● သေ ချာ သော အ ခြေ ခံ အုပ် မြစ် ချ ခြင်း ၏ အ ရေး ကြီး ပုံ ...



နိ ဒါန်း။
အ ခြေ ခံ အုပ် မြစ် ဆို တာ အ ဆောက် အ ဦ ဆောက် လုပ် တိုင်း အ ခြေ ခံ ပြီး မှ ဆောက် လုပ် ရ တဲ့ အ ရာ တစ် ခု ဖြစ် ပါ တယ်။ အ ဆောက် အ ဦး တစ် ခု လုံး ကို အဲ ဒီ အ ခြေ ခံ အုပ် မြစ် က အ ဓိ က သယ် ပိုး ထား ရ ပါ တယ်။ အ ဆောက် အ ဦး ရဲ့ ရှိ ရှိ သ မျှ အ စိတ် အ ပိုင်း တွေ အား လုံး ဟာ အဲ ဒီ အ ခြေ ခံ အုပ် မြစ် အ ပေါ် မှာ မူ တည် နေ ပါ တယ်။ ဒါ ကြောင့် အဲ ဒီ အ ခြေ ခံ အုပ် မြစ် သာ ကောင်း မယ် ၊ သေ ချာ မယ် ၊ နက် နက် ချ ထား မယ် ဆို ယင် ၊ ဘယ် လို အန္ဒ ရယ် က မှ ဖြို ချ နိုင် မှာ မ ဟုတ် သ လို၊ အဲ ဒီ လို အ ခြေ ခံ မ ကောင်း ဘူး ဆို ယင် တော့ အ န္ဒ ရယ် ကြုံ လာ တာ နဲ့ ပြို ကျ ပျက် စီး ဖို့ သေ ချာ ပါ တယ်။

ခ ရစ် တော် ရဲ့ တ ပည့် တော် ဖြစ် ကြ တဲ့ ကျွန်ုပ် တို့ ဟာ လည်း ၀ိညာဉ် ရေး အ ဆောက် အ ဦ ဖြစ် ကြ ပါ တယ်။ သ မ္မာ ကျမ်း စာ ထဲ မှာ ဖေါ် ပြ ထား တာ တွေ က တော့၊- (၁ကော ၆း ၁၉) မှာ “သန့် ရှင်း သော ၀ိညာဉ် တော် ၏ ဗိ မာန်”၊ (၁ကော ၃း ၁၆) မှာ “ဘု ရား သ ခင် ၏ ဗိ မာန် တော်”၊ (၁ကော ၃း ၉) မှာ “ဘု ရား သ ခင် ၏ ဥ ယျာဉ် တော် ၊ ဘု ရား သ ခင် ၏ ကျောင်း တော် တိုက်”၊ (၁ပေ ၂း ၅) မှာ “ဓမ္မ တိုက်” ဆို ပြီး ဖေါ် ပြ ထား တာ တွေ့ ရ ပါ တယ်။ အဲ ဒီ အ ဆောက် အ ဦ ကို သူ့ ဟာ နဲ့ အ စီ အ စဉ် တ ကျ ဆောက် ထား မယ် ဆို ယင်၊ မြင့် ပေ မဲ့ လည်း ခိုင် ခန့် မှု ရှိ မယ်၊ ဒါ့ အ ပြင် ကြုံ လာ ရ မယ့် ဘေး အန္ဒ ရယ် အ မျိုး မျိုး ကို လည်း ခံ နိုင် ရည် ရှိ မှာ သေ ချာ ပါ တယ်။

အ ခြေ ခံ အုပ် မြစ် ဖြစ် တဲ့ ယေ ရှု ခ ရစ် တော်၊-
“အ ကြောင်း မူ ကား ၊ ယေ ရှု ခ ရစ် တည်း ဟူ သော ချ လျှက် ရှိ သော တိုက် မြစ် မှ တစ် ပါး အ ခြား သော တိုက် မြစ် ကို အ ဘယ် သူ မျှ မ ချ နိုင်” (၁ကော ၃း ၁၁) …

အ ဆောက် အ ဦး တစ် ခု အ တွက် အ ကောင်း ဆုံး အ ခြေ ခံ အုပ် မြစ် ဆို တာ က တော့ အ ဆောက် အ ဦ ရဲ့ အောက် ဆုံး မှာ ချ ထား တဲ့ ကျောက် တုံး တွေ ပါ ပဲ။ အ ခြား အ လွှာ တွေ မှာ ထပ် ဆင့် တည် ထား တဲ့ ကျောက် စ ရစ်၊ သဲ ၊ ရွံ့၊ အ ပေါက် ပါ တဲ့ ကျောက် တွေ ၊ အုတ် တွေ က တော့ ပြို ကျ နိုင် တဲ့ အ ရာ တွေ ဖြစ် ပါ တယ်။ ဒါ ကြောင့် အ ခြေ ခံ အုပ် မြစ် ကို တော့ ခိုင် ခန့် ပြီး ထု ကြီး တဲ့ ကျောက် တုံး ကြီး တွေ နဲ့ ဆောက် ထား တာ ဖြစ် ပါ တယ်။ ကျွန်ုပ် တို့ ခ ရစ် ယာန် အ သက် တာ ဆို တာ ဟာ လည်း ဒီ အ တိုင်း ပါ ပဲ။ ခ ရစ် တော် ဆို တဲ့ အ ခြေ ခံ အုပ် မြစ် က လွဲ ပြီး ၊ ဘယ် အုပ် မြစ် ကို မှ မှီ ခို ပြီး မ ဆောက် သင့် ပါ ဘူး။ ခ ရစ် တော် သာ လျှင် ကျွန်ုပ် တို့ ရဲ့ ကျောက် ဖြစ် ပါ တယ်
“ထို သူ တို့ နောက် ၌ ထွက် သော ဓမ္မ ကျောက် မှ ထွက် သော ရေ ကို သောက် ကြ ၏။ ထို ကျောက် ကား ခ ရစ် တော် ပေ တည်း” (၁ ကော ၁၀း ၄)။

