● ခွင့် လွှတ် ခြင်း ( The Forgiveness) ...

အဓိကကျမ်းချက်များ။
၁ ယော ၊ ၁း ၅-၉။ ဟေ ဗြဲ၊ ၉း၂၂။ ဧဖက်၊ ၄း ၃၂။ မသဲ ၆း ၁၄- ၁၅။ လုကာ၊ ၆း ၃၇- ၃၈။ မာ ကု၊ ၁၁း ၂၅။

ခွင့်လွှတ်ခြင်းဆိုသည်မှာ။
“ဘုရား သခင် သည် အလင်း ဖြစ် တော် မူ၏။ ဘုရား သခင် ၌ မှောင် မိုက် အ လျှင်း မ ရှိ။ ငါတို့ သည် ဘု ရား သ ခင် နှင့် မိတ် သ ဟာ ယ ဖွဲ့ ပြီ ဟု ဆို လျက် ပင်၊ မှောင် မိုက် ၌ ကျင် လည် လျှင်၊ သစ္စာ တရား ကို မ ကျင့် ၊ မု သာ ကို သုံး သော သူ ဖြစ် ကြ ၏။ ဘု ရား သခင် သည် အ လင်း ၌ ရှိ တော် မူ သကဲ့ သို့ ၊ ငါ တို့ သည် အ လင်း ၌ကျင် လည် လျှင် ၊ အ ချင်း ချင်း မိတ် သ ဟာ ယ ဖွဲ့ ခြင်း ရှိ ကြ သည် ဖြစ် ၍ ၊ ဘု ရား သခင် ၏ သား တော် ယေ ရှု ခရစ် ၏ အ သွေး တော် သည်၊ ငါ တို့ အ ပြစ် ရှိ သ မျှ ကို ဆေး ကြော တော် မူ ၏။ ကိုယ် အ ပြစ် မ ရှိ ဟု ငါ တို့သည် ဆို လျှင် ကိုယ် ကို ကိုယ် လှည့် ဖြား ကြ ၏။ ငါ တို့ ၌ သစ္စာ တရား မ ရှိ။ ကိုယ် အပြစ် တို့ ကို ဖေါ် ပြ တောင်း ပန် လျှင်၊ ငါ တို့ အပြစ် များ ကို လွှတ် ၍ ဒု စ ရိုက် ရှိ သ မျှ နှင့် ကင်း စင် စေ ခြင်း ငှာ ဘု ရား သခင် သည် သစ္စာ တရား နှင့် ၄င်း၊ ဖြောင့် မတ် ခြင်း တရား နှင့် ၄င်း ပြည့် စုံ တော် မူ ၏ ” (၁ ယော ၊ ၁း ၅-၉)။

ဘု ရား သခင် ဟာ အ လင်း ဖြစ် ပါ တယ်၊ အဲ ဒီ သူ့ ရဲ့ အ လင်း ထဲ ကျွန်ုပ် တို့ လျှောက် လှမ်း အ သက် ရှင် တဲ့ အ ခါ ၊ သူ နဲ့ မိတ် သ ဟာ ယ ဖွဲ့ ခွင့် ရ သ လို အ ခြား ယုံ ကြည် သူ တွေ နဲ့ လည်း ဖွဲ့ ခွင့် ရ ရှိ ပါ တယ်။ အဲ ဒီ အ လင်း ထဲ က နေ ထွက် သွား တာ နဲ့  ၊ကျွန်ုပ် တို့ အသက် တာ ဟာ အ မှောင် ထု ထဲ ကို ရောက် သွား ပါတယ်။ အ မှောင် ထု ဆို တာ  အန္တ ရယ် များ လွန်း တဲ့ နေ ရာ ပါ၊ ဘယ် နေ ရာ ကို ဦး တည် ပြီး သွား နေ မှန်း လဲ မ သိ ဘူး၊ ရှေ့ မှာ ဘယ် လို အ န္တ ရယ် တွေ ရှိ နေ မှန်း လဲ မ သိ ဘူး၊  ဘု ရား သ ခင် နဲ့ ရော၊ ယုံ ကြည် သူ များ နဲ့ ရော မိတ် သ ဟာ ယ ဖွဲ့ ခဲ့ တာ တွေ လည်း အား လုံး ပျက် စီး ဆုံး ရှုံး ရ ပါ တယ်။ ပုံ မှာ ပါ တဲ့ အ တိုင်း၊ ဒီ လို ဘု ရား သ ခင် ရဲ့ အ လင်း ထဲ မှာ ယုံ ကြည် သူ တွေ နဲ့ အ တူ ၀မ်း မြောက် ပျော် ရွှင် စွာ မိတ် သ ဟာရ ဖွဲ့ ပြီး နေ ထိုင် ခွင့် ဟာ၊ ကျွန်ုပ် တို့ ကို လမ်း ပြ ပို့ ဆောင် ပေး တဲ့ သန့် ရှင်း သော ၀ိညာဉ် တော် ကြောင့် သာ ဖြစ် ပါ တယ်။ ဒီ လင်း နေ တဲ့ အ ၀န်း ရဲ့ အ ပြင် ဖက် ဧ ရိ ယာ က တော့ စာ တန် ရဲ့ ပိုင် နက် အ မှာင် ထု ကြီး ပါ။ စာ တန် ရဲ့ အ ဓိ က အ ကြီး ဆုံး အ ကြံ အစည် က ၊ ကျွန်ုပ် တို့ အား လုံး ကို အလင်း က နေ အ မှောင် ထု ကြီး ထဲ ခေါ် သွား ဖို့ ပါ ပဲ။ အဲ ဒီ အ မှောင် ထု က ဘာ ကို ပုံ ဆောင် သ လဲ ဆို ယင်၊ ပင် ပန်း ဆင်း ရဲ ခြင်း၊ ကြောက် ရွံ့ ခြင်း၊ ခိုင် မာ တဲ့ နှ လုံး သား တွေ ရှိ ခြင်း ၊ ဘု ရား ရဲ့အ လို တော် ကို ဆန့် ကျင် ပုန် ကန် ခြင်း၊ စိတ် ပျက် ခြင်း ၊ စိတ် ဓါတ် ကျ ခြင်း၊ ခွင့် မ လွှတ် နိုင် ခြင်း၊ နာ ကြင် ခြင်း၊ ခါး သီး ခြင်း တွေ ပုံ ဆောင် ပြီး၊ ကျွန်ုပ် တို့ လူ သား တွေ အား လုံး ကို  အဲ ဒီ အ မှောင် ထု ထဲ ရောက် ဖို့ စာ တန် က အ စွမ်း ကုန် ကြိုး စား နေ ပါ တယ်။ အ မှောင် ထု ကြီး တစ် ခု လုံး ဟာ ဘု ရား အ လင်း ရဲ့ အ ပြင် ဖက် မှာ သာ ဖြစ် ပါ တယ်။ အ လင်း ထဲ ရောက် ပြီး မှ ပြန် ထွက် သွား တဲ့ ခ ရစ် ယာန် ယုံ ကြည် သူ တွေ ဟာ၊ ခ ရစ် တော် ရဲ့ အ လင်း အ ကြောင်း မ မြည်း စမ်း ဖူး သေး တဲ့  မ ယုံ ကြည် သူ တွေ ထက် ပို ပြီး ကြီး မား တဲ့ အ မှောင် ထု ထဲ ပြန် ရောက် သွား တဲ့ သူ တွေ သာ ဖြစ် ပြီး၊ ပို ဆိုး တဲ့ အ ခြေ အ နေ ကို ရောက် သွား တဲ့ သူ တွေ လည်း ဖြစ် ကြ ပါ တယ်။

