● သေခြင်းနှင့်ဆိုင်သောအကျင့်မှ နောင်တရခြင်း ...

နိဒါန်း
သေ ခြင်း နဲ့ ဆိုင် တဲ့ အ ကျင့် တွေ က ဘာ တွေ လဲ။ ဓမ္မ သစ် ကျမ်း ရဲ့ အ ခြေ ခံ သွန် သင် ချက် (အ ခြေ ခံ ယုံ ချက်)(၆) ချက် ကို (ဟေ ဗြဲ၊ ၆း ၁-၂) မှာ ဖေါ် ပြ ထား ပါ တယ်။ အဲ ဒီ သွန် သင် ချက် (၆) ချက် ထဲ က ပ ထ မ အ ချက် က “သေ ခြင်း နှင့် စပ် ဆိုင် သော အ ကျင့် ကို နောင် တ ရ ခြင်း” ဆို တဲ့ အ ချက် ပဲ ဖြစ် ပါ တယ်။ ကျမ်း ရေး သူ က ပြောင်း လဲ လာ တဲ့ ဂျူး ခ ရစ် ယာန် တွေ ကို ပြည့် ၀ စုံ လင် တဲ့ သူ တွေ ဖြစ် ဖို့ ၊ ဒီ အ ခြေ ခံ သွန် သင် ချက် ကို စ ပြီး လုပ် ဆောင် အ သက် ရှင် ဖို့ သွန် သင် ထား ပါ တယ်။
ဒီ အ ချက် ကို နား လည် ဖို့ က တော့ ၊ ဟေ ဗြဲ သြ ၀ါ ဒ စာ ရဲ့ ရေ ခံ မြေ ခံ ကို ထည့် သွင်း စဉ်း စား ဖို့ မ ဖြစ် မ နေ လို ပါ တယ်။ ဘာ ကြောင့် များ ဒီ သြ ၀ါ ဒ စာ ကို ရေး သား ရ တာ လဲ။ ဒီ စာ ဟာ ဂျူး ပ ရိ သပ် တစ် ယောက် ဆီ ကို ရေး သား ပေး ပို့ တဲ့ သြ ၀ါ ဒ စာ ဖြစ် ပါ တယ်။
ဒီ စာ ရဲ့ အ ဓိ က အ ချက် က တော့ ခ ရစ် တော် ရဲ့ သာ လွန် ကြီး မြတ် တော် မူ တဲ့ အ ကြောင်း ပဲ ဖြစ် ပါ တယ်။ ကျမ်း ရေး သူ က ပ ဋိ ညာဉ် တ ရား ဟောင်း ထက် ပ ဋိ ညာဉ် တ ရား သစ် ဟာ ဘယ် လောက် တောင် သာ လွန် ကြီး မြတ် လှ ကြောင်း ကို ခ ရစ် ယာန် အ ဖြစ် ပြောင်း လဲ လာ တဲ့ ဂျူး တွေ ကို ကြိုး ကြိုး စား စား နဲ့ ရှင်း လင်း ဖေါ် ပြ ထား တာ တွေ့ ရ ပါ တယ်။ ဂျူး တွေ ဟာ ဘု ရား သ ခင် ရဲ့ ပ ညတ် တွေ (တို ရာ) ကို စောင့် ရှောက် ခြင်း က သာ၊ ဘု ရား ရှေ့ မှာ ဖြောင့် မတ် ရာ ရောက် တယ် လို့ ယုံ ကြည် ကြ တယ်။ ယဇ် ပူ ဇော် ယင် လွတ် ငြိမ်း ချမ်း သာ ရာ ခွင့် ရ တယ် လို့ ယုံ ကြည် တဲ့ အ တွက် ၊ အ ပြစ် တစ် ခု ခု ကျူး လွန် မိ ယင် တစ် မျိုး မျိုး နဲ့ ပြန် လည် ပေး ဆပ် ပူ ဇော် လိုက် ယင်၊ ဘု ရား ရှေ့ မှာ အ ဖြစ် တွေ လွတ် ပြီး ဖြောင့် မတ် သူ ဖြစ် ခွင့် ရ တယ် လို့ ယုံ ကြည် ကြ ပါ တယ်။
