● ခွင့် လွတ် ခြင်း (The Forgiveness)

နိဒါန်း................
ခွင့်လွတ်ခြင်း (forgiveness) ဆိုတာ လူတိုင်း ရှာဖွေ သင့်တဲ့၊ ရှိသင့်တဲ့၊ တောင့်တ သင့်တဲ့ ပါရမီ(virtue) တစ်ပါးဖြစ် ပါတယ်။ ဒေါသ(anger)ကို သိုမှီးထားခြင်း ဟာ ကိုယ်ခန္ဓာရဲ့ ကျန်းမာ ရေး အတွက် အန္တရယ်ရှိ ရုံမျှမက စိတ်ကိုပါ ထိခိုက်နာ ကျင် စေပါတယ်။ တစ်စုံတစ် ယောက်သော သူကို ကျွန်ုပ်တို့ဟာ ခွင့်မလွှတ်ဘူး ဆိုရင်၊ သူ့ရဲ့အပြစ်ကိုချည် နှောင် ထားခဲ့မယ် ဆိုရင် ဒါဟာတစ်ဖက်လူကို ထိခိုက်နာကျင် စေတာမဟုတ်ဘဲ အဆိပ်ကိုကိုယ့်အထဲ မှာသိမ်းထား သလိုဖြစ်ပြီး ကိုယ့်ကိုယ် ကိုယ်သာနာ ကျင်စေခြင်းဖြစ် ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကျွန် မတို့ဟာ တစ်စုံတစ်ယောက် သောသူကို ခွင့်လွှတ် မယ်ဆိုရင် မြွေကိုက် ဒဏ်ရာက အဆိပ် တွေကိုဖေါက် ထုတ် လိုက်ပစ်သလိုမျိုး၊ ဝေဒနာ ကင်းပြီး၊ ပေါ့ပါးလန်း ဆန်းမှုကို ခံစားရ ပါလိမ့်မယ်။

ခွင့်လွှတ်ခြင်းဆိုတာ...........


ခွင့်လွှတ်ခြင်းရဲ့ အဓိပ္ပါယ်ဆိုတာ ကိုယ့်အပေါ် အပြစ်ကျူးလွန်တဲ့ သူအပေါ်ထားတဲ့ မကျေမချမ်းမှု၊ ဒေါသ၊ အမုန်း၊ မကြိုက်၊မနှစ်သက်တာ၊ ဆန့်ကျင် အတိုက်အခံပြုမှု တွေကိုရပ်စဲခြင်း (ceasing) လိုက်ခြင်းပဲ ဖြစ်ပါတယ်။ ခွင်လွှတ်ခြင်းဆိုတာ အပြစ်လွန်ကျူးသူကို ခွင့်လွှတ်၊ ချမ်းသာပေးခြင်း၊ လွတ်ငြိမ်း ချမ်းသာ ခွင့်ပေးးလိုက်ခြင်း၊ (သို့)အပြစ်တွေကို ကင်းလွတ်ခွင့်ပေး/ လျှော်ပစ် လိုက်ခြင်း ဖြစ်ပါတယ်။ ဒါဟာ ဘုရားသခင်နဲ့ (သို့) အခြားသူများနဲ့ မိမိရဲ့ ကောင်းမွန်တဲ့ ဆက်သွယ်/ ဆက်ဆံရေးကို ပြန်လည် ထိန်းသိမ်း လိုက်ခြင်း၊ နဂိုအတိုင်း ပြန်ဖြစ်လာ စေခြင်းပဲဖြစ် ပါတယ်။ ခွင့်လွှတ်ခြင်း ဆိုတာ တစ်ဖက်နဲ့တစ်ဖက် ယခင်ကရှိနေတဲ့ ဆက်ဆံရေး အခြေအနေမျိုးကို နဂိုအတိုင်း ပြန် လည်ရောက်ရှိ စေခြင်းဖြစ် ပါတယ်။



ခွင့်လွှတ်ခြင်းဆိုင်ရာကျမ်းသဘောအမြင်...............


