● မိ ခင် တစ် ဦး ရဲ့ နှ လုံး သား ...

အဓိကကျမ်းချက်၊-(မဿဲ ၁၅း၂၁-၂၈)
“ယေ ရှု သည် ထို အ ရပ် မှ ထွက် ၍ တု ရု မြို့ နှင့် ဇိ ဒုန် မြို့ ၏  ကျေး လက် သို့ ကြွ တော် မူ လျှင်၊ ခါ နာန် အ မျိုး ဖြစ် သော မိန်း မ တစ် ယောက် သည် ထို နယ် စပ် မှ ထွက် လာ ၍၊ ဒါ ဝိဒ် ၏ သား တော် ရှင်၊ ကျွန် မ ကို သ နား တော် မူ ပါ။ ကျွန် မ ၏ သ မီး သည် နတ် ဆိုး နှိပ် စက် ခြင်း ကို ပြင်း စွာ ခံ ရ ပါ သည် ဟု ဟစ် ကြော် သော် လည်း စကား တ ခွန်း မျှ ပြန် တော် မ မူ။ တ ပည့် တော် တို့ သည် ချဉ်း ကပ် ၍၊  ထို မိန်း မ ပြန် သွား ရ သော အ ခွင့် ကို ပေး တော် မူ ပါ။ ငါ တို့ နောက် သို့ လိုက် ၍ ဟစ် ကြော် လျက် နေ ပါ သည် ဟု တောင်း လျှောက် ကြ ၏။ ကိုယ် တော် က လည်း၊ ဣ သ ရေ လ အ မျိုး အဝင် ပျောက် လွင့် သော သိုး များ မှ တ ပါး အ ခြား သော အမျိုး ရှိရာ သို့ ငါ့ ကို မ စေ မ လွှတ် ဟု မိန့် တော် မူ ၏။ ထို မိန်း မ သည် ချဉ်း ကပ်  ၍ ပြပ် ဝပ် လျက် ကျွန်မ ကို ကယ် မ တော် မူ ပါ သ ခင် ဟု လျှောက် ပြန် လျှင်၊ ကိုယ် တော် က၊ သား ၏ အ စာ ကို ယူ ၍ ခွေး အား မ ပေး မချ အပ် ဟု ပြန် ပြော တော် မူ ၏။ မိန်း မ က လည်း မှန် ပါ ၏ သ ခင်၊ ခွေး မည် သည် ကား မိ မိ သ ခင် ၏ စား ပွဲ မှ ကျ သော စား နုပ် စား ပေါက် ကို စား မြဲ ထုံး စံ ရှိ ပါ ၏ ဟု လျှောက် ပြန် လျှင်၊ အို မိန်း မ၊ သင် သည် ယုံ ကြည် အား ကြီး လှ ပြီ။ သင့် အ လို ရှိ သည် အ တိုင်း  သင်၌ ဖြစ် စေ ဟု မိန့် တော် မူ ၏။ ထို အ ချိန် မှ စ ၍ ထို မိန်း မ ၏ သ မီး သည် ကျန်း မာ ပ က တိ ဖြစ် လေ ၏။”
House ဆို တဲ့ အိမ် နဲ့၊ Home ဆို တဲ့ အိမ် က အ ဓိ ပ္ပါယ် ကွာ ခြား လှ ပါ တယ်။ အ နှစ် သာ ရ လည်း တစ် ခြား စီ ပါ။ House ဆို တာ အ သက် မ ပါ၊ စိတ် ဓါတ် မ ပါ၊ နှ လုံး သား မ ပါ၊ သံ ယော ဇဉ် မ ပါ တဲ့ အိမ် ပါ။ Home ဆို တာ က တော့ နက် နဲ တဲ့ အ ဓိ ပ္ပါယ် ရှိ ပြီး၊ သက် ၀င် လှုပ် ရှား မှု၊ စိတ် ဓါတ် ရေး ရာ၊ ချစ် ချင်း မေတ္တာ သံ ယော ဇဉ် ကြိုး၊ သစ္စာ ဂ တိ အစ ရှိ တဲ့၊ inner being အ ထိ အ တွင်း ကျ ကျ ဆောင် ရွက် မှု တွေ ပါ ၀င် နေ ပါ တယ်။
ဒါကြောင့် ခရစ်ယာန်အိမ်ထောင် တစ်ခုမှာ၊
*ဘုရားသခင်ဟာ အိမ်ထောင်ရဲ့ “ဦးခေါင်း”
*ဖင်ခင်ဟာ အိမ်ထောင်ရဲ့ “ဦးနှောက်”
*မိခင်ဟာ အိမ်ထောင်ရဲ့ “နှလုံးသား”
*သားသမီးတွေဟာ အိမ်ထောင်ရဲ့ “အသီးအပွင့်” လို့ဆိုရိုးစကားရှိပါတယ်။
ဒီ ဆို ရိုး စကား အ တိုင်း သာ ဆို ယင်၊- မိ ခင် တွေ ဟာ အိမ် ထောင် တွေ ရဲ့ “နှ လုံး သား တွေ” ပဲ ဖြစ် ပါ တယ်။ သ မ္မာ ကျမ်း စာ ထဲ က နတ် ဆိုး နှိပ် စက် ခံ ရ တဲ့ သ မီး ရဲ့ မိ ခင် နှ လုံး သား က တော့…
The Heart of a Mom is Caring
(ဂ ရု တ စိုက် ပြု စု စောင့် ရှောက် ပေး တတ် သည့် မိ ခင် တစ် ဦး ရဲ့ နှ လုံး သား)
The Heart of a Mom is Discerning
(ထိုး ထွင်း သိ မြင် သော မိ ခင် တစ် ဦး ရဲ့ နှ လုံး သား)
The Heart of a Mom is Helpful
(အား ကိုး စိတ် ချ ရ သော မိ ခင် တစ် ဦး ရဲ့ နှ လုံး သား)
The Heart of a Mom is Persistent
(မ ကုန် မ ဆုံး သည့် ဖြစ် မိ ခင် တစ် ဦး ရဲ့ နှ လုံး သား)
The Heart of a Mom is Full of Faith
(ယုံ ကြည် မှု အ ပြ ည့် အ ၀ ရှိ သည့် မိ ခင် တစ် ဦး ရဲ့ နှ လုံး သား) ဆို ပြီး တွေ့ ရ ပါ တယ်။ 
မိ ခင် တိုင်း ဟာ သူ တို့ လုပ် ဆောင် နေ ကြ ရတဲ့ အ လုပ် တော် တော် များ များ ကို ကျေး ဇူး တင် ခံ လို တဲ့ စိတ် မ ရှိ ပဲ မေ တ္တာ စိတ် သက် သက် နဲ့ လုပ် နေ ကြ ရ တဲ့ သူ တွေ ဖြစ် ကြ ပါ တယ်။ အ ထူး သ ဖြင့် ထိန်း သိမ်း စောင့် ရှောက် ပြု စု ပျိုး ထောင် ရ တဲ့ အ လုပ် တွေ ပို လုပ် ရ ပါ တယ်။
မိ ခင် တွေ ဟာ၊-
-မိ သား စု အ တွက် မျှော် လင့် ချက် တွေ နဲ့ အ ရာ ရာ ကို လုပ် တတ် ကြ တယ်။
-သူ နာ ပြု လို ဆ ရာ ၀န် လို၊ ဂ ရု ပြု လမ်း ညွှန် သူ လို လည်း လုပ် ရ တယ်။
-ခ ဏ လေး သာ မှေး အိပ် ခွင့် ရ ကြ တဲ့ သူ တွေ လို့ လည်း ပြော နိုင် တယ်။
-သား သ မီး တွေ အိပ် ပြီး မှ ပဲ နောက် ဆုံး အိပ် ရ တဲ့ သူ လည်း ဖြစ် တယ်။
-သား သ မီး အ တွက် အ မေ ဆို တဲ့ တာ ၀န် ရှိ သ လို ၊ ခင် ပွန်း သည် အ တွက် ဇ နီး မ ယား ဆို တဲ့ တာ ၀န် ကို ယူ ရ တယ်။
-မျက် နှာ ပြုံး ပြုံး လေး ထား ပြီး၊ ချို သာ တဲ့ နှ လုံး သား နဲ့ အိမ် ထောင့် တာ ၀န် ကို ထမ်း ဆောင် ကြ တယ်
 ဒါ ကြောင့် .. (“မိ ခင် တွေ ဟာ ကြံ့ ခိုင် တဲ့ စိတ် ထား ရှိ သူ များ လည်း ဖြစ် ကြ ပါ တယ်”) 
ကျွန် တော် သိ သ မျှ မိ ခင် တွေ မ ကြာ ခ ဏ ခံ စား ရ တာ တွေ က တော့၊-
-သူ့ ကို တန် ဘိုး မ ထား တတ် ဘူး လို့
-လုပ် သ မျှ ကို မ ကြို ဆို ကြ ပါ လား
-လက် မ ခံ ကြ ပါ လား ဆို ပြီး တော့ မ ကြာ ခ ဏ ခံ စား ရ ကြ ပါ တယ် ..
(သင် လုပ် သ မျှ တန် ဘိုး မ ထား ဘူး၊ မ ကြို ဆို ဘူး၊ လက် ခံ မည့် သူ မ ရှိ ဘူး ဆို ယင် သင် ဘယ် လို ခံ စား ရ မ လဲ ဆို တာ စဉ်း စား သာ ကြည့် ပေ တော့) ဒါ ပေ မဲ့ ၊ ရင် မှာ ခံ စား ရ သ မျှ ကို မြို သိပ် ယင်း ၊ ကြံ့ ကြံ့ ခံ ယင်း နဲ့ လုပ် ဆောင် နေ သူ တွေ ဖြစ် ပါ တယ်။
ဒါ ကြောင့် (“မိ ခင် ဆို တာ စိတ် နာ ကြင် မှု များ စွာ ခံ စား ရ သူ တွေ လည်း ဖြစ် ကြ ပါ တယ်”) 
ဘု ရား သ ခင် က သူ့ လို နှ လုံး သား မျိုး နဲ့ တုံ့ ပြန် တတ် အောင် မိ ခင် တွေ ကို ဖန် ဆင်း စ က ထဲ က ပုံ စံ ချ ထား ပြီး သား ဖြစ် ပါ တယ်။ ဒီ လို ပြော လို့ ယော ကျား တွေ ကို ဘု ရား ရဲ့ ပုံ သ ဏ္ဍာ န် တော် နဲ့ အ ညီ ဖန် ဆင်း တာ မ ဟုတ် ဘူး လို့ ဆို လို တာ မ ဟုတ် ပါ ဘူး။ ယော ကျား ရော ၊ မိန်း မ ကို ရော ဒီ လို ပါ ပဲ။ မိ ခင် တစ် ဦး ဟာ သူ့ ရဲ့ သား သ မီး တွေ ကို ဘယ် လောက် တောင် ချစ် ရ သ လဲ၊ ဘယ် လောက် အ ထိ ဂ ရု စိုက် ဆို တာ ကို ကြည့် ပြီး၊ ဘု ရား သ ခင် က လည်း သူ့ ရဲ့ လူ မျိုး တော် ကို ဘယ် လောက် ချစ် ၊ ဘယ် လောက် ဂ ရု စိုက် သ လဲ ဆို တာ သိ နိုင် ပါ တယ်။
“အ မိ သည် သား ငယ် ကို နှစ် သိမ့် စေ သ ကဲ့ သို့ သင် တို့ ကို ငါ နှစ် သိမ့် စေ မည်” (ဟေရှာ ၆၆း ၁၃)။
အ မျိုး သ မီး တစ် ယောက် ဟာ က လေး တစ် ယောက် ကို ဘယ် လောက် တောင် ဂ ရု စိုက် သ လဲ ဆို ယင်၊ ကိုယ် ကိုယ် တိုင် မွေး ပြီး ရ လာ တဲ့ က လေး ပဲ ဖြစ် ဖြစ် ၊ မွေး စား တဲ့ က လေး ပဲ ဖြစ် ဖြစ် မိ ခင် တစ် ယောက် ဖြစ် လာ ပြီ ဆို တာ နဲ့ သူ့ ရဲ့ သား သ မီး အ ပေါ် ဂ ရု စိုက် တာ က တော့ ပြော စ ရာ စ ကား ကို မ ရှိ အောင် ပါ ပဲ။ ဒါ ကြောင့် မိ ခင် တွေ ရဲ့ နှ လုံး သား ဟာ သား သ မီး တွေ အ ပေါ် တစ် ဖက် သတ် ချစ် တဲ့ နှ လုံး သား ပိုင် ရှင် တွေ ဖြစ် ပါ တယ်။
ဒီ နေ့ ဟာ မိ ခင် တွေ ကို ဂုဏ် ပြု တဲ့ နေ့ ၊ မိ ခင် များ နေ့ ဖြစ် တဲ့ အ တွက် ကြောင့် ၊ မိ ခင် တစ် ယောက် ရဲ့ နှ လုံး သား ဆို တဲ့ ခေါင်း စဉ် နဲ့ ဝေ မျှ လို ပါ တယ်။