ဒါ ကြောင့် ခ ရစ် တော် ဆို တဲ့ အ ခြေ ခံ အုတ် မြစ် ပေါ် က လွဲ ပြီး ဘယ် အုတ် မြစ် ပေါ် မှာ မှ အ သက် တာ ကို မ တည် ဆောက် သင့် ပါ ဘူး။ တ နည်း ပြော ရ ယင် ခ ရစ် တော် ရဲ့ ပံ့ ပိုး မ စ မှု မ ရ နိုင် တဲ့ အုတ် မြစ် တွေ အ ပေါ် မှာ ထပ် ဆင့် မ တည် ဆောက် သင့် သ လို ၊  ခ ရစ် တော် ဆို တဲ့ အုပ် မြစ် ပေါ် မှာ သ မ္မာ တ ရား နဲ့ မ ညီ တဲ့ အ ရာ တွေ နဲ့ လည်း ထပ် ဆင့် မ တည် ဆောက် ရ ဘူး။ တည် ဆောက် မိ ခဲ့ ယင် ၊ မီး အား ဖြင့် တ ရား စီ ရင် မယ့် နေ့ မှာ ကိုယ် ထပ် ဆင့် တည် ဆောက် ခဲ့ တဲ့ အ ရာ တွေ အ တိုင်း ပြန် လည် ရ ရှိ ခံ စား ရ ပါ လိမ့် မယ် (၁ကော ၃း ၁၀- ၁၅)။ ခ ရစ် တော် ဟာ ၊ ခ မည်း တော် ဘု ရား လုပ် ဆောင် နေ တာ တွေ ကို သူ သိ မြင် တဲ့ အ တိုင်း ကျွန်ုပ် တို့ ကို ပံ့ ပိုး ပေး နေ တဲ့ အ ရှင် ဖြစ် ပါ တယ် (ယော ၅း ၁၉)။ ကျွန်ုပ် တို့ အ နေ နဲ့ လည်း ၊ ကိုယ့် အ သက် တာ ကို ဘု ရား သ ခင် ဘယ် လို အ လို ရှိ သ လဲ ဆို တာ ဘု ရား သ ခင် ထံ တောင်း ခံ နေ ဖို့ နဲ့ ရ ရှိ တဲ့ အ ဖြေ အ တိုင်း အ သက် တာ မှာ လက် တွေ့ အ သက် ရှင် သွား ဖို့ အ ရေး ကြီး ပါ တယ်။

ကျောက် နဲ့ သဲ (မြေ သား)၊-
“ငါ့ စ ကား ကို နား မ ထောင် ဘဲ လျှက် ၊ ငါ့ ကို သ ခင် သ ခင် ဟု အ ဘယ် ကြောင့် ခေါ် ကြ သ နည်း။ ငါ့ ထံ သို့ လာ ၍ ၊ ငါ့ စ ကား ကို ကြား သည့် အ တိုင်း နား ထောင် သော သူ သည် အ ဘယ် သူ နှင့် တူ သ နည်း ဟူ မူ ကား၊ တိုက် ကို တည် ဆောက် သော အ ခါ နက် စွာ တူး ၍ ၊ ကျောက် ပေါ် မှာ တိုက် မြစ် ချ သော သူ နှင့် တူ ၏။ မြစ် ရေ ထ သ ဖြင့် ရေ စီး ၍ ထို တိုက် ကို ရိုက် ခတ် သော အ ခါ ကျောက် ပေါ် မှာ တည် လျှက် ရှိ သော ကြောင့် မ လှုပ် နိုင် ရာ၊ ငါ့ စကား ကို ကြား ၍ နား မ ထောင် သော သူ မူ ကား အ ခု အ ခံ မ ရှိ ပဲ  မြေ ပေါ် မှာ တိုက် ကို တည် သော သူ နှင့် တူ ၏။ ရေ စီး ၍ ထို တိုက် ကို ရိုက် ခတ် သော အ ခါ၊ ချက် ချင်း လဲ ၍ အ ကုန် အ စင် ပြို ပျက် လေ သည် ဟု ဟော တော် မူ ၏” (လု ၆း၄၆-၄၉)။

ခ ရစ် တော် က အိမ် ဆောက် လုပ် တဲ့ နည်း လမ်း (၂) မျိုး နဲ့ ဥ ပ မာ ပေး သွန် သင် ထား တာ တွေ့ နိုင် ပါ တယ်။ တစ် မျိုး က မြဲ မြံ ခိုင် ခန့် မှု မ ရှိ တဲ့ သဲ မြေ သား ပေါ် တည် ဆောက် ခြင်း နဲ့ ၊ နောက် တစ် မျိုး က မြဲ မြံ ခိုင် ခန့် မှု ရှိ တဲ့ ကျောက် ပေါ် တည် ဆောက် ခြင်း ဖြစ် ပါ တယ်။ လူ အ များ ၊ ခ ရစ် ယာန် တော် တော် အ ပါ ၀င် တွေ ဟာ ရုပ် ၀ တ္ထု ပိုင်း ကို ဦး စား ပေး တဲ့ ၀ါ ဒ၊ တိုး တက် ကြီး ပွား ချမ်း သာ လို စိတ်၊ အား က စား၊ လော ကီ ပ ညာ ရေး၊ လူ့ ဥာဏ် နဲ့ လူ့ အ တွေး အ ခေါ်၊ လူ့ ထုံး တမ်း အ စဉ် အ လာ အ စ ရှိ တဲ့ မ တည် မြဲ တဲ့ (ပြောင်း လဲ နေ ခြင်း) အုတ် မြစ် တွေ အ ပေါ် ဘ ၀ ကို အ ခြေ ခံ ချ အ သက် ရှင် ကြ ပါ တယ်။ မ ပြောင်း လဲ ၊ မြဲ မြံ ခိုင် ခန့် တဲ့ ကျောက် မြစ် ဆို တာ က တော့၊ ခ ရစ် တော် ယေ ရှု သ ခင် (သ မ္မာ တ ရား)ပဲ ဖြစ် ပါ တယ်။ အ ထက် မှာ ဖေါ် ပြ ထား တဲ့ (လု ၆း ၄၆- ၄၉) မှာ ပါ တဲ့ ကျမ်း စ ကား တွေ ရဲ့ အ နက် အ ဓိ ပ္ပါယ် ကို ဖော် ပြ လို ပါ တယ်၊-