ဒီ လို လွဲ မှား စွာ လက် ခံ ထား တဲ့ အ ရိုး စွဲ ယုံ ကြည် မှု တွေ ကို ကျော် လွှား ဖို့ က တော့ တော် တော် လေး ကို ခက် ခဲ လှ ပါ တယ်။ အဲ ဒီ ပ ညတ် တွေ ကို စောင့် ထိန်း လိုက် နာ ယင် ဖြောင့် မတ် တဲ့ သူ ဖြစ် ခွင့် ရ တယ် ဆို တဲ့  အ ယူ အ ဆ ဟာ လုံး ၀ မ ဖြစ် နိုင် သ လို၊ ကျမ်း ရေး သူ က အ ဖြစ် လွတ် ဖို့ အ တွက် ယေ ရှု ခ ရစ် တော် ရဲ့ အ သေ ခံ ပေး ဆပ် ခြင်း ကို ယုံ ကြည် လက် ခံ ခြင်း သာ၊ တစ် ခု တည်း သော အ ပြစ် လွတ် ရာ နည်း လမ်း ဖြစ် ကြောင်း တိုက် တွန်း ထား တာ တွေ့ နိုင် ပါ တယ်။ ဒါ ပေ မဲ့ ဘု ရား သ ခင် ပေး ထား တဲ့ ပ ညတ် တွေ ကို လိုက် နာ စောင့် ထိမ်း ဖို့ က တော့ မ ဖြစ် မ နေ လို အပ် ပါ တယ် (မ သဲ ၅း ၁၇)။ ပ ညတ် တွေ ကို လိုက် နာ စောင့် ထိန်း ခြင်း ဟာ ဘယ် တော့ မှ အ ပြစ် တွေ မ လွတ် နိုင် သ လို၊ ဘယ် သူ့ ကို မှ လည်း မ ကယ် တင် နိုင် ပါ ဘူး။ ဒါ ကြောင့် ခ ရစ် ယာန် ဆို တာ ပ ညတ် တွေ ကို စောင့် ထိန်း လို့ ၊ ကောင်း မှု ကု သိုလ် တွေ ကို လုပ် လို့ ဖြောင့် မတ် သူ တွေ ဖြစ် လာ တာ မ ဟုတ် ပါ ဘူး။
ဒါ ကြောင့် ဟေ ဗြဲ သြ ၀ါ ဒ စာ ထဲ က ဗိ မာန် တော် ထဲ က အ စဉ် အ လာ တွေ နဲ့ ပဲ ခေါင်း ထဲ ရောက် နေ တဲ့ ဂျူး ခ ရစ် ယာန် တွေ ကို သ တိ ပေး သွန် သင် နေ တာ ဖြစ် ပါ တယ်။
(ဟေ ဗြဲ ၉း ၁၄) ထို မျှ မ က၊ အ ပြစ် ကင်း သော ကိုယ် တော် ကို ထာ ၀ ရ ၀ိ ညာဉ် တော် အား ဖြင့် ဘု ရား သ ခင် ရှေ့ ၌ တင် လှူ ပူ ဇော် သော ခ ရစ် တော် ၏ အ သွေး သည်၊ သေ ခြင်း နှင့် စပ် ဆိုင် သော အ ကျင့် ကို ပယ် ရှင်း ၍ သင် တို့ သည် အ သက် ရှင် တော် မူ သော ဘု ရား သ ခင် ကို ၀တ် ပြု မည့် အ ကြောင်း၊ သင် တို့ ၌ ကိုယ် ကို ကိုယ် သိ သော စိတ် ကို စင် ကျယ် စေ ခြင်း ငှာ သာ ၍ တတ် နိုင် သည် မ ဟုတ် လော့။