အ ဓိ က ကျမ်း စာ ဆီ ပြန် သွား ကြ ရ အောင်၊-
ပုံ စံ အ နေ အ ထား အ မျိုး မျိုး ရှိ ကြ မှာ ပါ။ အ ချို့ ကိုယ့် သား သ မီး တွေ ကို ပြု စု ပျိုး ထောင် နေ တဲ့ သူ တွေ၊ အ ချို့ က က လေး မ ရ သေး တဲ့ သူ တွေ၊ အ ချို့ ကြ တော့ လည်း က လေး မ ရှိ တဲ့ အ ပျို ကြီး တွေ ဆို ပြီး အ နေ အ ထား အ မျိုး မျိုး ရှိ ကြ ပါ လိမ့် မယ်။ အ မျိုး သ မီး တွေ ဟာ က လေး မ ရ လို့ ၊ အိမ် ထောင် မ ပြု လို့ ၊ က လေး မ ယူ သေး လို့ မိ ခင် မ ဟုတ် တော့ ဘူး လား လို့ မေး စ ရာ ရှိ ပါ တယ်။ ဒီ နေ့ ကိုယ့် ကိုယ် ကို  ပြန် မြင် ဖို့ က ၊ ဘု ရား သ ခင် က သူ့ လို နှ လုံး သား ထား တတ် ဖို့ သင့် ကို သွန် သင် နေ တယ် ဆို တဲ့ အ ချက် ပဲ ဖြစ် တယ်။ ဘု ရား သ ခင် ရဲ့ နှ လုံး သား ဟာ ကိုယ့် ရဲ့ သား သ မီး ကို ဂ ရု တ စိုက် နဲ့ အ ကောင်း ဆုံး တုံ့ ပြန် မှု ရှိ တဲ့ “အ မျိုး သ မီး များ ရဲ့ မိ ခင် စိတ် နှ လုံး သား” လို ပါ ပဲ။ တစ် နည်း ပြော ရ ယင် ၊ မိ ခင် ဖြစ် ယင် ဒီ လို နှ လုံး သား ကိုယ် စီ ရှိ ကြ ပါ တယ်။
၁။ ဂ ရု တ စိုက် မေ တ္တာ နှင့် ပြည့် ၀ သော မိ ခင် တစ် ဦး ရဲ့ နှ လုံး သား၊-
(မ သဲ ၁၅း ၂၂-က) “ကျွန် မ ကို သ နား တော် မူ ပါ”
အ ဖြစ် အ ပျက် ထဲ က အ မျိုး သ မီး ဟာ ခါ နန် အ မျိုး သ မီး ဖြစ် ပါ တယ်။ ခါ နန် လူ မျိုး ဆို တာ ဂျူး လူ မျိုး တွေ ရဲ့ သ ဘော ထား အ ရ ၊ ဇတ် နှိမ့် တက် သူ တွေ ဖြစ် လို့ အ ပေါင်း အ သင်း ကို မ လုပ် ကြ ဘူး။ ဒီ လို ဖြစ် မယ် မှန်း သိ ပေ မယ့် ၊ သ မီး အ တွက် ဆို တဲ့ စိတ် တစ် ခု ထဲ နဲ့ သ ခင် ခ ရစ် တော် သာ သူ့ သ မီး အ တွက် တစ် ခု တည်း သော မျှော် လင့် ချက် ဆို တဲ့ စိတ် နဲ့ လာ တာ ဖြစ် ပါ တယ်။ ဒါ ကြောင့် ဒီ အ မျိုး သ မီး ဟာ သား သ မီး တွေ ကို ဂ ရု စိုက် အ လေး ထား တဲ့ နှ လုံး သား ပိုင် ရှင် ဖြစ် ပါ တယ်။
နာ မ ကျန်း ဖြစ် နေ တဲ့ သ မီး အ တွက် မိ ခင် ဖြစ် တဲ့ သူ မ ဟာ၊ ဝေ ဒ နာ မျိုး စုံ နဲ့  ပြည့် နှက် နေ တဲ့ နှ လုံး သား နဲ့ သူ့ သ မီး ပြန် လည် ကျန်း မာ လာ ဖို့ အ ရေး၊ အောက် ကျ နောက် ကျ မျက် နှာ ထား လေး နဲ့ ခ ရစ် တော် ထံ ကို သွား တာ ဖြစ် ပါ တယ်။ ခ ရစ် တော် နဲ့ တွေ့ တဲ့ အ ခါ သူ ပြော လိုက် တဲ့ စ ကား က “ကျွန် မ ကို သ နား တော် မူ ပါ” တဲ့၊ ဘာ ကြောင့် များ သူ့ အ တွက် ဆို ပြီး ပြော လိုက် ရ တာ လဲ။ ဟုတ် ပါ တယ်.. သူ့ မ ကိုယ် တိုင် နတ် ဆိုး စွဲ ခံ ရ သူ မ ဟုတ် ပေ မဲ့ ၊ နတ် ဆိုး စွဲ ခံ ရ တဲ့ သူ့ သ မီး နဲ့ ထပ် တူ ထပ် မျှ သူ ခံ စား နေ ရ ကြောင်း ဖေါ် ပြ ခြင်း သာ ဖြစ် ပါ တယ်။ ဒီ မိ ခင် လို ပဲ ဘု ရား သ ခင် မှာ လည်း အဲ ဒီ လို နှ လုံး သား ရှိ တယ် ဆို တာ ၊ ကျွန်ုပ် ယုံ ကြည် ပါ တယ်။ နောက် ဆုံး ကယ် တင် မယ့် သူ မ ရှိ ခဲ့ ယင် တောင်၊ ဘု ရား သ ခင် က ကျွန်ုပ် တို့ ကို ဂ ရု စိုက် နေ လျက် ပါ။ လူ တစ် ယောက် ကို “ခင် ဗျား က မိ ခင် တစ် ယောက် လို ပဲ ချစ် တတ် တယ် နော” လို့ ပြော မိ ဖူး မှာ ပါ။ တ ကယ် တမ်း ကြ တော့ ၊ မိ ခင် တစ် ဦး ရဲ့ မေ တ္တာ က အ ရမ်း ကွာ ခြား ပါ သေး တယ်။ တင် စား ပြီး ပြော မိ တာ ၊ ချီး ကျူး ပြီး ပြော မိ တာ ပဲ ဖြစ် ပါ လိမ့် မယ်။