(၁)ညီ ညွှတ် မျှ တ စွာ ဖွဲ့ စည်း တည် ဆောက် ခြင်း၊
-ငါ့ ထံ သို့ လာ သော သူ(ခ ရစ် တော် နှင့် ဆက် သွယ် သော သူ)
-ငါ့ စ ကား ကို ကြား ခြင်း(ခ ရစ် တော် ရဲ့ စ ကား တော် ကို ကြား ခြင်း)
-ကြား သည့် အ တိုင်း နား ထောင် ခြင်း(ဘု ရား သ ခင့် အ လို တော် ကို လုပ် ဆောင် ခြင်း)

(၂)ကြား ရ ပေ မယ့် လည်း မ လိုက် မ နာ ခြင်း၊
“ငါ့ စ ကား ကို နား မ ထောင် ဘဲ လျှက် ၊ ငါ့ ကို သ ခင် သ ခင် ဟု အ ဘယ် ကြောင့် ခေါ် ကြ သ နည်း။ နှုတ် က ပတ် တော် ကို သိ တယ်၊ ဘာ ပြော သ လဲ ဆို တာ လည်း နား လည် တယ်၊ ဒါ ပေ မဲ့ ဘ ၀ မှာ လက် တွေ့ အ သက် မ ရှင် ဘူး။
ထို ကြောင့်၊ ခပ် သိမ်း သော ညစ် ညူး ခြင်း၊ မနာ လိုသော စိတ် လွန် ကျူး ခြင်းကို ပယ် ရှား ၍၊ သင် တို့ စိတ် ဝိညာဉ် ကို ကယ် တင် နိုင် သော၊ အ ထဲ ၌ စိုက် ပျိုး သော နှုတ် က ပတ် တရား ကို နူး ညံ့ သိမ် မွေ့ သော စိတ် နှင့် ခံ ယူ ကြ လော့။ ကိုယ် ကို ကိုယ် လှည့် ဖြား ၍၊ နှုတ် ကပတ် တရား ကို နာရုံ မျှ သာပြု သော သူ မ ဟုတ်၊ တ ရား ကို ကျင့် သော သူ ဖြစ် ကြ လော့။ တရား ကို မ ကျင့် ဘဲ နာ ရုံ မျှ သာ ပြု သော သူ မည် သည် ကား၊ မှန် ၌ မိမိ ပက တိ မျက်နှာ ကို ကြည့် သော သူ နှင့် တူ ၏။ အ ကြောင်း မူ ကား၊ ကိုယ် ကို ကိုယ် ကြည့် ပြီး မှ၊ အခြား သို့ သွား ၍ မိ မိ အ ဆင်း သ ဏ္ဌာန် ကို ချက် ခြင်း မေ့ လျော့ တတ် ၏။ လွှတ်ခြင်း နှင့် စပ် ဆိုင် ၍ စုံ လင် သော တရား ၌ စေ့ စေ့ ကြည့် ရှု ၍ တည် ကြည် သော သူ မူ ကား၊ တ ရား နာ ၍ မေ့ လျော့ သော သူ မ ဟုတ်၊ အ ကျင့် ကျင့် သော သူ ဖြစ် သ ဖြင့်၊ မိ မိ ကျင့် သော အ ကျင့် ၌ မ င်္ဂ လာ ရှိ သော သူ ဖြစ် ၏။
(ယာ ကုပ် ၁း ၂၁- ၅)။

၃။ နှုတ် က ပတ် တော် ကို ကြား သည့် အ တိုင်း နား ထောင် သော သူ သည် အ ဘယ် သူ နှင့် တူ သ နည်း။
“တိုက် ကို တည် ဆောက် သော အ ခါ နက် စွာ တူး ၍ ၊ ကျောက် ပေါ် မှာ တိုက် မြစ် ချ သော သူ နှင့် တူ ၏။” အဲ ဒီ လို လူ မျိုး ဟာ သူ နဲ့ အ ခြေ ခံ အုတ် မြစ် ကြား က ရှိ ရှိ သ မျှ အ ရာ အား လုံး ကို ဖယ် ရှား တဲ့ သူ ၊ အ ခြေ ခံ အုပ် မြစ် ကျောက် နဲ့ တစ် သား တည်း ဖြစ် ဖို့ နက် ရှိုင်း စွာ တွင်း တူး တဲ့ သူ၊ အဲ ဒီ အ ခြေ ခံ အုတ် မြစ် ကျောက် နဲ့ တစ် ဆက် တည်း တစ် သား တည်း ရှိ နေ တဲ့ သူ မျိုး ဖြစ် ပါ တယ်။