သမ္မာကျမ်းစာ အရကတော့ ခွင့်လွှတ်ခြင်းကို မူလအစ ပထမပြုသူက ထာဝရဘုရား သခင် ပဲဖြစ်ပါတယ်။ သူ့ရဲ့မျက် မှောက်တော်က နေလူသားတွေကို ကွဲကွာသွားစေတဲ့ အနှောက် အယှက်၊ အတား အဆီးများ ကိုထာဝရဘုရား သခင်ကိုယ် တော်တိုင်ဖယ် ရှားပစ်ပြီး၊ ပြန်လည် သင့်မြတ်ခြင်းနဲ့ မိတ်သဟာ ယဖွဲ့ခြင်းပြုနိုင် ဖို့လမ်းဖွင့်ပေးခဲ့ သူဟာ(သို့) ခွင့်လွှတ်ခြင်း ပြုခဲ့သူဟာ ဘုရားသခင် ပဲဖြစ်ပါတယ်။ ဒုတိယ ကတော့..... လူလူချင်းခွင့် လွှတ်ခြင်းဖြစ်ပြီး ဒါကိုတော့ အထူးသဖြင့် ယေရှုခရစ် တော်ရဲ့သွန် သင်ခြင်းမှာထင်ရှားစွာ တွေ့နိုင်ပါတယ်။ ခွင့်လွှတ်ခြင်း (forgiveness) ဆိုတဲ့စကားလုံးဟာ ဂရိစကားအားဖြင့် aphesis လို့ဖြစ်ပြီး ဒီစကားလုံးရဲ့အခြေခံ သဘောတရား ကတော့ လွှတ်လိုက်တယ်၊ လွတ်ငြိမ်း စေတယ် (release) ဆိုတဲ့ အဓိပ္ပါယ် ရှိပါတယ်။ အပြစ်မှ၊ ပြစ်ဒဏ်ပေးခြင်းမှ လျှော်ပစ် လိုက်ခြင်း(သို့) လွတ်ငြိမ်း ခွင့် ပေးလိုက်ခြင်းလို့ အဓိပ္ပါယ် ရပါတယ်။ (ဟေဗြဲ၊၉း၂၂နဲ့ ၁၀း၁၈) တို့ကို ဖတ်ကြည့်ရင် အသွေးအားဖြင့် စင်ကြယ် စေတယ်၊ အသွေးမသွန်ရင် အပြစ်မလွတ် ဘူးဆိုတာ တွေ့ရပြီး၊ အပြစ် လွှတ်ပြီးရင် ထပ်ပြီး ပူဇော်စရာ မလိုတော့ဘူး၊ ဘုရားဟာ လွန်ကျူး ခဲ့တဲ့အပြစ် တွေကို မအောက်မေ့ဘဲနေမယ်၊ စသည်အားဖြင့် တွေ့ရပါတယ်။ ခွင့်လွှတ်ခြင်းဆိုတဲ့ သဘောတရားကို သမ္မကျမ်း စာမှာအဲ ဒီလို တွေ့ရပါတယ်။ ဓမ္မသစ်မှာ- aphesis ဆိုတဲ့စကား (၁၄၂)ကြိမ် လောက်တွေ့ ရပါတယ်။ ဓမ္မဟောင်း ကျမ်းဖက်ကို ကြည့်မယ် ဆိုရင်လည်း ကမ္ဘာဦးကျမ်း ကိုဖတ်ကြည့်ရင် လူသားရဲ့ အပြစ်လွန် ကျူးခြင်း အတွက် မြွေနဲ့မိန်းမကို ကျိန်ခြင်းက (ကမ္ဘာ၊၃း၁၅)၊ နောဧပုံ ၀တ္တုမှာ ဆိုရင် သက်တံ အားဖြင့် ဘုရားသခင်ရဲ့ ပဋိညာဉ် (ကမ္ဘာ၊ ၆း၁၃-၉း၁၇)၊ နောက်ဆက် တွဲပဋိညာဉ် (၈း၂၁-၂၂) နဲ့ အာဗြဟံရဲ့ အကြောင်း (ကမ္ဘာ၊ ၁၂း၁-၂၅း ၁၀)စတဲ့ အကြောင်း အရာများကို ဖတ်တဲ့အခါ ဘာကို တွေ့နိုင်သလဲ ဆိုယင် ဘုရားသခင်ရဲ့ လူသားတွေကို ကယ်တင်ခြင်း၊ စတဲ့ဘုရား သခင်ရဲ့ လုပ်ဆောင်မှုကို ထိန်းသိမ်းခြင်း စတဲ့ ဘုရား သခင်ရဲ့လုပ်ဆောင် မှုအလို တော်ထဲမှာ ခွင့်လွှတ်ခြင်း ဆိုတာကို တွေ့ရပါတယ်။ ခွင့်လွှတ်ခြင်း ဆိုတဲ့ စကားလုံး အတွက် ဟေဗြဲ ဘာသာမှာ- တစ်ခုတည်းသော ဝေါဟာရ (single word) မရှိပါဘူး။ သဘော တရားအားဖြင့် တူညီတဲ့စကား လုံးတွေက တော့ kipper (ပြန်ပေး၊ ပြန်ရွေးဖို့ ပေးရတဲ့ အဖိုးအခ)၊ Na (ပြင်သို့ ထုတ်လိုက်ခြင်း)၊ selach(ပြစ်ဒဏ်မှာ လွတ်ခြင်းချမ်း သာခွင့်ပြုခြင်း၊ ခွင့် လွှတ်ခြင်း)၊ abar (အဖြစ် လွှတ်ခြင်း၊ လွန်ကျူးခြင်း များကို သည်းခံခြင်း) စသည်ဖြင့် တွေ့ရ ပါတယ်။

