● မြတ် သော သား ဦး အ ရာ ...

မြန်မာစကားတွင် “အစ်ကိုကြီးတော့ အဖရာ ”ဆို သည့် စကားသည်၊ သားဦးအရိုက်အရာ၏ အရေး ကြီး ပုံကိုထောက်ပြနေကြောင်း ခံစားမိပါသည်။ ထို့ နည်းတူအခြား အခြားသောလူမျိုးများ တို့၏ရိုးရာ၊ ယဉ်ကျေး မှုများတွင်လည်းတွေ့ နိုင်ပါလိမ့်မည်။ ထို့အတူသားဦးဖြစ်သူသည် အခွင့်အရေး၊ ရပိုင် ခွင့်နှင့် ရိုသေသမှုပြုခြင်း အစရှိသဖြင့် အခွင့်ထူးများ ခံစားရသ ကဲ့သို့ စောင့်ထိန်းရ မည့်တာဝန်များ လည်း ရှိနေကြောင်းတွေ့မြင်ရပါလိမ့်မည်။ မည် သို့ပင် ဆိုစေ သားဦးဖြစ် ရခြင်း သည် အလို အလျှောက်၊ သူ့ဖာ သာသူ သို့တည်းမဟုတ် လူကလုပ်ယူဖန်တီး၍ရသော အရိုက်အရာတော့မဟုတ်ကြောင်း၊ သေချာပါသည်။ဥပမာ၊-အိမ်ထောင် မိသား စု တစ်စုတွင် သင်သည်သားဦးဖြစ်လာရန် သင့်မိဘလည်း လုပ်ယူ၍မရသလို၊ သူ့ဖာသာသူလည်းဖြစ် လာ သည်ဟုဆို၍မရနိုင်ပေ။ သားဦးအရိုက်အရာကို ပေးသူမှာ-ဘုရားသခင်တစ်ပါးတည်း သာဖြစ်ပေသည်။ ထို့ကြောင့် တန်ဖိုးမဖြတ်နိုင်သောသားအဦးအရာကို တနပ်စားဟင်းတစ်ခွက်ဖြင့်လဲလှယ်ခဲ့သော၊ အလွန်သုံး
မရသည့်၊ အတုမယူအပ်သောအစ်ကိုဖြစ်သူ ဧသောအကြောင်းကို ဆင်ခြင်လေ့လာကြပါစို့။ (ကမ္ဘာဦးကျမ်း၊၂၅း၂၉-၃၄)တွင် တစ်နေကုန်တစ်နေခမ်း အမဲလိုက်ရာမှပင်ပန်းနွမ်းနယ်စွာအိမ်သို့ပြန်လာ သည့်အစ်ကိုဖြစ်သူဧသောသည် မွေးကြိုင်လှသည့်ဟင်းနံ့ကို ခံစားမိရာဝမ်းဗိုက်၏တောင်းဆိုမှုကိုချုပ်တည်း
နိုင်စွမ်းမဲ့ကာ မိမိ၏ဘုရားပေးသားဦးအရာကို ဟင်းတစ်ခွက်နှင့်အလဲအလှယ်ပြုလုပ်ခဲ့ကြောင်း ခရစ်ယာန် တိုင်းသိပါလိမ့်မည်။ထို့ကြောင့် သမ္မာကျမ်းစာက ဧသောအား သားဦးအရာကို မထီမဲ့မြင်ပြုသောသူဟုခေါ်ဆို ထားသည်ကိုမြင်တွေနိုင်ပါသည်။

(ရှင်မဿဲခရစ်ဝင်ကျမ်း၊၄း၁-၄)တွင် ဘုရားသခင်စေခိုင်းတော်မူချက်များအား ဆောင်ရွက်ရန်လူဇာတိကို ခံယူတော်မူသောယေရှုခရစ်တော်သည် နှစ်ခြင်းမင်္ဂလာကိုခံယူပြီးသည့်နောက် ရက်ပေါင်း(၄၀)အစာရှောင်
နေစဉ် အလွန်ဆာလောင်မွတ်သိပ်မှုကို အခွင့်ကောင်းယူကာ အစားအစာအားဖြင့် စာတန်၏သွေးဆောင်
ဖြားယောင်းခြင်းကိုရင်ဆိုင်ခဲ့ရကြောင်းခရစ်ယာန်တိုင်းသိပါလိမ့်မည်။