၎။ ဘာ ကြောင့် များ အ ခြေ ခံ အုတ် မြစ် ကျောက် ပေါ် မှာ တည် ဆောက် ရ တာ လဲ။
“မြစ် ရေ ထ သ ဖြင့် ရေ စီး ၍ ထို တိုက် ကို ရိုက် ခတ်” မှု ဒ ဏ် တွေ ကို ကြံ့ ကြံ့ ခံ ရင် ဆိုင် နိုင် ဖို့ ဖြစ် ပါ တယ်။ “သင် တို့သည် မိန့် တော် မူ သော သူ ၏ စ ကား တော် ကို မ ငြင်း မ ပယ် မည် အ ကြောင်း သ တိ ပြု ကြ လော့။ မြေ ကြီး ပေါ် မှာ ဗျာ ဒိတ် တော် ကို ဆင့် ဆို သော သူ ၏ စ ကား ကို ငြင်း ပယ် သော သူ တို့ သည် အ ပြစ် မ လွတ် ရ သည် မှန် လျှင်၊ ထို မှ မျှ မ က၊ ကောင်း ကင် ဘုံ က မိန့် တော် မူ သော သူ ၏ စ ကား ကို ငါ တို့ သည် နား မေ ထာင် ဘဲ နေ လျှင်၊ သာ ၍ ကြီး စွာ သော အ ပြစ် နှင့် အ ဘယ် သို့ ကင်း လွတ် နိုင် မည် နည်း။ အ ထက် က ဗျာ ဒိတ် တော် အ သံ သည် မြေ ကြီး ကို လှုပ် သည် ဖြစ် ၍၊ ယခု တ ဖန် ငါသည် မြေ ကြီး နှင့် ကောင်း ကင် ကို လှုပ် ဦး မည် ဟု ဂ တိ တော် ရှိ ၏။ တ ဖန် ဟူ သော စ ကား ၏ အ ဓိ ပ္ပါယ် ကား၊ မ လှုပ် သော အ ရာ တို့ ကို တည် စေ ခြင်း ငှါ၊ လှုပ် သော အ ရာ တို့ ကို လော ကီ အရာ ကဲ့ သို့ ပယ် ဖျက် လိမ့် မည် ဟု ဆို လို သ တည်း။ ထို့ ကြောင့်၊ ငါတို့ သည် မလှုပ် နိုင် သော နိုင်ငံ ကိုရ သည် ဖြစ် ၍၊ ခန့် ညား ကြောက် ရွံ့ သော သ ဘော နှင့် ဘု ရား သ ခင် ကို လျောက် ပတ် စွာ ဝတ် ပြု နိုင် မည် အ ကြောင်း၊ ကျေး ဇူး တော် ကို စွဲ လမ်း ကြ ကုန် အံ့။  ငါတို့ ဘုရား သခင် သည် လောင် သော မီး ဖြစ် တော် မူ ၏” (ဟေဗြဲ ၁၂း၂၅-၂၉)။
ဒီ လို ပဲ လူ့ ဘ ၀ ဟာ လည်း မုန် တိုင်း ဒဏ် ခံ နိုင် ရည် ရှိ ဖို့ ခ ရစ် တော် ဆို တဲ့ အ သက် ကျောက် အုတ် မြစ် အ ပေါ် မှာ စွဲ မြဲ စွာ တည် ဆောက် ဖို့ လို ပါ တယ်။

၅။ ကျောက် ပေါ် မှာ တည် ထား တဲ့ အိမ် ရဲ့ အ ခြေ အ နေ။
ကျောက် ပေါ် မှာ တည် ဆောက် ထား တဲ့ အိမ် ကို မုန် တိုင်း ကျ ရောက် တဲ့ အ ခါ ၊ စေ့ စေ့ စပ် စပ် သေ သေ ချာ ချာ ဆောက် လုပ် ထား သ လို ၊ ခိုင် မာ တဲ့ ကျောက် မြစ် အ ပေါ် အုပ် ဖြစ် ချ ထား တဲ့ အ တွက် ၊ လှုပ် ခါ မှု တောင် ရှိ မှာ မ ဟုတ် ဘူး။ ခ ရစ် ယာန် ယုံ ကြည် သူ တစ် ဦး ရဲ့ ဘ ၀ အ သက် တာ မှာ လည်း ၊ ဘ ၀ မုန် တိုင်း ဆို တာ တွေ ရှိ ပါ တယ်။ ဒါ ကြောင့် နှုတ် က ပတ် တော် ကို ကြား နာ ပြီး ၊ နာ ခံ လိုက် လျှောက် တဲ့ ယုံ ကြည် သူ ခ ရစ် ယာန် ဖြစ် မယ် ဆို ယင် ၊ အဲ ဒီ ဘ ၀ မု န် တိုင်း တွေ က ဘ ၀ ကို လှုပ် ခါ စေ မှာ မ ဟုတ် ပါ ဘူး။

၆။ ခ ရစ် ယာန် အ သက် တာ တည် ဆောက် နေ ချိန် သက် ရောက် လာ မယ့် အ န္ဒ ရယ် များ။
“အ ကြင် သူ သည် ငါ ဟော ပြော သော ဤ စ ကား ကို ကြား ၍ နား ထောင် ၏၊ ထို သူ သည် ကျောက် ပေါ် မှာ အိမ် ဆောက် သော ပညာ ရှိ နှင့် တူ ကြောင်း ကို ငါ ပုံ ပြ မည်။ မိုဃ်း ရွာ ရေ စီး သည် နှင့် လေ လာ ၍ ထို အိမ် ကို တိုက် သည် ရှိ သော်၊ ကျောက် ပေါ် မှာ တည် သော ကြောင့် မ ပြို မ လဲနေ ၏” (မသဲ ၇း ၂၄)။

“အ ကြင် သူ သည် ငါ ဟော ပြော သော ဤ စ ကား ကို ကြား ၍ နား မ ထောင် ဘဲ နေ ၏၊ ထို သူ သည် သဲ ပေါ် မှာ အိမ် ဆောက် သော လူ မိုက် နှင့် တူ ကြောင်း ကို ငါ ပုံ ပြ မည်။ မိုဃ်း ရွာ ရေ စီး သည် နှင့် လေ လာ ၍ ထို အိမ် ကို တိုက် သော အ ခါ၊ ကြီး စွာ သော ပြို လဲ ခြင်း သို့ ရောက် လေ သည် ဟု ဟော တော် မူ ၏” (မသဲ ၇း ၂၆- ၂၇)။