ဘာ ပဲ ဖြစ် ဖြစ် ၊ အ ဖ ဘု ရား နဲ့ မိတ် သ ဟာ ရ ဖွဲ့ ခြင်း ပျက် စီး သွား ပေမဲ့ လူ သား နဲ့ ဘု ရား သခင် အ ကြား ပြန် လည် စေ့ စပ် ပေး တဲ့ ခ ရစ် တော် ယေ ရှု အား ဖြင့် ဘု ရား နဲ့ လူ မိတ် သ ဟာ ယ ဖွဲ့ ခြင်း ကို ပြန် လည် ရ ရှိ ခွင့် ပေး ခဲ့ ပါ တယ် (၁ ယော ၊ ၂း ၁-၂)။ ကျွန်ုပ် တို့ ပြစ် မှား ခဲ့ သ မျှ ကို ခွင့် လွှတ် ဖို့ တောင်း ခံ ယင် ရှေ့ နေ ဖြစ် တဲ့ ခ ရစ် တော် က ၊ ကျွန်ုပ် တို့ ကိုယ် စား ကျွန်ုပ် တို့ ရဲ့ အပြစ် တွေ ကို ခွင့် လွှတ် ပေး ဖို့ ဘု ရား သခင် ထံ တောင်း ပန် ပေး ပါ တယ်။ ဒီ လို နည်း အားဖြင့် ဘု ရား နဲ့ လူ ပြန် လည် မိတ် သ ဟာ ရ ဖွဲ့ ခွင့် ရ ရှိ စေ ပါ တယ်။ ဒီ လို အ ပြစ် ကင်း လွတ် ခွင့် ရ ဖို့ ကျွန်ုပ် တို့ အ နေ နဲ့ ကိုယ့် အပြစ် တွေ ကို နှုတ် နဲ့ ၀န် ခံ ပြီး၊ အ မှောင် ထု ထဲ က နေ ပြန် လှည့် ( နောင် တ ရ ပြီး ၊ အပြစ် ကို ကျော ခိုင်း )ရ ပါ လိမ့် မယ်။ ဒီ လို လုပ် မယ် ဆို ယင်၊ ကျွန်ုပ် တို့ ပြု မိ မှား ခဲ့ တဲ့ အ ပြစ် ရှိ သ မျှ ကို ခ ရစ် တော် အား ဖြင့် ဘု ရား က မေ့ ပစ် ပြီး၊ လုံး ၀ ခွင့် လွှတ် မယ် လို့ ဂ တိ ပေး ထား ပါ တယ်။

“ထိ မိ ၍ လဲ ခြင်း နှင့် ကင်းလွတ် စေ မည် အ ကြောင်း၊ သင်တို့ ကို ဆောင် ရှောက် စေ ခြင်း ငှာ ၄င်း၊ အ ပြစ် မ ရှိ ဘဲ ၀မ်း မြောက် ခြင်း နှင့် ပြည့် စုံ လျက် ရှိ သော သင် တို့ ကို ဘု န်း အ သ ရော တော် ရှေ့ ၌ ဆက် သ ခြင်းငှာ ၄င်း တတ် နိုင်တော် မူ သော သူ တည်းဟူ သော၊ ငါ တို့ ကို ကယ် တင် တော် မူ သော အ ရှင် ၊ တဆူ တည်းသော ဘု ရား သခင် သည်၊ ငါ တို့ သ ခင် ယေရှု ခ ရစ် အား ဖြင့်၊ ယခု မှ စ၍ ကမ္ဘာ အဆက် ဆက်  ဘုန်း တန် ခိုး အာ နု ဘော် တော် နှင့် အစွမ်း သတ္တိ  အာ ဏာ စက် ရှိ တော် မူ စေ သ တည်း” (ယုဒ ၊၂၄- ၂၅)။