ဓမ္မသစ်မှာတော့ ခွင့်လွှတ်ခြင်း (forgiveness) ကို ရှင်းလင်းစွာ တွေ့ရပါတယ်။ ယေရှုခရစ် တော်ရဲ့ စွန့်လွှတ်ပေးဆပ် အသေခံခြင်း အားဖြင့် တစ်ခါထဲ ပူဇော်ခြင်း အားဖြင့် ခွင့်လွှတ်ခြင်း၊ စင်ကြယ်ခြင်း သို့ရောက် တယ်ဆိုတာ တွေ့ရပါတယ်။ ခရစ်တော်ရဲ့ sacrifice အားဖြင့် ကျွန်တော်/မ တို့လူသား အားလုံးဟာ ဘုရားသခင်ရဲ့ခွင့်လွှတ်ခြင်း (သို့)ဘုရား သခင်နဲ့ အမြဲထာဝရ ပြန်လည် သင့်မြတ်ခြင်း (reconciliation) ဆိုတဲ့မျှော် လင့်ချက်၊ ယုံ ကြည်ချက် ကို ရရှိပါတယ်။ အဲဒီအပြင် ကျွန်တော်/မတို့ နားလည် သဘောပေါက် လာတာ ကတော့ ယေရှုခရစ်
တော်အားဖြင့် ထာဝရဘုရား သခင်ဟာ ကျွန်တော်/မ တို့ရဲ့အပြစ် တွေကို ခွင့်လွှတ်ပေး ခဲ့တယ်။ ဒါကြောင့် သူတစ်ပါးက ကျွန်တော်/မတို့ အပေါ်လွန် ကျူးလာတဲ့ အပြစ်တွေကို ဗွေမယူပဲ ခွင့်လွှတ် ရမယ်ဆို တာပဲဖြစ် ပါတယ်။ သူတစ်ပါးရဲ့ အပြစ်ကို ခွင့်လွှတ်ဖို့ ယေရှုခရစ် တော်က ပတ္တနာ တော်(မဿဲ၊၆း၁၂) သင် ပေးရာမှာ အတိအလင်း ပြောခဲ့ ပါတယ်။ တမန်တော်ကြီး ရှင်ပေါလု ကလည်း အချင်းချင်း အပြစ်လွှတ်ခြင်း ရှိကြလော့ (ဧဖက်၊ ၄း၂၉-၃၂) လို့သွန်သင် ခဲ့ပါတယ်။