၇။ အ ခြေ ခံ အုပ် မြစ် မ ရှိ ပဲ ဆောက် ထား တဲ့ အိမ် တွေ ဘာ ဖြစ် မ လဲ။
ကျွန်ုပ် တို့ အ ခြေ ခံ အုန် မြစ် ကို နက် ရှိုင်း စွာ တူး ပြီး သန့် ရှင်း သော ၀ိညာဉ် တော် ရဲ့ လမ်း ပြ ခြင်း၊ မိ သ ဟာ ယ ဖွဲ့ ခြင်း ဆို တာ တွေ နဲ့ ကိုယ့် ရဲ့ ဘ ၀ အိမ် ကို ဆောက် ဖို့ လို ပါ တယ်။ ဒါ မှ မ ဟုတ် ယင် တော့ ဘ ၀ မု န် တိုင်း ကျ ရောက် တဲ့ အ ခါ ပြို ကျ ပျက် စီး ဖို့ သေ ချာ သ လောက် ရှိ နေ ပါ တယ်။

ကျွန်ုပ် တို့ ခ ရစ် ယာန် အ သက် တာ ရဲ့ အ ခြေ ခံ အုပ် မြစ် ချ တဲ့ အ ခန်း ကဏ္ဍ ဟာ သိပ် ကို အ ရေး ကြီး လှ ပါ တယ်။ ဘာ ကြောင့် လဲ ဆို ယင် ခ ရစ် ယာန် အ သက် တာ ဟာ အ ခြေ ခံ အုတ် မြစ် ချ ရုံ နဲ့ မ ပြီး သေး ပဲ ဆက် လက် ကြီး ထွား ရ မယ့် အ ပိုင်း တွေ လည်း ရှိ နေ ပါ သေး တယ်။ ဒါ ကြောင့် အ ခြေ ခံ အုပ် မြစ် ချ ခြင်း မှန် မှ ဆက် လက် ကြီး ထွား ဖို့ ဖြစ် နိုင် သ လို ၊ အ ခြေ ခံ အုတ် မြစ် မ မှန် ယင် တော့ ၊ ဘယ် လို မှ ကြီး ထွား ဖို့ မ ဖြစ် နိုင် ပါ ဘူး။

“ထို့ ကြောင့် ၊ သေ ခြင်း နှင့် စပ် ဆိုင် သော အ ကျင့် ကို နောင် တ ရ ခြင်း၊ ဘု ရား သ ခင် ကို ယုံ ကြည် ခြင်း၊ ဗတ္တိ ဇံ တ ရား ကို သွန် သင် ခြင်း၊ လက် ကို တင် ခြင်း၊ သေ လွန် သော သူ တို့ ၏ ထ မြောက် ခြင်း ၊ ထာ ၀ ရ စီ ရင် ဆုံး ဖြတ် ခြင်း တည်း ဟူ သော မူ လ အ မြစ် ကို ငါ တို့ သည် ပြန် ၍ မ တည် ဘဲ၊ ခ ရစ် တော် ၏ ဘာ သာ ၌ အ စ အ ဦး ဖြစ် သော အ ကြောင်း အ ရာ တို့ ကို ထား ၍ ၊ စုံ လင် သော အ ဖြစ် သို့ တက် ကြ ကုန် အံ့။ ဘု ရား သ ခင် အ ခွင့် ပေး တော် မူ လျှင်၊ ငါ တို့ သည် ထို သို့ ပြု ကြ မည်” (ဟေ ဗြဲ ၆း ၁- ၃)။

ဒါ တွေ က တော့ ခ ရစ် ယာန် ယုံ ကြည် ခြင်း ရဲ့ အ ခြေ ခံ အုတ် မြစ် တွေ ဖြစ် ပါ တယ်။ အ တွင်း ကျ ကျ ပြော ရ ယင် အ စား အ စာ မှာ ကျေ လွယ် တဲ့ အ စာ နဲ့ ကျေ ခဲ တဲ့ အ စာ ဆို ပြီး အ ကြမ်း အား ဖြင့် ရှိ ပါ တယ်။ နို့ စို့ က လေး တွေ ကို ကျေ လွယ် တဲ့ နို့ အ စာ ကို သာ တိုက်  ပြီး၊ သွား တွေ ပေါက် လာ မှ ပဲ ၀ါး လို့ ရ နိုင် တဲ့ ကျေ ခဲ တဲ့ အ စာ ကို ကြွေး ကြ လေ့ ရှိ ပါ တယ်။ အဲ ဒီ လို ပဲ ခ ရစ် တော် ဆို တဲ့ ခိုင် ခန့် မြဲ မြံ တဲ့ အုပ် မြစ် အ ပေါ် မှာ ချ တဲ့ အ ခြေ ခံ အုပ် မြစ် တွေ က တော့ နောင် တ ရ ခြင်း နဲ့ ယုံ ကြည် ခြင်း ပဲ ဖြစ် ပါ တယ်။ အဲ ဒီ အ ပေါ် မှာ မှ ဗိတ္တိဇံ တ ရား၊ လက် တင် ခြင်း၊ ထာ ၀ ရ စီ ရင် ခြင်း နဲ့ ဆိုင် တဲ့ ထပ် ဆင့် တည် ဆောက် ရ ပါ တယ်။ တ ကယ် တော့ ဒီ ယုံ ကြည် ချက် တွေ အား လုံး ဟာ၊ ခ ရစ် တော် ဆို တဲ့ ခိုင် ခန့် မြဲ မြံ တဲ့ အုတ် မြစ် ပေါ် မှာ တည် ဆောက် ထား တဲ့ ယုံ ကြည် ခြင်း အုပ် မြစ် တွေ ပဲ ဖြစ် ပါ တယ်။ ဒါ ကြောင့် ကျမ်း ရေး ဆရာ က ဒီ သွန် သင် ချက် တွေ ကို ကျေ လွယ် သော အ စာ လို့ ဆို ပြီး ၊ အ သက် တာ ရင့် ကျက် ကြီး ထွား ဖို့ ကျေ ခဲ တဲ့ သွန် သင် ချက် အ စာ တွေ ကို စား ပြီး ထပ် ဆင့် တည် ဆောက် ဖို့ တိုက် တွန်း ထား တာ ဖြစ် ပါ တယ်။ ဒါ့ အ ပြင် ထပ် ဆင့် တည် ဆောက် ချင် တိုင်း တည် ဆောက် လို့ မ ရ ကြောင်း၊ ဘု ရား သ ခင် အ ခွင့် ပေး မှ ထပ် ဆင့် တည် ဆောက် ခွင့် ရ မယ့် အ ကြောင်း တိုက် တွန်း ထား တာ လည်း တွေ့ ရ ပါ တယ်။ တ နည်း ပြော ရ ယင် ဘု ရား ရဲ့ ခွင့် ပြု ချက် မ ပါ ဘဲ ရင့် ကျက် ကြီး ထွား ဖို့ မ ဖြစ် နိုင် ပါ ဘူး။ ခ ရစ် တော် တည်း ဟူ သော အုတ် မြစ် အ ပေါ် မှာ မ မှန် မ ကန် တဲ့ ထပ် ဆင့် တည် ဆောက် မှု မျိုး ကို ဘု ရား က ခွင့် ပြု မှာ မ ဟုတ် ပါ ဘူး။ ၀ိညာဉ် ရေး ရာ ဓမ္မ တိုက် ကို ဘယ် လို နည်း နဲ့ မှ ဆောက် ဖို့ မ ဖြစ် နိုင် ပါ ဘူး။