ဟေ ဗြဲ သြ ၀ါ ဒ စာ စောင် ဟာ အဲ ဒီ ခေတ် အဲ ဒီ အ ခါ မှာ ရှိ တဲ့ ဂျူး ခ ရစ် ယာန် တွေ ကို သာ ရည် ညွှန်း ရေး သား တာ မ ဟုတ် ပဲ ၊ မျက် မှောက် ခေတ် မှာ ရှိ နေ တဲ့ ကျွန်ုပ် တို့ ကို လည်း သွန် သင် နေ ပါ တယ်။ လူ တိုင်း မှာ ခွင့် လွတ် ခြင်း ရ ဖို့ သေ ခြင်း နဲ့ ဆိုင် တဲ့ အ ကျင့် စ ရိုက် တွေ ရှိ ကြ ပါ တယ်။ သေ ခြင်း နဲ့ ဆိုင် တဲ့ အ ကျင့် စ ရိုက် တွေ ဟာ ကျွန်ု တို့ အ သက် တာ မ ပြောင်း လဲ ခင် ရှိ ခဲ့ သ လို ၊ ပြောင်း လဲ ပြီး တဲ့ နောက် ပိုင်း မှာ လည်း ရှိ နိုင် တဲ့ စ ရိုက် တွေ ဖြစ် ပါ တယ်။
သေ ခြင်း နဲ့ ဆိုင် တဲ့ အ ကျင့် စ ရိုက် တွေ က နေ လူ တိုင်း နောင် တ ရ သင့် ပါ တယ်။
(၂ တိ မော သေ ၃း ၁၆- ၁၇) ထို ကျမ်း စာ ရှိ သ မျှ သည် ဘု ရား သ ခင် မှုတ် သွင်း တော် မူ သွင်း တော် မူ သော အား ဖြင့် ဖြစ် ၍၊ ဘု ရား သခင် ၏ လူ သည် စုံ လင် သော သူ ၊ ကောင်း သော အ မှု အ မျိုး မျိုး တို့ ကို ပြု စု ခြင်း အ လို့ ငှာ ပြင် ဆင် သော သူ ဖြစ် မည့် အ ကြောင်း၊ သြ ၀ါ ဒ ပေး ခြင်း၊ အ ဖြစ် ကို ဖေါ် ပြ ခြင်း၊ ဖြောင့် မတ် စွာ ပြု ပြင် ခြင်း တ ရား ကို သွန် သင် ခြင်း ကျေး ဇူး များ ကို ပြု တတ် ၏။
ကျွန်ုပ် တို့ အ နေ နဲ့ ဒီ ပ ထ ဦး ဆုံး ဖြစ် တဲ့ အ ခြေ ခံ ယုံ ကြည် ချက် ကို ဖမ်း ဆုပ် မိ ဖို့ “နောင် တ ရ ခြင်း” ဆို တာ ကို အ ကြွင်း မဲ့ နား လည် သ ဘော ပေါက် ထား ဖို့ လို ပါ တယ်။
နောင် တ ဆို တာ ဘာ လဲ။
နောင် တ ဆို တာ သ  ဘော ထား၊ စိတ် ဓါတ် နဲ့ အ ပြု အ မူ အ ကျင့် စ ရိုက် တွေ ပြောင်း လဲ မှု တစ် ခု ဖြစ် ပါ တယ်။ တ နည်း အား ဖြင့် ဘု ရား သ ခင် ဆီ သို့ ပြန် လှည့် ခြင်း၊ ရိုး ရိုး သား သား နဲ့ ကိုယ့် အ ပြစ် တွေ ကို ခွင့် လွှတ် ပေး ဖို့ အ သ နား ခံ ခြင်း၊ ဆုံး ဖြတ် ချက် ချ ခြင်း ၊ ကျွန်ုပ် တို့ ရဲ့ ဘ ၀ အ သက် တာ ဦး တည် ချက် ကို ဘု ရား ရဲ့ အ ကူ အ ညီ နဲ့ ပြောင်း လဲ လိုက် တာ လည်း ဖြစ် ပါ တယ်။ ကိုယ် ပြု မိ မှား မိ ခဲ့ တဲ့ အ ပြစ် တွေ ကို ၀န် ခံ ပြီး၊ အဲ ဒီ အ ပြစ် တွေ အား လုံး ဟာ ခ ရစ် တော် ရဲ့ အ သေ ခံ တော် မူ ခြင်း အား ဖြင့် ခွင့် လွှတ် ခြင်း ရ တယ် လို့ နား လည် သ ဘော ပေါက် ခြင်း ဖြစ် ပါ တယ်။ ဒါ ကြောင့် အ ပြစ် တွေ ကို ခွင့် လွှတ် ပေး ဖို့ အ သ နား ခံ ပြီး၊ ရေ ၌ နှစ် ခြင်း မ င်္ဂလာ ကို ခံ ယူ ကြ တာ ဖြစ် ပါ တယ်။
ဒီ လို နောင် တ ရ ပြီး ပြောင်း လဲ လာ ပြီး တာ နဲ့ အ သက် တာ ဟာ လက် တွေ့ လုပ် ဆောင် ရ မယ့် အ ပိုင်း ရှိ လာ ပါ တယ်။ ဓမ္မ သစ် ကျမ်း တစ် လျှောက် လုံး မှာ လုပ် ဆောင် ရ မယ့် အ လုပ် တွေ ကို ဖေါ် ပြ ထား ပါ တယ်။ သ မ္မာ ကျမ်း စာ မှာ အ ကျင့် စ ရိုက် (၂) မျိုး အ ကြောင်း ပြော ထား ပါ တယ်။ တစ် မျိုး က တော့ ဘု ရား တ ရား ရို သေ ကိုင်း ရှိုင်း ပြီး ဘု ရား ကို လက် ခံ ယုံ ကြည် ခြင်း နဲ့၊ နောက် တစ် မျိုး က တော့ အ ပြစ် နဲ့ ပြည့် ၀ ပြီး၊ ဘု ရား ကို လက် မ ခံ တဲ့ အ ကျင့် စ ရိုက် တွေ ပဲ ဖြစ် ပါ တယ်။
ဘု ရား တ ရား အား ရို သေ ကိုင်း ရှိုင်း ခြင်း
သ မ္မာ ကျမ်း စာ မှာ ဖေါ် ပြ ထား တဲ့ “အ ကျင့်” ဆို တဲ့ ဝေါ ဟာ ရ ဟာ မူ ရင် ဂ ရိ ဝေါ ဟာ ရ “Grgon” ကို ဘာ သာ ပြန် ဆို ထား တာ ဖြစ် ပါ တယ်။ မူ ရင်း အ ဓိ ပ္ပါယ် မှာ ၊- “a deed” “act” လက် တွေ့ လုပ် ဆောင် မှု ၊ လုပ် ရပ် ဖြစ် ပါ တယ်။ ဘု ရား ကိုင်း ရှိုင်း ခြင်း ဆို တာ ဘု ရား နှစ် သက် လက် ခံ တဲ့ လက် တွေ့ လုပ် ဆောင် မှု ၊ လုပ် ရပ် တွေ ပဲ ဖြစ် ပြီး၊ အဲ ဒီ လုပ် ရပ် နဲ့ လုပ် ဆောင် မှု တွေ ဟာ မိ မိ ရဲ့ ယုံ ကြည် ခြင်း က နေ ပေါက် ပွား လာ တဲ့ ရ လဒ် တွေ ပဲ ဖြစ် ပါ တယ်။ ပ ညတ် တော် (၁၀) ပါး ကို နှ လုံး သွင်း ပြီး ကိုယ့် ဘ ၀ အ သက် တာ မှာ လက် တွေ့ လုပ် ဆောင် အ သက် ရှင် ခြင်း လည်း ဖြစ် ပါ တယ်။