ဟေ ရှာ ယ ကျမ်း ချက် ကို ကိုး ကား ဖေါ် ပြ ရ မယ် ဆို၊- ဘု ရား သ ခင် ရဲ့ ဂ ရု စိုက် မှု နဲ့ ကြင် နာ သ နား မှု မေ တ္တာ ကို လူ သား တွေ နား လည် နိုင် ဖို့ ၊ ဘု ရား သ ခင် က မိ ခင် တွေ ကိုယ့် သား သ မီး အ ပေါ် ထား တဲ့ မေ တ္တာ နဲ့ အ နီး စပ် ဆုံး ဖော် ပြ ထား တာ တွေ့ နိုင် ပါ တယ်။
မိန်း မ သည် မိ မိ ဘွား သော သား ကို မ သ နား သည် တိုင် အောင်၊ မိ မိ နို့ စို့ သူ ငယ် ကို မေ့ လျော့ နိုင် သ လော့။ အ ကယ် ၍ မေ့ လျော့ သော် လည်း သင့် ကို ငါ မ မေ့ လျော့” (ဟေ ရှာ ၄၉း ၁၅)။ 
မိ ခင် က တောင် ကိုယ့် က လေး ကို မေ့ နိုင် ကောင်း မေ့ သွား ခဲ့ ယင်၊ ငါ က တော့ ဘယ် တော့ မှ သင့် ကို မ စွန့် ဘူး ဆို တဲ့ စ ကား က၊ လူ သား တွေ အ ပေါ် ဘု ရား သ ခင် ထား တဲ့ ချစ် ချင်း မေ တ္တာ ရဲ့ ခိုင် မြဲ မှု ကို ဖေါ် ပြ လိုက် တာ ဖြစ် ပါ တယ်။
ဘာ မှ မ ကြည့် ပါ နဲ့ ၊ ကလေး တွေ ဖျား နာ ပြီ ဆို ယင် ဘယ် သူ့ ကို တမ်း တ အော် ခေါ် သ လဲ ၊ အ မေ!! အ မေ!! ဆို ပြီး မိ ခင် ကို ပဲ တမ်း တ ကြ တာ တွေ့ နိုင် ပါ တယ်။
ဒီ လို သား သ မီး တွေ ကို ချစ် ပြီး၊ အ ရေး တ ကြည့် ကြည့် နဲ့ ဂ ရု စိုက် တတ် တဲ့ မေ တ္တာ မျိုး မိ ခင် တိုင်း ကို ပေး ထား ရ ခြင်း ဟာ၊ ဘု ရား သ ခင် ရဲ့ မေတ္တာ ကို သိ မြင် နား လည် သ ဘော ပေါက် ဖို့ အ တွက် ဖြစ် ပါ တယ်၊ မိ ခင် ဟာ ကိုယ့် သား သ မီး တွေ ကို ချစ် သ လို ၊ ဘု ရား သ ခင် က လည်း သူ့ ရဲ့ လူ မျိုး တော် အ ပေါ် သိပ် ချစ် တဲ့ ဘု ရား ဖြစ် ပါ တယ်။
၂။ ထိုး ထွင်း သိ မြင် တတ် သော မိ ခင် တစ် ဦး ရဲ့ နှ လုံး သား၊-
(မ သဲ ၁၅း ၂၂ခ) မှာ၊- “ကျွန် မ ၏ သ မီး သည် နတ် ဆိုး နှိပ် စက် ခြင်း ကို ပြင်း စွာ ခံ ရ ပါ သည်”
ဒီ ကျမ်း စာ မှာ သူ့ ရဲ့ သ မီး ဟာ နတ် ဆိုး ညှင်း ဆဲ ခြင်း ကို ခံ နေ ရ ကြောင်း၊ ဒီ ပြ သ နာ ရဲ့ အ ရင်း အ မြစ် ဟာ သူ့ သ မီး မ ဟုတ် ပဲ နတ် ဆိုး သာ ဖြစ် ကြောင်း ၊ မိ ခင် တစ် ဦး ရဲ့ ပြ သ နာ အ ပေါ် ခွဲ ခြား သိ မြင် မှု ကို တွေ့ ရ ပါ တယ်။
အိမ် ထောင် တွေ မှာ သား သ မီး တွေ တစ် ခု ခု ဖြစ် ယင် ၊ ဒီ က လေး၊ ဒီ သား၊ ဒီ သ မီး ကြောင့် ဆို ပြီး  သား သ မီး တွေ ကို အ ပြစ် တင် ၊ ကိုယ့် ကြောင့် လား ၊ ဘာ ကြောင့် လဲ ဆို တာ သ ဘော မ ပေါက် တဲ့ မိ ဘ တွေ ကို လည်း တွေ့ ဖူး မှာ ပါ ။ ဒီ အ မျိုး သ မီး က တော့ ဒီ လို မ မြင် ဘူး။ ပြ သ နာ ရဲ့ အ ရင်း အ မြစ် ဟာ စာ တန် ဖြစ် ကြောင်း ကောင်း ကောင်း သ ဘော ပေါက် ပါ တယ်။ တ မန် တော် ကြီး ရှင် ပေါ လု က၊-
အ ကြောင်း မူ ကား ၊ ငါ တို့ သည် အ သွေး အ သား ရှိ သော ရန် သူ တို့ နှင့် ဆိုင် ပြိုင် တိုက် လှန် ရ ကြ သည် မ ဟုတ် ။ အ ထွဋ် အ မြတ် တို့ နှင့် ၄င်း၊ အာ ဏာ စက် တို့ နှင့် ၄င်း၊ လော ကီ မှောင် မိုက် ၌ အ စိုး တ ရ ပြု လုပ် သော မင်း တို့ နှင့် ၄င်း၊ မိုဃ်း ကောင်း ကင် ၌ နေ သော နတ် ဆိုး တို့ နှင့် ၄င်း၊ ဆိုင် ပြိုင် တိုက် လှန် ရ ကြ ၏” (ဧ ဖက် ၊ ၆း ၁၂) လို့ ဖေါ် ပြ ထား ပါ တယ်။
အဲ ဒီ မိ ခင် ဟာ ထိုး ထွင်း သိ မြင် နား လည် သ ဘော ပေါက် တဲ့ နှ လုံး သား ပိုင် ရှင် တစ် ဦး ဖြစ် ပါ တယ်။ 
၃။ အ ကူ အ ညီ ပေး တတ် သော မိ ခင် တစ် ဦး ၏ နှ လုံး သား-
(မ သဲ ၁၅း ၂၅) မှာ၊- “ထို မိန်း မ သည် ချဉ်း ကပ် ၍ ပြပ် ၀ပ် လျက် ကျွန် မ ကို ကယ် မ တော် မူ ပါ သ ခင် ဟု လျှောက် ပြန် လျှင်”