ခ ရစ် ယာန် အ များ စု ဟာ ရင့် ကျက် ကြီး ထွား မှု မ ရှိ တာ တွေ့ ရ ပါ တယ်။ အ များ စု ဟာ ဟိုး လွန် ခဲ့ တဲ့ နှစ် ပေါင်း များ စွာ က အ ခြေ အ နေ ဖြစ် တဲ့ ဒု တိ ယ မွေး ဖွား ခြင်း အ ဆင့် မှာ ပဲ ရွာ လည် နေ ပါ တယ်။ တ ကယ် တော့ ဒီ အ ခြေ နေ ကို ကံ ဆိုး မိုး မှောင် ကျ တဲ့ အ ခြေ အ နေ တစ် ခု ဖြစ် ပါ တယ်။ ဒါ ကြောင့် အဲ ဒီ လို လူ မျိုး တွေ ဟာ သင် ယူ ခြင်း တွေ၊ တ ပည့် တော် ဖြစ် ခြင်း သင် တန်း တွေ တက် ရောက် သင် ကြား ခံ ယူ ဖို့ လို ပါ တယ်။

သူ တို့ တွေ ဟာ ခ ရစ် တော် ရဲ့ ၀ိညာဉ် ရေး ရာ နဲ့ ဆိုင် တဲ့ က လေး ပေါက် စ လေး တွေ ဖြစ် ပြီး၊ ၀ိညာဉ် ရေး ရာ နဲ့ ဆိုင် တဲ့ နို့ ကို သောက် ရုံ တင် မ က၊ ၀ိညာဉ် ရေး ရာ နဲ့ ဆိုင် တဲ့ အ စိုင် အ ခဲ တွေ ကို လည်း စား သုံး ဖို့ လို ပါ တယ်။
“ထို မေ လ ခိ ဇေ ဒက် ၏ အ ကြောင်း ကို ငါ တို့ ပြော စ ရာ စ ကား အ များ ရှိ ၏။ သို့ သော် လည်း၊ သင် တို့ သည် ဥာဏ် နုန့် သော ကြောင့် အ ပြော ခက် လှ ၏။ သင်တို့ သည် ကာလ ကြာ သော ကြောင့် ဆ ရာ အ ဖြစ် သို့ ရောက် သင့် သော် လည်း ၊ ဘု ရား သ ခင် ၏ ဗျာ ဒိတ် တော် ၌ ရှေး ဦး စွာ သင် ရ သော တ ရား နု တို့ ကို သူ တ ပါး ထ့ ၌ တ ဖန် သင် ရ သော အ ကြောင်း ရှိ သည် ဖြစ် ၍ ၊ ကြေ ခဲ သော အ စာ ကို မ သုံး ဆောင်၊ နို့ ကို သာ သုံး ဆောင် ရ သော သူ ဖြစ် ကြ ၏။ နို့် ကို သာ သုံး ဆောင် သော သူ မည် သည် ကား၊ သူ ငယ် ဖြစ် သော ကြောင့် ဖြောင့် မတ် ခြင်း တရား ၌ လေ့ လာ ခြင်း မ ရှိ။ ကောင်း ကျိုး မ ကောင်း ကျိုး ကို ပိုင်း ခြား ၍ သိ နိုင် သော ဥာဏ် ပေး တတ် သော၊ အ ကြား အ မြင် အ တွေ့ အ စမ်း များ သော သူ တည်း ဟူ သော စုံ လင် သော အ ရွယ် ရှိ သော သူ တို့ မူ ကား၊ ကြေ ခဲ သော အ စာ အ ဟာ ရ ကို သုံး ဆောင် ရ ကြ ၏” (ဟေ ဗြဲ ၅း ၁၁- ၁၄)။

ခရစ် ယာန် အ သက် တာ မ ကြီး ထွား နိုင် ရ တဲ့ သက် သေ ခံ အ ထောက် အ ထား များ။
၁။ ကြား သော် လည်း သ ဘော မ ပေါက်။
အဲ ဒီ ခ ရစ် ယာန် ဟာ သူ့ ရဲ့ ၀ိညာဉ် အ သက် တာ ကြီး ထွား ဖို့ လေး လံ ထုံ ထိုင်း ပြီး၊ လုပ် ချင် ကိုင် ချင် စိတ် မ ရှိ တဲ့ ခ ရစ် ယာန် တွေ ဖြစ် ပါ တယ်။ သူ တို့ ရဲ့ ခ ရစ် ယာန် အ သက် တာ ကို မောင်း နှင် တာ မျိုး ၊ ဒါ မှ မ ဟုတ် တွန်း တာ မျိုး မ ရှိ ဘူး၊ အဲ ဒါ တွေ အား လုံး ဟာ မိ မိ ကိုယ် ၌ ရဲ့ စိတ် အား ထက် သန် မှု နဲ့ ဆိုင် တယ် ဆို ပေ မဲ လည်း၊ ဒီ လို ဖြစ် နေ တာ ကို က နှစ် ပေါင်း များ စွာ ကြာ ငြောင်း နေ ပါ ပြီ။
၂။ တာ ၀န် ယူ လို ခြင်း မ ရှိ ခြင်း။
လုံး ၀ ကို ရင့် ကျက် ကြီး ထွား မှု မ ရှိ တဲ့ ခ ရစ် တွေ ပါ။ က လေး က လား ပေါ့ ပျက် ပျက် နဲ့ က လေး ဆန် ဆန် အ သက် ရှင် နေ တဲ့ ခ ရစ် ယာန် တွေ ဖြစ် ပါ တယ်။ တ ကယ် တော့ သူ တို့ ဟာ ရင့် ကျက် တဲ့ သင် ကြား သူ တွေ ဖြစ် သင့် ပါ တယ်။