ကျွန်တော်/ မတို့မှာ ခွင့်လွှတ်ခြင်း မရှိဘူးဆို ယင်တော့ ဘုရားသခင်ရဲ့ ချစ်ခြင်း မေတ္တာတော် ကို စော်ကားရာကြ ပါလိမ့်မယ်။ ပျောက်သော သား ပုံဥပမာထဲက သားကြီး လိုဖြစ်နေ  ပါလိမ့် မယ်။ ဖြစ်ပျက် ခဲ့ သမျှတွေ အပေါ်၊ လွန်ကျူးပြစ် မှားခြင်းများ အပေါ်ဗွေ မယူပဲ သားငယ်ကို၊ ပျောက်သော သားကို ချစ် ခြင်းမေ တ္တာနဲ့ ထွေးပွေ့ခဲ့တဲ့ ဖခင်ကြီးကြောင့် မကျေမချမ်း ဖြစ်ခဲ့တဲ့ သားကြီးနဲ့ ကျွန်တော်တို့ ဟာတူ နေပါမယ်။ သူတစ်ပါးရဲ့အပြစ်ကို ခွင့်မလွှတ်ပဲ ချည်နှောင် ထားခဲ့ယင်ပေါ့။ ခွင့်လွှတ်ခြင်းနဲ့ ပါတ်သက် လို့ ယေရှု ခရစ် တော်ရဲ့ နောက် တော် လိုက် တပည့်တော် တစ်ယောက် ဖြစ်တဲ့ ပေတရုက လည်း မေးဖူး တယ်။ သူ့ရဲ့မေးခွန်းက အကျိုးသင့် အကြောင်းသင့်တဲ့ မေးခွန်းမျိုးပါပဲ။ သူတစ်ပါးရဲ့ အပြစ်ကို ဘယ်နှကြိမ် လွှတ်ရမလဲ လို့မေးတဲ့ အခါ ယေရှုခရစ် တော်က အကြိမ်ခုနှစ်လီ၊ ခုနှစ်ဆယ် မြောက်အောင် (seventy times seven) ခွင့်လွှတ်ရ မယ်လို့ဖြေခဲ့ ပါတယ်။ ဆိုလိုတဲ့ အဓိပ္ပါယ်က အမြဲတမ်း (always) ခွင့်လွှတ် ရမယ်၊ ခွင့်လွှတ် ခြင်းဟာ မရှိမဖြစ်ကိုလိုအပ် ပါတယ်။ လုပ်လဲလုပ် ရမယ့်အရာ တစ်ခုဖြစ်ပါတယ်။



ခရစ်ယာန် ဘာသာရေး သွန်သင်ချက် အရ ခွင့် လွှတ်ခြင်း နဲ့ လော ကရဲ့(လူတွေနား လည်လက် ခံတဲ့) ခွင့်လွှတ်ခြင်း (Religious Forgiveness Vs Secular Forgiveness) ...........



ခရစ်ယာန် မဟုတ်သူ အချို့က ပြောပါတယ်။ ခရစ်ယာန်ဘာ သာမှာတော့ ခွင့်လွှတ်ခြင်း ဆိုတာ(သို့) ခွင့်လွှတ် ခံရဖို့သိပ် လွယ်တာပဲ။ မင်းလုပ်ခဲ့ သမျှ၊ လွန်ကျူးမှား ယွင်းခဲ့သမျှ အရာအားလုံးကို မှားယွင်မိပါ တယ်လို့ဝန်ခံ လိုက်ပြီးတော့... ယေရှုခရစ် တော်ဆီမှာ အပြစ်တွေ ကိုဖွင့်ဟ၀န်ခံ၊ နောက်.. နောက်တစ်ခါ မလုပ်တော့ပါ ဘူးလို့ ဘုရားသခင်ကို ကတိပေး လိုက်ရင်ရပြီ။ ခွင့်လွှတ်ပြီ။ မင်းနောက် ထပ်အပြစ် လုပ်မိနိုင်တယ်။ လုပ်ခဲ့မိရင်လဲ အပြစ်လုပ် မိပါတယ်။ မှားမိပါတယ်။ လို့ဝန်ခံ။ ပြီးရင်ခရစ် တော်ဆီမှာ အပြစ်ဝန်ချ တောင်းပန်၊ နောက်ကိုအပြစ် မလုပ်တော့ ပါဘူးလို့ ဘုရားသခင် ကိုကတိပေး၊ ရပြီ။မင်းပေး တဲ့ကတိဟာ ရိုးသားဖို့၊ စစ်မှန်ဖို့လို တယ်လို့ ခရစ်ယာန် အချို့က ပြောကောင်း ပြောလိမ့်မယ်။ နောက်တစ် ခါအပြစ်မလုပ် တော့ပါဘူးလို့ ကတိပေး ထားပေ မဲ့လည်း မင်းဟာရိုးသား စွာပဲအပြစ် ကိုထပ်ကာ ထပ်ကာ ကျူးလွန် မိနိုင်ပါတယ်။ လူတွေအားလုံး ဟာအပြစ် ဒုစရိုက်သား တွေဖြစ်ကြပြီး လူသားအား လုံးဟာ အပြစ်၊ အမှားအယွင်း တွေကိုလုပ် တတ်ကြတယ်လို့ ခရစ်ယာန်ဘာ သာကရှုမြင် လက်ခံပါတယ်။ အပြစ်ဆိုတာ အားလုံး အတူတူပါပဲ။ လူသား အား
လုံးဟာထာ ၀ရငရဲကျဖို့ ထိုက်တန်တယ်။ ဘုရားသခင်ရဲ့ ကျေးဇူး ဂရုဏာ သက်သက် အားဖြင့် ခွင့်လွှတ်ခြင်း ခံရပါတယ်။ ခွင့်လွှတ်ခြင်း ဆိုတဲ့ ကျေးဇူးဂရုဏာတော် (Grace)ကို ခံစားရဖို့ လူသားများ အနေနဲ့ မှားမိပါ တယ်လို့ဝန်ခံ၊ယေရှုခရစ်တော်ထံအပြစ်တွေကိုဝန်ချ တောင်းပန်၊ ပြီးယင် ရိုးသားစွာနဲ့... ဘုရားသခင်.... အပြစ်မလုပ် တော့ပါဘူးလို့ ကတိပေး ထားဖို့လို ပါတယ်။