အဲ ဒီ အ မျိုး သ မီး ဟာ သူ့ သ မီး အ တွက် အား ထုတ် ကြိုး စား တာ တွေ့ ရ ပါ လိမ့် မယ်။ “ပြပ် ၀ပ် လျှက်” “ချဉ်း ကပ်”။ သူ့ သ မီး ပြန် ကောင်း ဖို့ သူ လုပ် နိုင် သ မျှ နည်း လမ်း အ ကုန် ၊ ရှိ သ မျှ အင် အား နဲ့ သူ့ သ မီး ကို ကူ ညီ မ စ တဲ့ မိ ခင် တစ် ဦး လည်း ဖြစ် ပါ တယ်။ သူ မ အ နေ နဲ့ ခ ရစ် တော် ရဲ့ အ ကြောင်း ကို ကြား ဖူး ပြီး သား ဖြစ် ပါ လိမ့် မယ်(မာ ကု ၇း ၂၅) “အ ကြောင်း မူ ကား၊ ညစ် ညူး သော နတ် စွဲ သော မိန်း မ ငယ် ၏ အ မိ သည် သိ တင်း တော် ကို ကြား သ ဖြင့် လာ ၍ ခြေ တော် ရင်း ၌ ပြပ် ၀တ် လျက်” လို့ ဖေါ် ပြ ထား ပါ တယ်။ အ မျိုး သ မီး ဟာ သူ့ သ မီး အ တွက် လို အပ် နေ တဲ့ အ ကူ အ ညီ ရှာ တွေ့ ဖို့ စိတ် ဆန္ဒ အ တော် လေး ပြင်း ပြ နေ ပါ တယ်။ သူ အ နေ နဲ့ ဘာ စ လုပ် ရ မ လဲ ဆို တာ သိ ပုံ မ ပေါ် ပါ ဘူး။ ဒါ ပေ မဲ့ သူ့ သ မီး ခံ စား နေ ရ တဲ့ ဝေ ဒ နာ စိတ် တစ် ခု ထဲ နဲ့ အ ကူ အ ညီ ရ ဖို့ အ စွမ်း ကုန် ကြိုး စား ရှာ ဖွေ နေ ချိန် မှာ ပဲ၊  တစ် ယောက် ယောက် နဲ့ စ ကား ပြော ယင်း ၊ ဒါ မှ မ ဟုတ်၊ တစ် ယောက် ယောက် က အ ကြံ ပေး လို့ ခရစ် တော် ထံ ရောက် လာ တာ ဖြစ် နိုင် ပါ တယ် (လု ကာ ၆း ၁၇- ၁၈)။ ဒါ ကြောင့် ဒီ မိ ခင် ဟာ သား သ မီး အ တွက် ဆို အ မြဲ အ ကူ အ ညီ ပေး ဖို့ အ သင့် ရှိ တဲ့ နှ လုံး သား ပိုင် ရှင် ဖြစ် ကြောင်း တွေ့ မြင် ရ ပါ တယ်။
၎။ ယုံ ကြည် မှု အ ပြ ည့် အ ၀ ရှိ သည့် မိ ခင် တစ် ဦး ရဲ့ နှ လုံး သား၊-
“ထို မိန်း မ သည် ချဉ်း ကပ် ၍ ပြပ် ဝပ် လျက် ကျွန် မ ကို ကယ် မ တော် မူ ပါ သ ခင် ဟု လျှောက် ပြန် လျှင်၊ ကိုယ် တော် က၊ သား ၏ အ စာ ကို ယူ ၍ ခွေး အား မ ပေး မ ချ အပ် ဟု ပြန် ပြော တော် မူ ၏။ မိန်း မ က လည်း မှန် ပါ ၏ သ ခင်၊ ခွေး မည် သည် ကား မိ မိ သ ခင် ၏ စား ပွဲ မှ ကျ သော စား နုပ် စား ပေါက် ကို စား မြဲ ထုံး စံ ရှိ ပါ ၏ ဟု လျှောက် ပြန် လျှင်” (မ သဲ ၁၅း ၂၅- ၂၇)။
မိ ခင် တွေ ဟာ သား သ မီး တွေ အ တွက် ဆို ရေ ကုန် ရေ ခမ်း အ ဖြေ တစ် ခု မ ထွက် မ ခြင်း လုပ် ဆောင် ပေး တတ် တဲ့ သူ တွေ ဖြစ် ကြ ပါ တယ်။
သ ခင် ယေ ရှု ဟာ ရက် စက် တာ လား၊ အဲ ဒီ အ မျိုး သ မီး ကို ကူ ညီ ရ မယ့် အ စား ခွေး တစ် ကောင် နဲ့ တောင် နှိုင်း လိုက် တာ လား။ ခ ရစ် တော် က ဒီ နေ ရာ မှာ ဘာ ပြော ထား လဲ။ ခွေး နဲ့ ပတ် သက် ပြီး ဂ ရိ လို (Keleb, Kunarion) ဝေါ ဟာ ရ နှစ် မျိုး ရှိ တယ်။ တစ် မျိုး က တော့ Keleb လို့ ခေါ် တဲ့ လမ်း ကြို လမ်း ကြား မှာ ပြေး လွှား နေ တဲ့ ခွေး လေ ခွေး လွင့် နဲ့ နောက် တစ် မျိုး က တော့ Kunarion ဆို တဲ့ အိမ် မွေး စား ထား တဲ့ ခွေး ဆို ပြီး (၂) မျိုး ရှိ ပါ တယ်။ အ ခု သ ခင် ယေ ရှု သုံး တဲ့ ဝေါ ဟာ ရ က kunarion ကို အ သုံး ပြု ထား တာ ပါ။ ခ ရစ် တော် က သူ့ ရဲ့ သာ သ နာ ပြု လုပ် ငန်း ဟာ ပ ထ မ ဂျူး လူ မျိုး တွေ အ တွက် ဖြစ် တာ ကြောင့်၊ ခွေး တွေ ကို ကျွေး ဖို့ အ ခွင့် မ ရှိ ဘူး လို့ ဆို လို တာ ဖြစ် ပါ တယ်။ ကိုယ့် က လေး တွေ ကို ကျွေး ပြီး မှ ခွေး တွေ ကို ကျွေး ရ မယ် လို့ ပြော တာ ဖြစ် ပါ တယ်။  ဥ ပ မာ ကျွန်ုပ် တို့ မှာ အ လွန် ချစ် ရ တဲ့ ခွေး တစ် ကောင် ရှိ တယ် လို့ ပဲ ထား ပါ။  အဲ ဒီ ခွေး ကို ကျွန် တော် တို့ အ ရမ်း ဂ ရု စိုက် ကြ တယ်၊ ကောင်း ကောင်း ကျွေး မွေး ပြု စု