၃။ ပါ ၀င် မှု မ ရှိ ခြင်း။
အဲ ဒီ ခ ရစ် ယာန် တွေ ဟာ ဘာ ဆို ဘာ မှ ပါ ၀င် မှု မ ရှိ ဘူး။ အ ဖွဲ့ ၀င် တစ် ယောက် အ နေ နဲ့ ပဲ နှစ် ပေါင်း များ စွာ နေ လို ကြ တဲ့ ခ ရစ် ယာန် တွေ ကို ဆို လို ခြင်း ဖြစ် ပါ တယ်။

၎။ ကောင်း ကောင်း မွန် မွန် သ ဘော မ ပေါက် ခြင်း။
ဆိုး တာ က နေ ကောင်း ဖို့ ဘယ် လို လုပ် ရ မ လဲ ဆို တာ ကို မ သိ မ မြင် ပဲ အ ချိန် များ စွာ အ နှောင် အ ဖွဲ့ ထဲ မှာ ပဲ တ ၀ဲ လယ် လယ် ဖြစ် နေ တဲ့ ခ ရစ် ယာန် တွေ ကို ဆို လို တာ ဖြစ် ပါ တယ်။

၅။ ရပ် တည် ချက် အ ခိုင် အ မာ မ ရှိ ခြင်း။
ပြ သ နာ ကြုံ တိုင်း ၀ိညာဉ် ရေး ရာ ဟာ လိပ် ပြာ တွေ လို ပဲ ဒီ သင် ကြား မှု က နေ ဟို သင် ကြား မှု၊ ဒီ အ သင်း တော် က နေ ဟို အ သင်း တော် အ စ ရှိ သ ဖြင့် ရပ် တည် ချက် အ ခိုင် အ မာ မ ရှိ ( လေ တိုက် တဲ့ အ ခါ ဟို လွင့် ဒီ လွင့် တဲ့ ဖွဲ တွေ နဲ့ တူ )တဲ့ ခ ရစ် ယာန် တွေ ဖြစ် ကြ ပါ တယ်။

မ ရင့် ကျက် မ ကြီး ထွား ရ ခြင်း ရဲ့ အ ကြောင်း အ ရင်း များ။
၁။ စစ် မှန် တဲ့ ဒု တိ ယ မွေး ဖွား ခြင်း မ ခံ ခဲ့ ရ ခြင်း။
ဒု တိ ယ မွေး ဖွား ခံ ယူ ချိန် ရှင်း လင်း တဲ့ သက် သေ တွေ က တော့၊-
(က) သန့် ရှင်း သော ၀ိညာဉ် တော် ရဲ့ သက် သေ ခံ ခြင်း၊-
“ငါ တို့ သည် ဘု ရား သ ခင် ၏ သား ဖြစ် ကြ သည် ဟု ၀ိညာဉ် တော် သည် ငါ တို့ ၏ ၀ိညာဉ် နှင့် အ တူ သက် သေ ခံ တော် မူ ၏ (ရောမ ၈း ၁၆)။
(ခ) အ သစ် တစ် ဖန် ၊ ဖန် ဆင်း ခံ ရ ခြင်း၊-
“လူ မည် သည် ကား ခ ရစ် တော် ၌ ရှိ လျှင် အ သစ် ပြု ပြင် သော သတ္တ၀ါ ဖြစ် ၏။ ဟောင်း သော အ ရာ တို့ သည် ပြောင်း လဲ ၍ ခပ် သိမ်း သော အ ရာ တို့ သည် အ သစ် ဖြစ် ကြ ပြီ (၂ကော ၅း ၁၇)။
(ဂ) ဘု ရား သ ခင် ၏ စ ကား တော် ကို နာ ခံ လိုက် လျှောက် လို ခြင်း၊-
“ထို သ ခင် ကို ကိုယ် တိုင် သိ ကျွမ်း သည် ကို အဘယ် သို့ သိ ရ သ နည်း ဟူ မူ ကား၊ ပညာတ် တော် တို့ ကို စောင့် ရှောက် လျှင် သိ ရ သ တည်း” (၁ယော ၂း၃)။
(ဃ) အ ခြား ခ ရစ် ယာန် ယုံ ကြည် သူ များ ကို ချစ် မေ တ္တာ ထား တတ် ခြင်း၊-
“ငါ တို့ သည် ညီ အစ် ကို ချင်း တို့ ကို ချစ် သော ကြောင့်၊ သေ ခြင်း မှ အ သက် ရှင် ခြင်း သို့ ကိုယ် ကူး မြောက် သည် ကို ကိုယ် သိ ရ ကြ ၏။ မိမိ ညီ အစ် ကို မ ချစ် သော သူ သည် သေ ခြင်း ၌ တည် ၏” (၁ယော ၃း၁၄)။