ရှင် ယာ ကုပ် က တော့ နှုတ် က ပတ် တော် ထဲ မှာ ဖွင့် ပြ ထား တဲ့ ဘု ရား သ ခင် ရဲ့ ပ ညတ် တော် တွေ ကို နာ ခံ ခြင်း၊ ဘု ရား သ ခင် အား ရ နှစ် သက် လက် ခံ တော် မူ သော လုပ် ဆောင် မှု များ ကို ဘု ရား ကို ရို သေ ကိုင်း ရှိုင်း တဲ့ လုပ် ဆောင် မှု များ လို့ (ယာ ကုပ် ၁း ၂၁- ၂၇၊ ၂း ၈း ၂၆) မှာ ဖေါ် ပြ ထား ပါ တယ်။ ယာ ကုပ် (၁း ၂၅) မှာ အ ကျင့် ဆို တာ လုပ် ဆောင် မှု (သို့) လုပ် ရပ် ၊ လုပ် ဆောင် တဲ့ ကာ ယ ကံ ရှင် ဟာ အ ဓိ က ဖြစ် ကြောင်း အ သေ အ ခြာ ပြော ထား ပါ တယ်၊ တ ရား ကို နာ ပြီး မေ့ လျှော သွား တဲ့ သူ မျိုး မ ဟုတ် ဘဲ ၊ အ ကျင့် ကို ကျင့် တဲ့ သူ သာ ဖြစ် ကြောင်း ဖေါ် ပြ ထား ပါ တယ်။ ရှင် ယာ ကုပ် က ပ ညတ် တော် ဆယ် ပါး နဲ့ အ ညီ အ သက် ရှင် တဲ့ အ ကျင့် ၊ နှုတ် က ပတ် တော် ထဲ မှာ သွန် သင် ထား တဲ့ ဘု ရား သ ခင် အ လို တော် ရှိ တဲ့ အ ကျင့် တွေ ကို ကျင့် ကြံ လုပ် ဆောင် အ သက် ရှင် ဖို့ ရည် ညွှန်း ထား ပါ တယ်။
(မ သဲ ၅း ၁၆) ထဲ မှာ ၊- တစ် ပါး သူ တွေ ရှေ့ အ လင်း လင်း တဲ့ ဥ ပ မာ နဲ့ သူ့ ရဲ့ တ ပည့် တော် တွေ ကို သွန် သင် ထား တာ တွေ့ ရ ပါ တယ်။
“ထို နည်း တူ ၊ သူ တ ပါး တို့ သည် သင် တို့ ၏ ကောင်း သော အ ကျင့် ကို မြင် ၍ ကောင်း ကင် ဘုံ ၌ ရှိ တော် မူ သော သင် တို့ အ ဘ ၏ ဂုဏ် တော် ကို ချီး မွမ်း စေ ခြင်း ငှာ၊ သူ တ ပါး ရှေ့ ၌ သင် တို့၏ အ လင်း ကို လင်း စေ ကြ လော့”
ဘု ရား သခင် ရဲ့ ပ ညတ် တော် တွေ ကို ထိန်း သိမ်း စောင့် ရှောက် အ သက် ရှင် ခြင်း ဟာ ကောင်း မွန် တဲ့ အ ကျင့် တွေ ပဲ ဖြစ် ပါ တယ်။
တ မန် တော် ရှင် ပေါ လု က လည်း ကောင်း သော အ ကျင့် ကို “၀ိညာဉ် အ သီး” နဲ့ ဖေါ် ပြ ထား တာ တွေ့ နိုင် ပါ သေး တယ်၊ အ ထူး သ ဖြင့် အဲ ဒါ တွေ က တော့ ဇာ တိ နဲ့ ဆိုင် တဲ့ အ ကျင့် စ ရိုက် တွေ နဲ့ ဆန့် ကျင် ဖက် အ ရာ တွေ ပါ ပဲ။ (ဂ လာ တိ ၅း ၂၂- ၂၃) မှာ၊-
“၀ိညာဉ် ပ က တိ ၏ အ ကျိုး မူ ကား၊ ချစ် ခြင်း၊ ၀မ်း မြောက် ခြင်း၊ ငြိမ် သက် ခြင်း၊ စိတ် ရှည် ခြင်း၊ ကျေး ဇူး ပြု ခြင်း၊ ကောင်း မြတ် ခြင်း၊ သ စ္စာ စောင့် ခြင်း၊ နူး ညံ့ သိမ် မွေ့ ခြင်း၊ ကာ မ ဂုဏ် ချုပ် တည်း ခြင်း ပေ တည်း”