ဒါကခရစ်ယာန် ဘာသာတရား ဆိုင်ရာ ခွင့်လွှတ်ခြင်း (Christian religious Forgiveness) လို့နားလည် ထားကြ ပါတယ်။ လောကကြီးရဲ့ အမြင်၊ ခရစ်ယာန် မဟုတ်တဲ့ သူများရဲ့ အမြင်ကတော့ အဲဒီလို မဟုတ်ပါဘူး။ အပြစ် အားလုံးဟာ အတူတူမဟုတ်ဘူး၊ အပြစ်မှာ အကြီးအ သေးရှိတယ်။ အပြစ်ဘယ် လောက်ကြီး ကြီးထာ ၀ရအပြစ်ဒဏ် ကျခံရဖို့တော့ မရှိဘူး။ လူတစ် ယောက်ဟာ အမှားအပြစ်လုပ် မိတယ်ဆိုယင် သူ့ရဲ့ပြစ်မှု အတွက်ပြု ပြင်ခွင့် (amend)၊ အမှား ပင်ခွင့် ကျေရာကျေ ကြောင်း လုပ်ခွင့် ရှိပါတယ်။ ပြစ်မှုကြွေး ကိုချွေးဖြင့် ဆပ်မည်ဆိုတဲ့ ဆောင်ပုဒ်ထဲ ကသဘောတရားမျိုး၊ လူသတ်မှုဆိုတဲ့ ပြစ်မှုကတော့ ပြင်လို့မ ရတော့ ဘူး၊ သေတဲ့သူ ကိုပြန်ရှင်အောင် လုပ်လို့မရ တော့ဘူးလေ။ ဒီလိုကိစ္စ မျိုးကြတော့ ဘယ်လို စဉ်းစားကြမလဲ။ ခွင့်လွှတ်ခြင်း ဘယ်လို ရနိုင်မလဲ။ သေသူရဲ့ ဆွေမျိုးတွေ၊သူ့ ကိုချစ်တဲ့ သူတွေက သတ်သူ ကိုမုန်းတီးမိမှာပဲ။ ယုံကြည်နိုင် မှာမဟုတ်သလို၊ ခွင့်လည်း လွှတ်နိုင်မှာ မဟုတ် ပါဘူး။ အပြစ်ရှိသူ ဟာသူ့ အပြစ်ကို ၀န်ချတောင်း ပန်သည့်တိုင် လူကောင်း တစ်ယောက် အပြစ်တည် ကြည်စွာ နေထိုင် နေသည့်တိုင် ခံရဖို့ဟာ စိန်ခေါ်မှု တစ်ရပ်ဖြစ် ပါတယ်။ ဘယ်လို ပဲဖြစ်ဖြစ် တည်ကြည် မြဲမြံစွာနဲ့ မယိမ်းမယိုင် ဆက်လျှောက် ဖို့လိုပါတယ်။ အချိန်က ကုစားသွား ပါလိမ့်မယ်။ ကိုယ်ကကောင်း နေပြီပဲ ဘာဖြစ်လို့ ခွင့်မလွှတ်နိုင် ရတာလည်း ဆိုပြီး မတွေး မိဖို့လိုပါတယ်။ ကိုယ်ကနာ ကျင်စေသူ၊ သူတို့ကနာ ကျင်ခံစားခဲ့ ရသူဆိုတာ မမေ့ဖို လိုပါတယ်။ ဒါကလောက လူသားတွေ နားလည် လက်ခံထား တဲ့ခွင့်လွှတ်ခြင်း (Secular Forgiveness) သဘော တရားဖြစ် ပါတယ်။ခွင့်လွှတ်ခြင်း ဆိုတဲ့စကားလုံးဟာ သဘော တရား သက် သက်စကား လုံးမဟုတ် ပါဘူး။ လက်တွေ့ လုပ်ဆောင် ရမဲ့အရာ ဖြစ်ပါတယ်။ ခွင့်လွှတ်ခြင်း အားဖြင့်အ ဆိုးမြင် နေမှုတွေ အပျက်သ ဘော လုပ် ဆောင်မှု တွေ တဖြည်း ဖြည်း လျော့ပါး သွားစေ မှာဖြစ်ပါ တယ်။ ဓမ္မသဘော အမြင်အရ ပြောရရင် အပြစ်ပေး သူ(သို့) စီရင်ပိုင် သူဟာ ထာဝရဘုရား သခင်ဖြစ် ပါတယ်။ ကိုယ့် ရဲ့အား နည်းခြင်း အပြစ်ကို ကိုယ်သိပြီး ခွင့်လွှတ်ခြင်း ရှိသူဖြစ်ဖို့ သာလို အပ်ပါတယ်။




