုံကြည်ဘူးသောသူ ထက်သာ၍ယုတ်မာ၏” ထို့ကြောင့် မိမိမိသားစုအား ရှာဖွေပြုစုနိုင်သည့် စွမ်းအားမရှိသောဖခင်(ခင်ပွန်း)အနေဖြင့် မိမိကိုယ်ကို “ငါဟာခရစ်ယာန်တစ်ဦးဖြစ်တယ်”ဟု ခေါ်ဆို၍ မရနိုင်ပါ။

(ဤဆိုလိုချက်သည် အမျိုးသမီးများအနေဖြင့် မိမိအိမ်ထောင်အား တာဝန်မယူနိုင်ဟု ဆိုလိုခြင်းမဟုတ်ပါ၊ ခင်ပွန်းသည်ဆုံးပါးသွားခြင်းကြောင့် မိမိအိမ်ထောင်ကိုမိမိကိုယ်တိုင် တာဝန်ကျေပြွန်စွာပြုစုပျိုးထောင် 
နေသော မိခင်များ(ဇနီးသည်များ) ခရစ်ယာန်အသိုင်းအ၀န်းတွင်သာမက လူ့အဖွဲ့အစည်းထဲတွင်ထုနဲ့ဒေး ပင်ဖြစ်ပါသည်)။
(သုတ္တံကျမ်း၊၃၁)တွင် မိမိခင်ပွန်းဦးဆောင်မှုကိုအလိုမရှိပဲ ခင်ပွန်းအားကိုဂရုမစိုက်၊ မိမိထင်ပေါ် 
ကြော်ကြား အောင်အစွမ်းပြလိုသော၊ မိမိခင်းပွန်းဂုဏ် သိမ်ငယ်စေရန် အသရေပျက်စေရန်ရည်ရွယ် ချက်ဖြင့် ခင်ပွန်းအရာကို လုယူလိုသောမိန်းမ(ဇနီး)များအား ယုတ်သောမိန်းမဟုဖေါ်ပြထားပါသည်။ 
ဆိုလိုရင်းမှာ- မိသားစုအားအဓိက တာဝန်ယူရမည့်သူသည်-ခင်ပွန်းသည်သာဖြစ်ပြီး၊ ဒုတိယတာဝန်ရှိသူမှာ ဇနီးသည်(မိခင်)သာပင်ဖြစ်ပါသည်။ မိန်းမ(ဇနီးသည်)သည် ခင်ပွန်းသည်၏လိုအပ်ချက်အတွက်အထောက် အမပြုရန် ဘုရားသခင်ဖန်ဆင်းပေးခြင်း ဖြစ်ပါသည်(ကမ္ဘာဦးကျမ်း၊၂း၁၈-၂၀)။ 
(အထောက်အမဟုဆိုရာတွင်- စက်ရုပ်တစ်ရုပ်ကဲ့သို့၊ ကူဖေါ်လောင်ဖက် သက်သက်ဟုမဆိုလိုပါ) အိမ်ထောင်အားဦးဆောင်ရှာဖွေ၊ ကျွေးမွေး၊ ပြုစု၊ ကာကွယ်ပြီးတာဝန်ယူနေရသော ခင်ပွန်းသည်နှင့်အတူ ဟန်ချက်ညီညီလက်တွဲပြီး အိမ်ထောင်ကိုဘုရားသခင်၏အလိုတော်နှင့်အညီဦးဆောင်မှုပေးနိုင်ရန်ဖေးမ ကူညီပံ့ပိုး ခြင်းကိုဆိုလိုပါသည်။) 
ခင်ပွန်းနှင့်ဇနီးသည် တစ်ဦးနှင့်တစ်ဦး သက်ဆုံးတိုင်သစ္စာရှိရ ပါမည်။ယခုခေတ်တွင်ကွာရှင်းခြင်း၊ 
ဖေါက်ပြန်ခြင်း၊ လက်မထပ်ပဲ အတူပေါင်းသင်းနေထိုင်ခြင်း၊ လိင်တူလက် ထပ်ပေါင်းသင်းနေထိုင်ခြင်းတို့ သည်ဘုရားသခင်ရှေ့တော်မှောက်၌ လက်ခံနိုင်သောအရာများဖြစ်သည်ဟူသော ယဉ်ကျေးမှုခံယူချက် များကိုလုံးဝလုံးဝလက်ခံစဉ်းစားရန်မလိုအပ်ပါ။
သမ္မာကျမ်းစာမှ လိင် ပိုင်းဆိုင်ရာ ဖေါ်ပြချက်မှာ- အပြန်အလှန်ချစ်မြတ်နိုးမှု၊ တစ်ဦးနှင့်တစ်ဦးအပြန်အလှန် သစ္စာရှိမှုပင်ဖြစ်ပါသည်။ ဘုရားသခင် ရှေ့တော်မှောက်၌ ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ တန်ဖိုးခြင်းတူညီ စွာ ဘုရားသခင်၏ပုံသဏ္ဍာန်တော်နှင့်အညီ ဖန်းဆင်းထားသောသူများဖြစ်ရုံသာမက၊ ဘုရားသခင်ကိုယ် တိုင်လိုလား၊ နှစ်သက်စွာဖန်ခြင်းထားသောသူများ လည်းဖြစ်ကြပါသည်။