တယ်။ ဒါ ပေ မဲ့ သူ့ အ တွက် ကြက် သား တွေ ၊ အ မဲ သား တုံး တွေ ကို ကျွန် တော် တို့ ချက် မ စား ခင် ၊ သူ့ ကို အ ယင် ဦး ဆုံး တော့ ချက် ပြုတ် ပြီး မ ကျွေး ကြ သ လို ပါ ပဲ။ ကယ် တင် ခြင်း သ တင်း ကောင်း ပျံ့ နှံ့ ဖို့ ဂၽ်ဴး လူ မၽ်ဳိး တွေ ကို ဘု ရား က ရွေး ကောက် ပြီး၊ သူ တို့ က မှ တ ဆင့် က မ္ဘာ အ ရပ် ရပ် ကို ဖြန့် ဝေ ရ မှာ ဖြစ် ကြောင်း ကို ၊ သ မ္မာ ကျမ်း စာ အ ရ နေ ခ ရစ် တော် ပြော နေ တာ ဖြစ် ပါ တယ်။ ဒီ အ ပေါ် မှာ အ မျိုး သ မီး က လည်း ဘာ မှ စော ဒ က တက် ပြီး ပြန် လည် ချေ ပ ပြော ဆို တာ မ တွေ့ ရ ပါ ဘူး။ သူ့ ကို ခွေး လို့ ပြော ပေ မဲ့ ခွေး ၀ဲ စား၊ ခွေး လေ ခွေး လွင့် လို့ ဆို လို တာ မ ဟုတ် ပဲ၊ အိမ် မွေး တိ ရ စ္ဆာန် ခွေး လို့ ဆို လို နေ တာ ဖြစ် ကြောင်း သူ သ ဘော ပေါက် တယ်။ ဒါ ကြောင့် ပဲ၊ ဘု ရင် တ ကာ တို့ ရဲ့ ဘု ရင် ဆီ က နေ ချ ပေး မယ့် စား နုတ် စား ပေါက် ဟာ နတ် ဆိုး ညှင်း ဆဲ ခံ နေ ရ တဲ့ သူ့ သ မီး ရဲ့ ရော ဂါ အား လုံး ကို လုံး ၀ ပျောက် ကင်း သွား စေ မယ် ဆို တာ ကို သူ သိ နေ ပါ တယ် ။
အ မျိုး သ မီး ရဲ့ ယုံ ကြည် ခြင်း ဟာ တ ကယ့် အံ့ မ ခန်း တဲ့ ယုံ ကြည် ဖြစ် သ လို၊ ဂျူး လူ မျိုး ထဲ မှာ ကို မ တွေ့ ရ တဲ့ ယုံ ကြည် ခြင်း မျိုး ဖြစ် ပါ တယ်။
ဒါ့ ဟာ ယုံ ကြည် ခြင်း နဲ့ ပြည့် ၀ တဲ့ မိ ခင် တစ် ဦး ရဲ့ နှ လုံ သား ပဲ ဖြစ် ပါ တယ်။
ယေ ရှု က ..
“အို မိန်း မ၊ သင် သည် ယုံ ကြည် အား ကြီး လှ ပြီ။ သင် အ လို ရှိ သည် အ တိုင်း သင် ၌ ဖြစ် စေ ဟု မိန့် တော် မူ ၏။ ထို အ ချိန် မှ စ ၍ ထို မိန်း မ ၏ သ မီး သည် ကျန်း မာ ပ က တိ ဖြစ် လေ ၏” (မ သဲ ၁၅း ၂၈)။
“ယုံ ကြည် အား ကြီး လှ ပြီ” လို့ လူ နှစ် ယောက် ကို ဘဲ ခ ရစ် တော် ပြော ခြင်း က စိတ် ၀င် စား စ ရာ ပါ။ ဒါ အ ပြင် အဲ ဒီ လူ နှစ် ယောက် စ လုံး က တစ် ပါး အ မျိုး သား တွေ ချဉ်း ဖြစ် သ လို သ ခင် ယေ ရှု မှ အ လုံး စုံ ကို တတ် နိုင် တဲ့ အာ ဏာ တန် ခိုး ရှိ ကြောင်း လက် ခံ ယုံ ကြည် တဲ့ သူ တွေ လည်း ဖြစ် ကြ တယ်။ တစ် ယောက် က တော့ အ ခု ကျမ်း စာ ထဲ က နတ် ဆိုး စွဲ ခံ ရ တဲ့ က လေး ရဲ့ မိ ခင် ခါ နန် အ မျိုး သ မီး ဖြစ် ပြီး၊ ကျန် တစ် ယောက် က တော့ (မ သဲ ၈း ၅- ၁၀) မှာ ဖေါ် ပြ ထား တဲ့ ကိုယ် လက် အ င်္ဂါ သေ တဲ့ ကျွန် အ တွက် အ ကူ အ ညီ လာ တောင်း တဲ့ ရော မ စစ် သား (၁၀၀) ဦး ကို အုပ် ချုပ် ရ တဲ့ တပ် မှူး တစ် ဦး တို့ ပဲ ဖြစ် ပါ တယ်။ သူ တို့ နှစ် ယောက် စ လုံး က သ ခင် ယေ ရှု ဘယ် သူ ဖြစ် ကြောင်း ကို သိ တယ် လက် ခံ တယ်၊ အ ကြွင်း မဲ့ ယုံ ကြည် ကြ တယ်။
တပ် မှူး ပြော တဲ့ စ ကား က၊-
“သခင်၊ ကျွန် တော် ၏ အိမ် မိုး အောက် သို့ ကြွ ၀င် တော် မူ ခြင်း ကျေး ဇူး တော် ကို ကျွန် တော် မ ခံ ထိုက် ပါ။ အ မိန့် တော် တစ် ခွန်း ရှိ လျှင် ကျွန် တော်၏ ငယ် သား သည် ချမ်း သား ရ ပါ လိမ့် မည်” (မ သဲ ၈း ၈)။
ခါ နန် အ မျိုး သ မီး ပြော တဲ့ စ ကား က လည်း၊-
“မှန် ပါ ၏ သ ခင်၊ ခွေး မည် သည် ကား မိ မိ သ ခင် ၏ စား ပွဲ မှ ကျ သော စား နုတ် စား ပေါက် ကို စား မြဲ ထုံး စံ ရှိ ပါ ၏” ( မ သဲ ၁၅း ၂၇)။ဒီ ကျမ်း စာ သား တွေ ကို ဖတ် ကြည့် တာ နဲ့ သူ တို့ မှာ ယုံ ကြည် ခြင်း အ ပြည့် အ ၀ ရှိ တယ် ဆို တာ ကို တွေ့ နိုင် ပါ တယ်။ ဒီ လို ယုံ ကြည့် ခြင်း ပြည့် ၀ ဖို့ လို အပ် ချက် (၂) ချက် ရှိ ပါ တယ်။