ခွင့်လွှတ်ခြင်းသည်အစွမ်းထက်သောပါရမီတစ်ပါးဖြစ်သည် ............


ခွင့်လွှတ်ခြင်း ဆိုတာပါရမီ (virtue) ဖြစ်ပါတယ်။ ခွင့်လွှတ်ခြင်း ဆိုတာ ခွင့်လွှတ် သူရော ခွင့်လွှတ်ခြင်း ခံရသူရော နှစ်ဦးနှစ်ဖက် စလုံးအတွက် ကောင်းပါတယ်။ အထောက် အကူလည်း ဖြစ်ပါတယ်။ ခွင့်လွှတ်ခြင်း ခံရသူအဖို့အတိတ်က နဲ့မတူပဲ မျော်လင့်ချက် အသစ်နဲ့ လန်းဆန်း ပေါ့ပါးစွာ ပြန်လည် အစပြုခွင့် ရရှိပါတယ်။ ကမ္ဘာလော ကကြီးဟာ အယင်က သူထင်ထား သလိုမျိုး မေးငေါ့ရှုံ့ ချစီရင်တဲ့ ကမ္ဘာကြီး မဟုတ်ဘူး ဆိုတဲ့အမြင်သစ်ကိုရရှိ စေပါတယ်။ သူတို့ဟာ ခွင့်လွှတ်ခြင်း ခံရသူများဖြစ် တာကြောင့် သူတို့အနေ နဲ့အခြား သူအပေါ်ခွင့်
လွှတ်ဖို့ လည်း ပိုပြီးလွယ် ကူသွား စေပါတယ်။ ခွင့်လွှတ်ပေး သူအနေနဲ့ လည်းကောင်း ကျိုးများစွာရှိပါတယ်။ ခွင့်လွှတ်လိုက် တဲ့အ တွက် လွှတ်လပ် ပေါ့ပါးမှု ခံစားရ စေပါတယ်။ အကောင်း မြင်မှုနဲ့ မျှော်လင့်ခြင်း ရှိတဲ့လမ်း ကြောင်း ဆီကို ခွင့်လွှတ်ခြင်း ခံရသူကိုပို့ ပေးနိုင် ခဲ့ပြီ..ဆိုပြီးမျှော် လင့်ဝမ်းမြောက် နိုင်ပါတယ်။ ၀န်ထုတ်များ ပေါ့ပါးသွား သလိုခံစား ရစေပါတယ်။


သူတစ်ပါးရဲ့ လုပ်ကြံ သတ်ဖြတ်ခြင်း ခံရတဲ့ သမိုင်းဝင် သူရဲကောင်း နှစ်ယောက်ရဲ့ စကား ကို ဖေါ်ပြချင် ပါတယ်။ သူတို့နှစ်ဦး ကတော့ အိန္ဒိယ အမျိုးသား ခေါင်းဆောင် မဟတ္တမ ဂန္ဓီနဲ့ အမေရိကန် လူထုအခွင့် အရေးလှုပ် ရှားမှုခေါင်းဆောင် မာတင်လူသာကင်းဂျူနီယာ တို့ပဲဖြစ်ပါတယ်။ ဂန္ဓီကဘာပြော သလဲဆိုယင်... အားနည်း သူဟာဘယ် တော့မှခွင့် မလွှတ်နိုင်ဘူး။ ခွင့်လွှတ်ခြင်း ဆိုတာအားကြီး သူရဲ့အရေ အချင်းဖြစ် ပါတယ်။ မာတင်လူ သာကင်းဂျူနီ ယာက လည်း ဘာပြော သလဲဆိုရင်.... ခွင့်လွှတ်ခြင်း ဆိုတာရံ ဖန်ရံခါ၊ တစ်ခါတစ်လေ လုပ်ရမဲ့ အရာမဟုတ် ပါဘူး။ ခွင့်လွှတ်ခြင်း ဆိုတာမပြောင်း မလဲ၊ အမြဲတမ်း ရှိရမဲ့သဘော ထားဖြစ်ပါတယ်.. လို့ပြောခဲ့ ပါတယ်။
ခွင့်လွှတ်ခြင်း(၂)မျိုး...........