(င) ဘု ရား သ ခင် ၏ အ လို တော် အ တိုင်း လုပ် ဆောက် ခြင်း၊-
“သ ခင်၊ သ ခင် ဟု ငါ့ ကို လျှောက် သော သူ တိုင်း ကောင်း ကင် နိုင် ငံ တော် သို့ ၀င် ရ လိမ့် မည် မ ဟုတ်။ ကောင်း ကင် ဘုံ ၌ ရှိ တော် မူ သော ငါ့ ခ မည်း တော် ၏ အ လို ကို ဆောင် သော သူ သာ လျှင် ၀င် ရ လိမ့် မည်” (မသဲ ၇း ၂၁)။
(စ) ဘု ရား သခင် အား တောင့် တ နေ တတ် ခြင်း၊-
“သ မင် ဒ ရယ် သည် ရေ စီး သော ချောင်း ကို တောင့် တ သ ကဲ့ သို့၊ အ ကျွန်ုပ် ၀ိညာဉ် သည် ကိုယ် တော် ကို တောင့် တ ပါ သည် ဘု ရား၊ ငါ့ ၀ိညာဉ် သည် ဘု ရား သ ခင် တည်း ဟူ သော အ သက် ရှင် တော် မူ သော ဘု ရား ကို ငတ် လှ ၏။ အ ဘယ် ကာ လ မှ ဘု ရား သခင့် ထံ တော် သို့ ရောက် ၍ မျက် နှာ ပြ ရ အံ့ နည်း” (ဆာ လံ ၄၂း ၁-၂)။

၂။ ငြင်း ပယ် ခြင်း။
မိမိ ရဲ့ ၀ိညာဉ် ရေး ရာ ကို ကြီး ထွား ရင့် ကျက် ဖို့ အ ဟန့် အ တား အ နှောက် အ ယှက် မ ရှိ ပေ မဲ့၊ လူ အ များ လွှင့် မျော နေ တဲ့ ပုံ စံ ခွက် ထဲ မျှော ပြီး လိုက် ပါ နေ ခြင်း ဖြစ် ပါ တယ်။

၃။ မ နာ ခံ ခြင်း။
ဘု ရား သ ခင် က တစ် ခု ခု လုပ် ဖို့ တောင်း နေ ပါ တယ်၊ ဘု ရား တောင်း တာ ကို သူ တို့ လုပ် ဖို့ ဆုံး ဖြတ် ချက် ချ တဲ့ အ ထိ ဘု ရား က စိတ် ရှည် လက် ရှည် စောင့် ဆိုင်း ပေး နေ ပါ တယ်။

၎။ နှစ် ဖက် ခွ အ သက် ရှင် ခြင်း။
(ရှော လု မုန် ၊ ၂း၁၅) ထဲ မှာ ပြော သ လို ပဲ ၊ အ သက် တာ မှာ စ ပျစ် သီး တွေ ကို ဖျက် ဆီး မယ့် မြေ ခွေး ပေါက် လေး တွေ ကို ခွင့် ပြု လက် ခံ တဲ့ အ သက် တာ နဲ့ တူ ပါ တယ်။ ဘု ရား နဲ့ ဆန့် ကျင် တဲ့ အ ရာ တွေ ကို ပဲ လုပ် ဆောင် ပြီး စီး တတ် သူ တွေ ဖြစ် ပြီး ၊ ဘု ရား ရဲ့ အ လို တော် ထက် သူ တို့ ရဲ့ တစ် ကိုယ် ကောင်း ဆန် ဆန် ကိုယ် ပိုင် ဆုံး ဖြတ် ချက် တွေ ၊ အ ကြံ အ စည် တွေ ပဲ ဦး စား ပေး လိုက် နာ အ သက် ရှင် တဲ့ သူ တွေ ဖြစ် ကြ ပါ တယ်။ တစ် ဖက် မှာ သူ တို့ အ တွက် အ ဆင် ပြေ ဖို့ နဲ့ တစ် ဖက် မှာ လည်း ဘု ရား သ ခင် နှစ် သက် ဖို့ ဆို တဲ့ နှစ် ဖက် ခွ အ ယူ အ ဆ နဲ့ ကြိုး စား အ သက် ရှင် နေ တဲ့ သူ တွေ ဖြစ် ကြ ပါ တယ်။ ဒါ ကြောင့် သူ တို့ ဟာ ဘု ရား အ ပေါ် မှာ သစ္စာ ရှိ ရှိ ၊ ဘု ရား အ တွက် အ ပြည့် အ ၀ ဆက် ကပ် အပ် နှံ အ သက် ရှင် ရ မယ့် အ စား၊ သူ တို့ အ သက် တာ ဟာ ဘု ရား ရဲ့ စိတ် တော် နဲ့ လည်း မ တွေ့၊ သူ တို့ ကိုယ် သူ တို့ လည်း စိတ် ပင် ပန်း ခြင်း များ စွာ နဲ့ အ တူ မ ချင့် မ ရဲ ၊ စိတ် ချ မှု မ ရှိ တဲ့ အ သက် တာ နဲ့ ဘ ၀ နိ ဂုံး ချုပ် ကြ ရ တဲ့ သူ တွေ ဖြစ် ကြ ပါ တယ်။

နိ ဂုံး။
နိ ဂုံး ချုပ် အ နေ နဲ့ တိုက် တစ် တိုက် ဆောက် လုပ် တဲ့ အ ခါ အ ခြေ ခံ အုပ် မြစ် မှန် ကန် ဖို့ လို သ လို ၊ ကျွန်ုပ် တို့ ရဲ့ ၀ိညာဉ် အ သက် တာ မှာ လည်း ခ ရစ် တော် တည်း ဟူ သော ချ လျှက် ရှိ တဲ့ ခိုင် ခန့် သေ ချာ တဲ့ အုပ် မြစ် အ ပေါ် ကြီးထွား ရင့် ကျင် တဲ့ ခ ရစ် ယာန် အ သက် တာ နဲ့ အ သက် ရှင် နိုင် ကြ ပါ စေ လို့ ဆု တောင်း မေတ္တာ ပို့ သ လျှက်….

ဝိညာဉ်မီးအိမ်(ခရစ်ယာန်စာပေစုစည်းမှု)….

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...