ခရစ် တော် ဟာ ကျွန်ုပ် တို့ အ ပြစ် အား လုံး အ တွက် အ သေ ခံ ခဲ့ ပါ တယ် (၁ ကော၊ ၁၅း ၃)၊ တစ် နည်း အား ဖြင့် ကျွန်ုပ် တို့ ရဲ့ အ ပြစ် တွေ ကို အား လုံး ကို သူ့ အ ပေါ် ယူ ဆောင် ပေး ခဲ့ ခြင်း ကို ဆို လို တာ ဖြစ် ပါ တယ်၊ ကျွန်ုပ် တို့ အ နေ နဲ့ ကိုယ့် အ ပြစ် တွေ အား လုံး ကို စစ် မှန် တဲ့ နောင် တ စိတ် နဲ့  အ ပြစ် တွေ ကို နှုတ် နဲ့ ထုတ် ဖေါ် ခြင်း အား ဖြင့် ၊ ဒီ ကျေး ဇူး တော် အ ခွင့် အရေး ကို ရ ယူ ရ မှာ က ကျွန်ုပ် တို့ အ ပိုင်း ဖြစ် ပါ တယ်။( အ ပြစ် ၀န် ချ ခြင်း (သို့) ၀န် ခံ ခြင်း ကို ဆို လို ခြင်း)။

ခရစ် တော်၏ အသွေး တော်။

ဓမ္မ ဟောင်း ပညာတ် အ ရ အ သွေး သွန်း ခြင်း မ ရှိ ဘူး ဆို ယင် ၊ ခွင့် လွှတ် ခြင်း လဲ မ ရှိ နိုင် ပါ (ဟေဗြဲ၊ ၉း၂၂)။ ပညာတ် ချက် က အ ပြစ် အ တွက် ပြစ် ဒဏ် ခံ ရ မယ် လို့ ဖေါ် ပြ ထား ပါ တယ် (ယေဇ ကျေ၊ ၁၈း ၄၊ ရော မ၊ ၆း ၂၃)၊ ခ ရစ် တော် ယေ ရှု တစ် ပါး တည်း သာ အ ပြစ် ကင်း စင် တဲ့ လူ သား တစ် ဦး ဖြစ် ပြီး၊  ကျွန်ုပ် တို့ အပြစ် အ တွက် နာ ကြင် ဒဏ် ရာ ဝေ ဒ နာ များ စွာ ကို ခံ ယူ ပြီး၊ ကျွန်ုပ် တို့ ကို အ ပြစ် ကြွေး တွေ ထဲ က၊ အ ပြစ် ရဲ့ ကျွန် ဘ ၀ က နေ၊ ကယ် တင် ပြီး ဘု ရား သခင် ထံ ပြန် လည် ပို့ ဆောင် ပေး ခဲ့ သူ ဖြစ် ပါတယ် (၁ပေ၊ ၃၃း ၁၈)။ အ ပြစ် နွံ ထဲ နစ် နေ တဲ့ သင့် ကို သူ့ ရဲ့ အ သွေး တော် အားဖြင့် သန့် စင် ပေး ခဲ့ သူ ဟာ ခရစ် တော် ယေ ရှု တစ် ပါး တည်း သာ ဖြစ် ပါ တယ်။ ခ ရစ် တော် ရဲ့ အ သွေး တော် အား ဖြင့် ကျွန်ုပ် တို့ ဟာ အ ပြစ် ကျူး လွန် တဲ့ အ ပြစ် သား ဖြစ် ပါ လျှက် နဲ့ ဖြောင့် မတ် တဲ့ သူ အ ဖြစ် ဖြစ် ခွင့် ရ တာ ဖြစ် ပါ တယ်။ ဒါ က ဘု ရား ဖက် က ကျွန်ုပ် တို့ အ ပြစ် အ တွက် လုပ် ဆောင် ပေး တဲ့ လွှတ် မြောက် ခွင့် ပေး တဲ့ အ လုပ် ဖြစ် ပါ တယ်။ သမ္မာ တရား လမ်း ကြောင်း က ကြည့် ယင် ကျွန်ုပ် တို့ ဟာ ဘယ် လို နည်း နဲ့ မှ ကြွေး ဆပ် နိုင် တော့ သူ တွေ မ ဟုတ် ဘူးဆို တာ ရှင်း နေ ပါ တယ်။ ဒါ ပေ မဲ့ ခရစ် တော် ကိုယ် တိုင် ကား တိုင် ပေါ် မှာ ဒီ ကြွေးကို ပေး ဆပ် ခဲ့ ပါ တယ်။ ဘဏ် အသုံး အ နှုံး နဲ့ နား လည် အောင် ပြော ရ ယင် ဒီ အ ကြွေး ကို ဆပ် ဖို့ ကျွန်ုပ် တို့ ရဲ့ အ ကောင့် ထဲ သူ့ ရဲ့ ဖြောင့် မတ် ခြင်း တွေ ကို လွှဲ ပေး လိုက် ခြင်း ဖြစ် ပါတယ်။ ကား တိုင် ဆို တာ ဘု ရား သခင် ကျွန်ုပ် တို့ ကို ဘု ရား သခင် တစ် ဖက် သပ် မ စ တဲ့ အံ့ မ ခန်း မေတ္တာ တ ရား ပေး ဆပ် ခြင်း သာ ဖြစ် ပါ တယ် (ရောမ ၅း၈)။
ဥပမာ ပေး ရ ယင် ၊- ကျွန်ုပ် တို့ ဟာ တ ရား ခွင် မှာ အ ပြစ် ကြူး လွန် ကြောင်း ထင် ရှား ပြီး ၊ တ ရား စီ ခြင်း ကို ခံ ဖို့ တ ရား ခံ တွေ နေ ရ တဲ့ သတ် မှတ် နေ ရာ မှာ ရောက် နေ တဲ့ တ ရား ခံ တစ် ဦး လို ပါ ပဲ။ စီ ရင် ချက် ချ မဲ့ တရား သူ ကြီး က လည်း ၊ ကျွန်ုပ် တို့ ရဲ့ မိတ် ဆွေ ဟောင်း ကြီး တစ် ဦး ဖြစ် နေ တယ်၊ ဒါ ပေ မဲ့ ကျွန်ုပ် တို့ ရဲ့ အပြစ် ထင် ရှား တဲ့ အ တွက် ၊ သူ ငယ် ချင်း ဟောင်း ဆို ပြီး ပြစ် ဒဏ် လျော့ပေါ့ လို့ မ ရ ဘူး ၊ ပြစ် ဒဏ် လျော့ ပေး လိုက် ယင်၊ မ တ ရား တဲ့ တ ရား သူ ကြီး တစ် ဦး ဖြစ် သွား မှာ ပေါ့၊ ဒါ ကြောင့် တ ရား ဥ ပ ဒေ အ တိုင်း ဖက် မ လိုက် ပဲ တရား စီ ရင် လိုက် တယ်၊ ဒါ ပေ မဲ့ ဒီ ကျ ခံ ရ မဲ့ အ ဖိုး အ ခ အ တွက် အဲ ဒီ တ ရားသူ ကြီး က ပဲ၊ ထုတ် သူ ငယ် ချင်း ဟောင်း ဖြစ် တဲ့ တ ရား ခံ ရာ ဇ၀တ် သား ကို စိုက် ထုတ် ပေး လိုက် ပါ တယ်။ ပညာတ် တော် အ တိုင်း အ ပြစ် ရဲ့ အ ခ ကား သေ ခြင်း ၊ အ သွေး မ သွန်း လောင်း ယင် အ ပြစ် မ လွတ် ဘူး လို့ ဆို ပေ မဲ့ ၊ ကျွန်ုပ် တို့ အား လုံး ပေး ဆပ် ရ မဲ့ အ သွေး နဲ့ သေ ခြင်း အတွက် ခ ရစ် တော် ယေ ရှု ဘု ရား ရဲ့ အ သွေး တော် အားဖြင့် ပေး ဆပ် ခဲ့ ခြင်းဖြစ် ပါ တယ်။