ခွင့်လွှတ်ခြင်း (၂)မျိုးရှိပါတယ်။ သန္နဒိဌာန် ချဆုံးဖြတ် လျှက်ခွင့် လွှတ်ခြင်း (Decisional Forgiveness) နဲ့စိတ်ခံစား ချက်နှင့်သက် ဆိုင်သော ခွင့်လွှတ်ခြင်း (Emotional Forgiveness) တို့ဖြစ်ပါတယ်။  Decisional  Forgiveness ဆိုတာ ကတော့ ခွင့်လွှတ်ခြင်း ဆိုတာ တာဝန်ဝတ္တရား တစ်ရပ်ဖြစ် တာကြောင့် မဖြစ်မနေ မလွဲမရှောင် သာခွင့်လွတ်ရ မယ်... ဆိုတဲ့ ခွင့်လွှတ်ခြင်း မျိုးဖြစ်ပါတယ်။

ဘုရားသခင် ကခွင့် လွှတ်ဖို့ပြော ထားတယ် ဒါကြောင့် ကျွန်တော် ကျွန်မတို့မှာ ခွင့်လွှတ်ဖို့ တာဝန်ရှိတယ်။ တာရှိလို့ တာဝန် တစ်ရပ် အနေနဲ့ ခွင့်လွှတ်ခြင်း ဖြစ်ပါတယ်။ နှလုံးသား ထဲကနေချစ် ခင်ကြင် နာစိတ်၊ ယိုဖိတ်လာ လို့ခွင့်လွှတ် တာမျိုးမ ဟုတ်ပါဘူး။ စိတ်ခံစားမှု (emotion) မပါတဲ့ခွင့် လွှတ်ခြင်း မျိုးဖြစ်ပါတယ်။ တာဝန် ၀တ္တရားဖြစ်တယ်ဆိုတဲ့ နားလည် သဘောပေါက်မှု အားဖြင့် ခွင့်လွှတ်ခြင်း ဖြစ်ပါတယ်။ (conscientiousness based virtues)။ စိတ်ခံစား ချက်နဲ့ သက်ဆိုင်တဲ့ ခွင့်လွှတ်ခြင်း (Emotional Forgiveness) ကတော့ ...ချစ်ခြင်း မေတ္တာ၊ ကြင်နာ သနားခြင်း၊ နှိမ့်ချခြင်း တို့ကနေ ပေါက်ဖွား လာတဲ့ နှလုံးသား ထဲကနေ ပေါက်ဖွားပေါ် ထွက်လာ တဲ့ခွင့်လွှတ် ခြင်းမျိုး ဖြစ်ပါတယ်။ Emotional Forgiveness မှာ ကိုယ့် အပေါ်အပြစ် ကျူးလွန်တဲ့ သူအပေါ် ထားရှိတဲ့ ကိုယ့်ရဲ့ အပျက် သဘော၊ အဆိုးမြင် နေတဲ့ စိတ်ခံစား ချက်ကို ဦးစွာဖယ် ရှားပစ်ပါတယ်။ ဒုတိယအနေ နဲ့ကတော့ အကောင်း မြင်ဖို့ကြိုး စားခြင်းဖြစ် ပါတယ်။ သူ့ဆီမှာရှိတဲ့ ကောင်းကွက် ကလေးတွေ ကိုရှာဖွေ ကြည့်ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီကနေ တဆင့် သူ့အပေါ်မှာ နားလည်သ ဘောပေါက် မှုနဲ့အတူ အဆိုး မြင်တတ် တဲ့ စိတ်နေရာမှာ အကောင်း မြင်စိတ်ကို အစားထိုး လိုက်နိုင် တဲ့အထိ တဆင့်ခြင်း ကြိုးစား ရပါတယ်။ အဲဒီကနေ Emotional Forgiveness ပေါက်ပွား လာပါတယ်။ အထက် ဆိုခဲ့ပါခွင့် လွှတ်ခြင်း (၂) မျိုးဟာ တစ်ခုနဲ့တစ်ခုဆက် စပ်နေပေမဲ့ တုန့်ပြန်ပုံခြင်း ကတော့ မတူပါဘူး။ emotional forgiveness ဟာအချိန်နဲ့ အမျှပြောင်းလဲ မှုရှိနိုင်ပါ တယ်။ အကောင်း ဖက်ကိုဖြစ်ဖြစ်၊ အဆိုးဖက် ကိုဖြစ်ဖြစ် ပေါ့။ အပြစ်ပြု သူကရိုးသား စွာတောင်းပန် ၀န်ချမှုပြု လာတယ် ဆိုရင် ခွင့်မလွှတ် နိုင်ခြင်းဆိုတဲ့ အဆိုးမြင် စိတ်တွေကို လျှော့ချ ဖယ်ရှားပစ် လာနိုင်ပြီး အကောင်း မြင်သဘော နဲ့အတူ ခွင့်လွှတ်နိုင်ဖို့ အထောက် အကူပြုမှာ ဖြစ်ပါတယ်။ ပြောရရင်... emotional forgiveness ဟာတစ် ဖက်လူအ ပေါ်(သို့) အပြစ်ပြု သူအပေါ် များစွာမူ တည်နေတယ်ဆို တဲ့သ ဘောပါပဲ။