ထို့ကြောင့် ဘုရားသခင်ရှေ့မှောက်တွင် ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေတန်ဘိုးထားခြင်းအတူတူပင်ဖြစ်ပါ သည်။ သို့ရာတွင် ယောကျာ်းနှင့် မိန်းမတို့သည် မိမိတို့လိင်ခြားနားချက်အပေါ် ဆောင်ရွက်ရသည့်အခန်း ကဏ္ဍများမတူညီကြပေ။
မိန်းမတို့အနေဖြင့် ပျိုးထောင်ခြင်း၊ သားသမီးများအားပြုစုစောင့်ရှောက် ခြင်းများတွင် ကျွမ်းကျင်သကဲ့ သို့ ယောကျာ်းသားများအနေဖြင့် အိမ်ထောင်ကို ရှာဖွေကျွေးမွေးခြင်း၊ ကာကွယ် စောင့်ရှောက်ခြင်းများ၌ ကျွမ်းကျင်ကြပါသည်။
ထို့ကြောင့် မိန်းမနှင့်ယောကျာ်းတို့သည်အဆင့်အတန်းအရ (Status) အတူတူပင်ဖြစ်ကြပါသည်။ သို့ရာတွင် အိမ်ထောင်အတွက် တာဝန်ယူရသောအခန်းကဏ္ဍမတူညီကြ ပေ။ သားသမီးများသည်လည်း အိမ်ထောင် တစ်ခုအတွက် တာဝန်ယူရသည့် အခြခံကြသောသူများဖြစ်ကြပါ သည်။ မိမိတို့ မိဘများအပေါ် ရိုသေလေး စားသူများ၊ နာခံလိုက်လျောက်သူများဖြစ်ကြရပါမည်။
(ဧဖက်၊၆း၁-၃) တွင်-“သားသမီးတို့၊ သခင်ဘုရား၏အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။ မိဘစကားကိုနား ထောင်ခြင်းအမှုသည် တရားသောအမှုဖြစ်၏။ မိဘကိုရိုသေစွာပြုလော့။ ဤပညတ်တော်ကား၊ သင်သည်ပြည် တော်၌ကောင်းစား၍ အသက်တာရှည်မည်အကြောင်းဟူ၍ ဂတိတော်နှင့်ဆိုင်သောပဌမပညတ်ဖြစ်၏။”
အထက်ဖေါ်ပြခဲ့သည့်အတိုင်း ခင်ပွန်းဖြစ်စေ၊ ဇနီးဖြစ်စေ၊ သားသမီးဖြစ်စေ အိမ်ထောင်တွင်း၌ပါဝင်လျှက် ရှိသောသူများအားလုံး မိမိတို့အားဘုရားသခင်ပေးအပ်ထားတော်မူသော ဥပဒေသများနှင့်အညီ၊ အသက်ရှင်ကြပါကကောင်းမြတ်သောခရစ်ယာန်အိမ်ထောင်ဖြစ်ရုံမှမက ဟန်ချက်ညီသောအိမ်ထောင်၊ ငြိမ်းချမ်းမှုအပေါင်းနှင့် ပြည့်ဝသောအိမ်ထောင်၊ ခရစ်တော်၏ဘုန်းတော်မြတ်ကိုထင်ဟတ်စေသော အိမ်ထောင်အဖြစ် လောကအလည် တင့်တယ်စွာရပ်တည်နိုင်မည်ဖြစ်ပါသည်။ သို့ရာတွင် ခရစ်တော်အား အိမ်ထောင်၏အရှင်သခင်အဖြစ်လက်မခံ ခြင်း၊ ခရစ်တော်ပေးသော ဥပဒေသနှင့် ချစ်ချင်းမေတ္တာကို အခြေမခံပါက ရှုံးနှိမ့်သောအိမ်ထောင်အဖြစ်သာသင် ရရှိပါလိမ့်မည်၊ ထို့အတူ ခရစ်ယာန်အိမ်ထောင် အဖြစ်လည်းရပ်တည်နိုင်လိမ့်မည်မဟုတ်ပါ။
“ခရစ်ယာန်အိမ်ထောင်အဖြစ်ရပ်တည်နိုင်ကြပါစေ”
JESUS is the LORD of the house
Husband is the HEAD of the house
Wife is the HEART of the house
Sons and Daughters are FRUITS of the house
ဝိညာဉ်မီးအိမ်(ခရစ်ယာန်စာပေစုစည်းမှု)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...