ဘာကြောင့် ခွင့် ရတာလဲ။
ချစ် ခြင်း မေတ္တာ ဟာ အ မြဲ ခွင့် လွတ် တတ် ပါ တယ်။ ခ ရစ် တော် က ဒါ ကို လက် ၀ါး ကါး တိုင် မှ ပြ သ ခဲ့ ခြင်း ဖြစ် ပါ တယ် (လု ကာ၊ ၂၃း ၃၄)။ ဘု ရား ရဲ့ ခွင့် လွှတ် ခြင်း နဲ့ ကင်း တဲ့ နေ ရာ ကျွန်ုပ် တို့ မှာ ရှိ ပါ သ လား (ဟေဗြဲ၊ ၉း ၂၇-၂၈)။ ခွင့် လွှတ် ခြင်း စိတ် ဆို တာ ကျွန်ုပ် တို့ အတွင်း နှ လုံး သား ထဲ က နေ လုပ် ဆောင် ရ မယ့် အ လုပ် ဖြစ် ပါ တယ်၊ အ ချို့ က ဒါ မျိုး မ လုပ် ခင် အ ရမ်း ၀မ်း နဲ ရ တယ် လို့ ပြော တာ တွေ လည်း ရှိ ပါ တယ်။  ခ ရစ် တော် ယေ ရှု က သင့် ညီ အစ် ကို ရဲ့အ ပြစ် ကို သင် ခွင့် မ လွှတ် ဘူး ဆို ယင်၊ ကောင်း ကင် ဘုံက ဘု ရား ရဲ့ ခွင့် လွှတ် ခြင်း ကို လည်း သင် ခံ ရ မှာ မ ဟုတ် ဘူး လို့ သွန် သင် ထား ပါ တယ် (မသဲ၊ ၆း ၅- ၁၅)။

“အ ချင်း ချင်း ကျေး ဇူး ပြုခြင်း၊ သနား စုံ မက် ခြင်း၊ ဘုရား သခင် သည် ခ ရစ် တော် ကြောင့် သင် တို့ ၏ အ ဖြစ် ကို လွှတ် တော် မူ သ ကဲ့သို့ အ ချင်း ချင်း အ ဖြစ် လွှတ် ခြင်း ရှိ ကြ လော့” (ဧဖက်၊ ၄း ၃၂)။

တစ် ပါး သူ က သင့် ကို ဘယ် လောက် ပဲ ပြစ် မှား ပါ စေ ၊ အမြဲ ခွင့် လွှတ် ပေး ရ ပါ မယ်။ ဘာ လို့ လဲ ဆို တော့ ၊  ပျက် စီး သွား တဲ့ ဆက် ဆံ ရေး ကို ပြန် လည် ထူ ထောင် ဖို့ ဘု ရား ရဲ့ မျက် မှောက် တော် အောက် မှာ တာ ၀န် ရှိ တဲ့ သူ တစ် ဦး ဖြစ် နေ လို့ ပါ။ သူ ဘယ် လောက် ပဲ ဖြစ် ဖြစ် ၊ ဘယ် နှစ် ကြိမ် ပဲ ဖြစ် ဖြစ် သင့် ကို ပြစ် မှား နေ ပါ စေ၊ သူ့ ကို ဆုံး မ ပါ ၊ နောက် တ ရ တယ် ဆိုယင် ခွင့် လွှတ် ပါ (လုကာ၊ ၁၇း ၃- ၄)။
“သင် ခွင့် လွှတ် ယင်…သင် လည်း ခွင့် လွှတ် ခြင်း ခံ ရ ပါ မယ်”