ပ ထ မ အ ချက် က၊ မိ မိ ကိုယ် ကို မိ မိ အ ရှိ အ တိုင်း သိ ပြီး လက် ခံ ဖို့ ဖြစ် ပါ တယ်။ အဲ ဒါ တွေ က ကျွန်ုပ် တို့ ဟာ ဘု ရား ရဲ့ ကျေး ဇူး တော် နဲ့ မ ထိုက် တန်၊ မ လျှော် ကန် တဲ့ သူ တွေ ဖြစ် ကြောင်း (အ ပြစ် သား ဖြစ် ခြင်း)၊ ကျွန်ုပ် တို့ ဟာ ပြော သာ ပြော နေ ကြ တာ၊ တ ကယ် တော့ ဘာ ကို မှ တတ် စွမ်း နိုင် တဲ့ သူ တွေ မ ဟုတ် ကြောင်း (ကိုယ့် အ နာ ဂတ် ကို ကိုယ် မ သိ ခြင်း)၊ ကျွန်ုပ် တို့ ဟာ ပြည့် ၀ စုံ လင် တဲ့ သူ တွေ မ ဟုတ် ကြောင်း ကို သ ဘော ပေါက် လက် ခံ အ သက် ရှင် ဖို့ ပဲ ဖြစ် ပါ တယ်။
ဒု တိ ယ အ ချက် က၊ သ ခင် ယေ ရှု ကို အ ရာ ရာ ကို တတ် စွမ်း နိုင် တဲ့ ဘု ရား၊ စင်္ကြာ ၀ ဌာ တစ် ခု လုံး ကို ဖန် ဆင်း တော် မူ သော တန် ခိုး ရှင် ဖြစ် ကြောင်း လက် ခံ ယုံ ကြည် ဖို့ လို ပါ တယ်။
ကျွန်ုပ် တို့ လက် ခံ တဲ့ အဲ ဒီ ယုံ ကြည် ခြင်း ကို လက် တွေ့ လေ့ ကျင့် ပါ၊ ကြီး ထွား လာ ပါ လိမ့် မယ်၊ သား သ မီး တွေ ကို လက် ဆင့် ကမ်း ပေး ဝေ ပါ၊ နောင် မျိုး ဆက် သစ် တွေ အ တွက် ကိုယ့် မိ သား စု က နေ တ ဆင့် လက် ဆင့် ကမ်း အ မွေ ပေး ပါ၊ ကိုယ့် မိ သား စု က နေ အား ဖြင့် ၀န်း ကျင် ကို မျှ ဝေ ပါ။
အ ထက် က ဖေါ် ပြ ခဲ့ တဲ့ အ ချက် တွေ ဟာ မိ ခင် တွေ၊ မိ ဘ တွေ သား သ မီး တွေ ကို ပေး နေ တဲ့ အ မွေ တွေ ထက် များ စွာ တန် ဘိုး ဖိုး ဖြတ် မ ရ တဲ့ အ ကြီး မြတ် ဆုံး အ မွေ ဖြစ် ပါ တယ်။ ဒါ ပေ မဲ့ သင် ကိုယ် တိုင် ဒီ လို ယုံ ကြည် ခြင်း ရှိ မှ ကိုယ့် သား သ မီး တွေ ကို ပေး နိုင် မှာ ဖြစ် လို့ ၊သင် ကိုယ် တိုင် စ ပြီး ဒီ ယုံ ကြည် ခြင်း ရှိ ဖို့ လို ပါ တယ်။
မေး ခွန်း နှစ် ခု လောက် မေး ချင် ပါ တယ်။ မိ ခင် ဖြစ် တဲ့ သူ တွေ ကို ရော၊ ခ ရစ် ယာန် ယုံ ကြည် သူ အား လုံး ကို ရော မေး ချင် တာ ပါ။
(၁) သင့် ရဲ့ သ ခင် ယေ ရှု အ ပေါ် မှာ ရှိ တဲ့ ယုံ ကြည် ခြင်း က ဘယ် လို အ ခြေ အ နေ ရှိ လဲ။(၂) အဲ ဒီ ရှိ နေ တဲ့ ယုံ ကြည် ခြင်း တွေ ကို ကိုယ့် သား သ မီး တွေ၊ ကိုယ့် မျိုး ဆက် တွေ ကို အ မွေ ပေး ပြီး ပြီ လား၊ ဘယ် အ တိုင်း အ တာ အ ထိ ရောက် သွား ပြီ လဲ။
သင် ခါ နန် အ မျိုး သ မီး လို ယုံ ကြည် ခြင်း ရှိ တယ် ဆို ယင်၊ ဘု ရား သ ခင် သင့် ကို ဖြစ် စေ ချင် တဲ့ ၊ ရှိ စေ ချင် တဲ့ အ ချက် တွေ က၊-
၁။ဂ ရု တ စိုက် ပြု စု စောင့် ရှောက် ပေး တတ် သည့် မိ ခင် တစ် ဦး ရဲ့ နှ လုံး သား
၂။ထိုး ထွင်း သိ မြင် သော မိ ခင် တစ် ဦး ရဲ့ နှ လုံး သား
၃။အား ကိုး စိတ် ချ ရ သော မိ ခင် တစ် ဦး ရဲ့ နှ လုံး သား
၎။မ ကုန် မ ဆုံး သည့် ဖြစ် မိ ခင် တစ် ဦး ရဲ့ နှ လုံး သား
၅။ယုံ ကြည် မှု အ ပြ ည့် အ ၀ ရှိ သည့် မိ ခင် တစ် ဦး ရဲ့ နှ လုံး သား … သင် ရ ရှိ ဖို့ ပဲ ဖြစ် ပါ တယ်။သင် မ ရ သေး ဘူး မ ရှိ သေး ဘူး ဆို ယင်၊- သင့် ယုံ ကြည် ခြင်း အ ခြေ အ နေ ဘယ် လို ရှိ လဲ ဆန်း စစ် ပါ… သင် ဟာ ယေ ရှု ခ ရစ် တော် နဲ့ သီး ခြား (ဆက် သွယ် မှု မ ရှိ ခြင်း) ရှိ နေ တယ် လို့ ခံ စား နေ ရ လား… ဒါ မှ မ ဟုတ် ယေ ရှု ခ ရစ် တော် ဟာ သင့် ကို သိပ် ချစ် တဲ့ စစ် မှန် တဲ့ ဘု ရား၊ သူ့ ရဲ့ အ ကြံ အ စည် တော် တွေ ကို သင့် အ ပေါ် မှာ သွန်း လောင်း ပေး ပြီး၊ သင့် ဘ ၀ အ သက် တာ ကို ငြိမ်း ချမ်း ခြင်း၊ ၀မ်း မြောက် ခြင်း တွေ ပေး မယ့် ဘု ရား ဖြစ် ကြောင်း သင် လက် ခံ ပါ သ လား…