နိဂုံး........


ဘာပဲဖြစ်ဖြစ်... ကျွန်တော်တို့ ခွင့်လွှတ်ရမယ်။ ခွင့်လွှတ်ခြင်း၊ ခွင့်မလွှတ်ခြင်း ဆိုတာ ကျွန်တော် ကျွန်မတို့ရွေး ချယ်ရမဲ့အရာ မဟုတ်ပါဘူး။ ခွင့်လွှတ်ခြင်း ဆိုတာဘုရား သခင်ရဲ့ သဘော ဆန္ဒ၊ အလိုတော် ပဲဖြစ်ပါတယ်။ သင်၏ဘုရား သခင်ထာဝ ရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ညာဏ်ရှိ သမျှအစွမ်း သတ္တိရှိသမျှနှင့် ချစ်လော့။ ကိုယ်နှင့် စပ်ဆိုင်သော သူကိုကိုယ်နှင့် အမျှချစ်လော့... ဆိုတဲ့ရွေ ပညာတ်တော် (၂)ပါးရှိ ပါတယ်။ ဒီအပြင် သခင်ယေရှု ခရစ် တော်က... ရန်သူကို ချစ်ပါ (love your enemy) လို့ပြော ထားပါတယ်။ ခွင့်လွှတ်ခြင်း မရှိပဲ ကျွန်တော် တို့မချစ်နိုင် ပါဘူး။ ခွင့်လွှတ်ခြင်း ဆိုတာစဉ် ဆက်မပြတ် လုပ်ဆောင် ရမဲ့အရာ သို့မဟုတ် လုပ်နည်း အစဉ် (process) ဖြစ်ပါတယ်။ ကျွန်တော်/မ တို့ဟုဒီ ကနေ့ပဲခွင့် လွှတ်ဖို့ဆုံး ဖြတ်လိုက်ပြီ ဆိုပေမယ့် နောက်တစ် တော့အိပ်ယာ ကနိုးတဲ့အခါ ခွင့်မလွှတ်နိုင် ဘူးဆိုတဲ့စိတ် သဘောထားနဲ့ နိုးထလာ နိုင်ပါတယ်။ ကျွန်တော်/မတို့ ဆုတောင်းလျှက် ခွင့်လွှတ် နိုင်ဖို့ခွန်အား ဘုရားသခင် ဆီကနေ တောင်းခံရ ပါမယ်။ တစ်စုံတစ်ဦး အပေါ်ဆုတောင်း ပေးရင် အဲဒီလူအပေါ်ထားရှိ တဲ့ မိမိရဲ့ခက် ထန်မာကြော တဲ့စိတ်သ ဘောဟာ တဖြေးဖြေး နဲ့ပြောင်းလဲပြီး ပျော့ပြောင်း လာမယ်ဆို တာယုံ ကြည် နိုင် ရပါမယ်။ ကျွန်တော်/မ တို့ရဲ့ခွင့် လွှတ်ခြင်း ဟာ ပြည့်ဝ စုံလင်သော ခွင့်လွှတ်ခြင်း မျိုးဖြစ်ရပါ လိမ့်မယ် ဆို တဲ့အကြောင်း ဝေငှလိုက် ပါတယ်။



တင်ပြသူ-စောချစ်ခိုင်


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...