ကျွန်ုပ် တို့ ခွင့် မ လွှတ် ယင် ၊ ဘု ရား က လည်း ကျွန်ုပ် တို့ ကို ခွင့် လွှတ် မှာ မ ဟုတ် ပါ။ သင့် နှ လုံး သား ထဲ မှာ ခ ရစ်တော် ရဲ့ ကယ် တင် ခြင်း ကို ယုံ ကြည် လက် ခံ ပါ တယ် ဆို တဲ့ “ယုံ ကြည် ခြင်း” ၀င် ရောက် အ သက် ၀င် လှုပ် ရှား ဖို့ က ၊ သင့် နှ လုံး သား ထဲ က အ ညစ် အကြေး တွေ ကို အ ယင် ရှင်း ဖို့ လို ပါ တယ်။ ဒီ အ ညစ် အကြေး တွေ ကို ရှင်း လင်း ပေး မဲ့ တစ် ခု တည်း သော အ ရာ ကတော့ သင့် နှ လုံး သား ထဲ က နေ တစ် ပါး သူ အား ခွင့် လွှတ် ပေး တတ် တဲ့ ခွင့် လွှတ် ခြင်း ဖြစ် နေ လို့ ပါ ပဲ။ ဒါ အ ပြင် ၊ ဒီ ခွင့် လွတ် တတ် တဲ့ နှ လုံး သား ဟာ ဘု ရား သခင့် ရှေ့ မှောက် ဆု တောင်း ပဌ နာ မ ပြု ခင် ဦး ဆုံး ကြို တင် ပြီး ရှိ နေ ရ မဲ့ ၊ မ ရှိ မ ဖြစ် တဲ့ အ ရာ လည်း ဖြစ် ပါ တယ်။ အ ခြား သူ တွေ ကိုယ့် ကို ပြစ် မှား လာ တဲ့ အ ခါ အဲ ဒီ လူ တွေ ကို အ ဆိုး မြင် ခြင်း၊ နာ ကြင် စေ တဲ့ လုပ် ရပ် တွေ နဲ့ ပြန် လည် တုန့် ပြန် မယ် ဆို ယင် ဖြင့် အ မှောင် ထု ထဲ မှာ အ သက် ရှင် ဖို့ ကိုယ့် အ သက် တာ ကို စာ တန် လက် သို့  ခွင့် ပြု လိုက် တာ ၊ အပ် လိုက် တာ နဲ့ အ တူ တူ ပါ ပဲ။ ကိုယ် ဘယ် လောက် ပဲ မှန် မှန်၊ သူ ဘယ် လောက် ပဲ မှား မှား ကိုယ် ခွင့် လွှတ် ခြင်း ခံ ရ သူ ဖြစ် ဖို့ သူ တို့ ကို လည်း ခွင့် လွှတ် ပေး ရ ပါ မယ်။ ဒါ ကြောင့် ဘု ရား သခင် ရဲ့ ကု စား ပေး ခြင်း ခံ ရ ဖို့၊ အ သက် တာ ပြန် လည် ပြု ပြင် ထူ ထောင် နိုင် ဖို့ က ဘု ရား ကို နှ လုံးသား နဲ့ လက် ခံ ဖို့ ပါ ပဲ။ စာ တန် ရဲ့ ခါးသီး လှ တဲ့ လက် နက် တွေ ကို တော့ အ မြစ် လေး တောင် အစွဲ မ ခံ ပါ စေ နဲ့။ ခါးသီး ခြင်း ဆို တာ နာ ကြင် မှု တွေ များ စွာ နဲ့ ပါ၊ ခွင့် လွှတ် ခြင်း က တော့ နာ ကြင် မှု အ ပေါင်း ချုပ် ငြိမ်း သွား ခြင်း တွေ သာ။

ဝိညာဉ် မီးအိမ် (ခရစ်ယာန်စာပေစုစည်းမှု)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...