ခရစ်တော်ယေရှုဘုရားမည်သို့တုန့်ပြန်ခဲ့ပါသနည်း။“လူသည်မုန့်အားဖြင့်သာအသက်ကိုမွေးရသည်မဟုတ်၊
ဘုရားသခင်မိန့်တော်မူသမျှအားဖြင့်သာအသက်ကိုမွေးရမည်ကျမ်းစာလာသည်”ဟုတုန့်ပြန်ပြီးမိမိ၏သား ဦးအရိုက်အရာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့ကြောင်း မြင်တွေ့ကြပါလိမ့်မည်။

နှိုင်းယှဉ်ကြည့်လျှင် ဧသောအခြေအနေသည် မနက်ပိုင်း(သို့မဟုတ်)တစ်ရက်လောက်သာ ဆာလောင်မှုကို ခံစားခဲ့ရသူဖြစ် သော်လည်း မိမိအတွင်း(စိတ်၏တောင်းဆိုမှု၊ ခန္ဒာ၏ဆာလောင်မှု)ဒဏ်တို့ကိုခံနိုင်ရည် မရှိတော့ပဲ ဖြစ်ချင်ရာဖြစ် ဗိုက်ပြည့်ဖို့ကအရေးကြီးတယ်၊ သားဦးအရာဟာဒါတွေလောက် အသုံးမတဲ့ဘူးဟု ခံယူကာ သားဦးအရာကို အဆုံးအရှုံးခံခဲ့သူဖြစ်ပါသည်။ ခရစ်တော်ယေရှုခမျာမှာ-ရက်ပေါင်းများစွာအစာ
ရှောင်ခဲ့ ရသော်လည်းစာတန်၏ သွေးဆောင်ဖျားယောင်းဖျက်စီးမှု ကိုအောင်နိုင်ခဲ့ကြောင်းမြင်တွေကြ ပါလိမ့်မည်။

ထို့ကြောင့်ဤအဖြစ်(၂)ခုမှသင်ခန်းစာယူရန်မှာ- ကျွန်ုပ်တို့သည်  ခရစ်တော်ဘုရားခွဲခန့်စီမံထားသည့် မြန်မာပြည်အတွက် ခရစ်တော်အားယုံကြည်သည့်သား ဦးများဖြစ်သည့်အတိုင်း
  • မိမိ၏သားဦးအရိုက်အရာကိုတန်ဖိုးထား၊ထိန်းသိမ်းစောင့်ရှောက်ကြရန်။
  • စိတ်အတွင်းခံစားချက်ကိုအလိုမလိုက်ပဲ မိမိ၏သားဦးအရိုက်အရာကိုထိန်းသိမ်းရန်။
  • ခန္ဓာ၏တောင်းဆိုမှုကိုဦးစားမပေးပဲ၊ အစဉ်တစိုက်ခရစ်တော်ဘုရားနှင့်သစ္စာရှိစွာအသက်ရှင်ရန်။
  • ရုပ်ဝတ္ထုကိုတတ်မက်မောခြင်းကိုဖယ်ရှားပြီး သားဦးအရာကိုထိမ်းသိမ်းတတ်ရန်အရေးကြီးလှကြောင်း သင်ခန်းစာရှိပါသည်။
ထို့ကြောင့်၊ ဘယ်အချိန်မျိုး၊ ဘယ်အခြေအနေမျိုးကိုပဲရင်ဆိုင်ရရင်ဆိုင်ရ ဘုရားသခင့်အလိုတော်အတိုင်း
အသက်ရှင်ပြီး  မြန်မာပြည်ရှိခရစ်ယာန်တိုင်းမိမိတို့၏သားဦးအရာကိုထိန်းသိမ်းခြင်း၊တာဝန်များကို
ကျေပြွန်စွာထမ်းဆောင်ခြင်းအားဖြင့်ဘုရားသခင့်ဘုန်းတော်မြတ်ကိုထင်ရှားကြပါစို့.............
ဝိညာဉ်မီးအိမ်(ခရစ်ယာန်စာပေစုစည်းမှု)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...