ဘု ရား ကျောင်း တက် လေ့ တက် ထ နဲ တဲ့ မိ ခင် ရဲ့ မိ သား စု တစ် စု အ နေ နဲ့ အ ခု ဘု ရား ကျောင်း ထဲ ရှိ နေ ကောင်း ရှိ နေ မယ်၊ ဒါ မှ မ ဟုတ် ကိုယ့် အ မေ သို့ မ ဟုတ် ကိုယ့် မိန်း မ ဘု ရား ကျောင်း တက် ချင် လို့ ဘု ရား ကျောင်း ရောက် နေ တဲ့ သူ တွေ လည်း ရှိ ကောင်း ရှိ မယ်။ ဒီ လို မ ဟုတ် ပဲ အ ခြား အ ကြောင်း ကိစ္စ ကြောင့် ရောက် နေ တာ လည်း ဖြစ် ကောင်း ဖြစ် မယ်၊- ဘယ် လို ဘဲ ဖြစ် ဖြစ်၊ ဘု ရား သ ခင် က သင့် ကို ယုံ ကြည် ခြင်း အ သက် တာ ကြီး ထွား ဖို့ ခွန် အား ပေး လို တဲ့ ဘု ရား၊ သူ နဲ့ အ တူ ယုံ ကြည် သော အ သက် တာ နဲ့ အ စ ပြု လျှောက် လှမ်း စေ လို တဲ့ ဘု ရား ဖြစ် ပါ တယ်။
ဒီ လို ပြော လိုက် လို့ .. ပြီး ခဲ့ တဲ့ နှစ် တုန်း က ခက် ခက် ခဲ ခဲ ရုန်း ကန် ရ တဲ့ အ ရာ တွေ ငါ့ မှာ ရှိ ခဲ့ တယ်။ ငါ့ အ သက် တာ က ယုံ ကြည် ခြင်း အား နည်း တဲ့ အ သက် တာ ပါ လား ဆို ပြီး သင် တွေး နေ ကောင်း တွေး နေ ပါ လိမ့် မယ်။ ကျွန် တော် က တော့ အဲ ဒီ လို မ ထင် ပါ ဘူး။ ကျွန် တော့ မှာ မိတ် ဆွေ တို့ ကို အား ပေး ချင် တဲ့ သ တင်း ကောင်း လေး ရှိ ပါ တယ်။
သင့် ဘ ၀ ပြောင်း လဲ ဖို့ အ တွက် ယုံ ကြည် ခြင်း အ များ ကြီး မ လို ပါ ဘူး၊ မုန် ညှင်း စေ့ လောက် ပဲ ရှိ ဖို့ လို ပါ တယ်။ အဲ ဒီ မုန် ညှင်း စေ့ လောက် ပဲ ရှိ တဲ့ ယုံ ကြည် ခြင်း ကို လေ့ ကျင့် ဖို့ က သာ အ ဓိ က ပါ။ လေ့ ကျင့် ဖို့ က တော့၊ သင့် ဘ ၀ မှာ သ ခင် ယေ ရှု ဟာ သင့် ရဲ့ သ ခင် ၊ ကယ် တင် ရှင် လို့ ပဲ ယုံ ကြည် စိတ် ချ စွာ လက် ခံ ပြီး ဘ ၀ အ သက် တာ ကို လျှောက် လှမ်း ခြင်း နဲ့ အ စ ပြု ကြည့် ဖို့ ဖြစ် ပါ တယ်။
(ရော မ ၁၀း၉) မှာ၊- “အ ဘယ် သို့ နည်း ဟူ မူ ကား၊ သင် သည် သ ခင် ယေ ရှု ကို နှုတ် ဖြင့် ၀န် ခံ ၍၊ ဘု ရား သ ခင် သည် သူ့ ကို သေ ခြင်း မှ ထ မြောက် စေ တော် မူ ပြီ ဟု စိတ် နှ လုံး ထဲ ၌ ယုံ ကြည် လျှင် ၊ ကယ် တင် ခြင်း သို့ ရောက် လိမ့် မည်”
ဒီ ယုံ ကြည် ခြင်း နဲ့ ဒီ နေ့ ပဲ သင့် အ သက် တာ ကို အ စ ပြု ကြည့် ပါ၊ သင့် ဘ ၀ မှာ ပြောင်း လဲ မှု တွေ ဖြစ် ပေါ် လာ ပြီး၊ တစ် နေ့ ထက် တစ် နေ့ သင့် နှ လုံး သား ဟာ ဘု ရား ရဲ့ နှ လုံး သား နဲ့ တူ လာ ပါ လိမ့် မယ်။ ဘ ၀ ရဲ့ စိမ် ခေါ် မှု တွေ ကြုံ တွေ့ ရ တဲ့ အ ခါ တိုင်း မှာ လည်း သင့် ကို စောင့် ရှောက် မယ့် ခ ရစ် တော် ကို သာ အာ ရုံ စူး စိုက် အ သက် ရှင် ပါ။ ဒီ လို နည်း နဲ့ သင့် နှ လုံး သား တွေ ဟာ ဂ ရု တ စိုက် ပြု စု စောင့် ရှောက် ပေး တတ် တဲ့ နှ လုံး သား၊ ထိုး ထွင်း သိ မြင် တတ် တဲ့ နှ လုံး သား ၊ အား ကိုး စိတ် ချ ခံ ရ တဲ့ နှ လုံး သား၊ မ ကုန် မ ဆုံး သည့် မေ တ္တာ လုပ် ဆောင် ပေး လို့ တဲ့ နှ လုံး သား၊ ယုံ ကြည် မှု အ ပြ ည့် အ ၀ ရှိ တဲ့ နှ လုံး သား ဖြစ် လာ ပြီး၊ ဘု ရား ရဲ့ ဘုန်း တော် လည်း ထင် ရှား လာ သ လို၊ သင့် က လေး တွေ အ တွက် လည်း ကောင်း ကျိုး များ စွာ ဖြစ် ထွန်း စေ မှာ ဖြစ် ပါ တယ်။ အ ခု ပဲ အ ပြစ် တွေ ကို ၀န် ချ လျှက် ၊ အ ခု ပဲ ဘု ရား သ ခင် ကို ယုံ ကြည် လက် ခံ အ သက် ရှင် ကြ ပါ စို့၊-
ဝိညာဉ်မီးအိမ်(ခရစ်ယာန်စာပေစုစည်းမှု)…

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...