ဘု ရား သ ခင် ကို မ ထီ မဲ့ မြင် ပြု သော အ ကျင့် စ ရိုက် များ
ဘု ရား သ ခင် ကို မ ထီ မဲ့ မြင် ပြု တဲ့ အ ကျင့် စ ရိုက် တွေ က တော့ ဘု ရား သခင် လက် မ ခံ တဲ့ အ ကျင့် စ ရိုက် ၊ ဘု ရား သခင် ရဲ့ ပ ညတ် ချက် တွေ ကို ချိုး ဖေါက် တဲ့ အ ကျင့် စ ရိုက် တွေ ပဲ ဖြစ် ပါ တယ်။ ဒါ ကို တ မန် တော် ကြီး ရှင် ပေါ လု က ၊ ဇာ တိ နဲ့ ဆိုင် တဲ့ အ ကျင့် တွေ လို့ သုံး နှုံး ထား ပါ တယ်။
(ဂ လာ တိ ၅း ၁၉- ၂၁) မှာ၊-
“ထို အ ကျင့် တို့ မူ ကား၊ သူ့ မ ယား ကို ပြစ် မှား ခြင်း၊ မ တ ရား သော မေ ထုန် ၌ မှီ ၀ဲ ခြင်း၊ ညစ် ညူး စွာ ကျင့် ခြင်း၊ ကိ လေ သာ လွန် ကျူး ခြင်း၊ ရုပ် တု ကို ကိုး ကွယ် ခြင်း၊ သူ တ ပါး ကို ပြု စား ခြင်း၊ ရန် ငြိုး ဖွဲ့ ခြင်း၊ ရန် တွေ့ ခြင်း၊ ဂုဏ် ပြိုင် ခြင်း၊ အ မျက် ထွက် ခြင်း၊ ငြင်း ခုံ ခြင်း၊ အ ချင်း ချင်း ကွဲ ပြား ခြင်း၊ သင်း ခွဲ ခြင်း၊ သူ့ အ ကျိုး ကို ငြူ စူ ခြင်း၊ လူ အ သက် ကို သတ် ခြင်း၊ ယစ် မျိုး ကို သောက် ကြူး ခြင်း၊ ပွဲ လုပ် ခြင်း မှ စ ၍ ထို သို့ သော အ ကျင့် ပေ တည်း” လို့ ဖေါ် ပြ ထား ပါ တယ်။ အဲ ဒီ အ ကျင့် စ ရိုက် တွေ ဟာ အ သွေး အ သား တောင့် တ မှု နဲ့ လုပ် ဆောင် တဲ့ ဇာ တိ နဲ့ ဆိုင် တဲ့ လုပ် ဆောင် ချက် တွေ ပဲ ဖြစ် ပါ တယ်။
တ မန် တော် ရှင် ပေါ လု က ကိုယ့် ရဲ့ ကျင့် ကြံ အား ထုတ် မှု နဲ့ ဖြောင့် မတ် ခြင်း ရ ရှိ တယ် ဆို ပြီး ယုံ ကြည် အား ကိုး အ သက် ရှင် ကြ တဲ့ သူ တွေ ရဲ့ လမ်း လွှဲ နေ မှု ကို တည့် မတ် ပေး ဖို့ “အ ကျင့်” ကို ဝေါ ဟာ ရ တစ် မျိုး နဲ့ သုံး ထား ပါ တယ်။ သူ ထောက် ပြ တာ က ၊ အ စဉ် အ လာ ပ ညတ် တွေ ကို နာ ခံ လိုက် လျှောက် ခြင်း၊ လုပ် ဆောင် ခြင်း တွေ ဟာ ဘယ် နည်း နဲ့ မှ ဘု ရား ရှေ့ မှာ မ ဖြောင့် မတ် နိုင် ဘူး လို့ ဆို တဲ့ အ ချက် ပါ ပဲ။ ဒါ ကြောင့် တ မန် တော် ရှင် ပေါ လု က “works of the law” လို့ သုံး ထား တာ ဟာ၊ စိတ် သ ဘော ထား နဲ့ အ ကျင့် စ ရိုက် ကို သာ ဆို လို တာ ဖြစ် ပါ တယ်။ ဖြောင့် မတ် သူ ဖြစ် ဖို့ (အ ပြစ် ရှိ သ မျှ ခွင့် လွှတ် ခြင်း ခံ ရ ပြီး၊ ဘု ရား သ ခင် ရှေ့ မှာ ဖြောင့် မတ် တဲ့ သူ ဖြစ် ဖို့) အ တွက် တစ် ခု တည်း သော နည်း လမ်း က ခ ရစ် တော် ရဲ့ ကျွန်ုပ် တို့ အ ပြစ် ကြွေး အ တွက် ကိုယ် စား အ သေ ခံ တော် မူ ခြင်း ကို ယုံ ကြည် ခြင်း သာ ဖြစ် ကြောင်း တ မန် တော် ရှင် ပေါ လု က သွန် သင် ထား ခြင်း ဖြစ် ပါ တယ်။ ခ ရစ် တော် ရဲ့ အ သွေး တော် အား ဖြင့် သာ ကျွန်ုပ် တို့ ရဲ့ အ ပြစ် တွေ ခွင့် လွှတ် ခြင်း အ ခွင့် ရ ရှိ ပြီး၊ ပညတ် တော် ကို နာ ခံ လိုက် လျှောက် ခြင်း က အ ပြစ် က နေ လွှတ် မြောက် ခွင့် ကို မ ပေး နိုင် ပါ ဘူး။
ဓမ္မ သစ် ကျမ်း ထဲ မှာ သေ ခြင်း နဲ့ ဆိုင် တဲ့ အ ကျင့် နဲ့ ပတ် သက် ပြီး ဖေါ် ပြ ထား ချက် တွေ ကို ဆင် ခြင် လေ့ လာ ကြ ပါ စို့၊-

Clark’s Commentary ထဲ မှာ သေ ခြင်း နဲ့ ဆိုင် တဲ့ အ ကျင့် ကို “အ ပြစ် ထဲ မှာ သေ နေ တဲ့ သူ တွေ ရဲ့ အ ကျင့်” “ပ ညတ် တ ရား အောက် မှာ သေ နေ တဲ့ သူ တွေ ရဲ့ အ ကျင့်” လို့ ဖွင့် ဆို ထား ပါ တယ်။ ဘာ ကြောင့် လဲ ဆို တော့ သူ တို့ အား လုံး ဟာ ပ ညတ် တ ရား ကို ချိုး ဖေါက် နေ ကြ လို့ ပါ ပဲ။ တစ် နည်း အား ဖြင့် ပြော ရ ယင် ၊ ပ ညတ် ဆို တာ ခန္ဓာ နဲ့ လိုက် လျှောက် ဖို့ လို သ လို၊ အ တွင်း စိတ် နဲ့ လည်း လိုက် လျှောက် ရ တဲ့ အ ရာ ဖြစ် ပါ တယ်။ လူ အ မြင် မှာ လိုက် လျှောက် နိုင် တယ် လို့ ထင် ရ ပေ မဲ့ လည်း၊ စိတ် နဲ့ လိုက် လျောက် ဖို့ ဆို တာ မ လွယ် ပါ ဘူး။ အ ထိမ်း ရ အ ခက် ခဲ ဆုံး ဟာ စိတ် ဖြစ် ပြီး၊ စိတ် နဲ့ ပြစ် မှား တာ ကို လူ တွေ မ မြင် ပေ မယ့်၊ ဘု ရား နဲ့ ကိုယ့် ကို ကိုယ် ကို တော့ လိမ် လို့ မ ရ ပါ ဘူး။ ဒါ့ အ ပြင် ၊ ပ ညတ် ဆို တာ တစ် ချက် ချိုး ဖောက် တာ နဲ့ အား လုံး ချိုး ဖေါက် ရာ ရောက် တာ ကြောင့် ၊ လူ့ အ နေ နဲ့ ဘယ် နည်း နဲ့ မှ အား ကိုး လို့ မ ရ တဲ့ အ ကျင့် တ ရား တွေ ပဲ ဖြစ် ပါ တယ်။ ဒါ ကြောင့် ဒီ အ ကျင့် တွေ ကို သေ ခြင်း နဲ့ ဆိုင် တဲ့ အ ကျင့် လို့ နား လည် နိုင် ပါ တယ်။
တ မန် တော် ရှင် ပေါ လု က (ရော မ ၆း ၂၃) မှာ၊-
အ ပြစ် တ ရား ၏ အ ခ ကား သေ ခြင်း ပေ တည်း။ ဘု ရား သ ခင် ပေး တော် မူ သော ဆု ကျေး ဇူး တော် ကား၊ ငါ တို့ သ ခင် ယေ ရှု ခ ရစ် အား ဖြင့် ထာ ၀ ရ အ သက် ပေ တည်း” လို့ သွန် သင် ထား ပါ တယ်။
တ မန် တော် ရှင် ယော ဟန် က လည်း အ ပြစ် နဲ့ ပတ် သက် ပြီး (၁ ယော ၃း၎) မှာ၊-
ဒု စ ရိုက် ကို ပြု သော သူ မည် သည် ကား ၊ ပ ညတ် တော် ကို လွန် ကျူး ၏။ ဒု စ ရိုက် သည် ကား ပ ညတ် တော် ကို လွန် ကျူး ခြင်း ဖြစ် သ တည်း” လို့ ဖေါ် ပြ ထား ပါ တယ်။
အ ပြစ် ဆို တာ ဘု ရား ရဲ့ ပ ညတ် တော် (၁၀) ပါး ကို ချိုး ဖေါက် တာ ဖြစ် ပြီး၊ ကိုယ့် အ ပြစ် ကို နောင် တ ရ ဖို့ ငြင်း ဆန် မယ် ဆို ယင်၊ ပ ညတ် တော် ကို ချိုး ဖေါက် တဲ့ အ ဖိုး အ ခ က၊ ထာ ၀ ရ သေ ခြင်း ပဲ ဖြစ် ပါ တယ်။
(New International Version) ကျမ်း စာ မှာ တော့ ၊ “သေ ခြင်း နဲ့ ဆိုင် သော အ ကျင့် ကို နောင် တ ရ ခြင်း” ကို “သေ ခြင်း သို့ ဆောင် ယူ သွား သော အ ကျင့် စ ရိုက် များ မှ နောင် တ ရ ခြင်း” (J.B. Phillips New Testament) မှာ တော့ “သေ ခြင်း သို့ ဦး ဆောင် သွား သော လုပ် ဆောင် မှု များ မှ နောင် တ ရ ခြင်း ” ဆို ပြီး ဖေါ် ပြ ထား သေး ပါ တယ်။
သေ ခြင်း နဲ့ ဆိုင် တဲ့ အ ကျင့် က နေ နောင် တ ရ ခွင့် ဟာ ဆက် ရှိ နေ ပါ တယ်။
ယေ ရှု ခ ရစ် တော် မှ တ ပါး ၊ လူ သား တိုင်း မှာ အ ပြစ် ရှိ ကြ ပါ တယ်။ (ရော မ ၃း ၂၃) မှာ၊- တ မန် တော် ရှင် ပေါ လု က၊-
“အ လယ် ကြောင့် နည်း ဟူ မူ ကား၊ လူ အ ပေါင်း တို့ သည် ဒု စ ရိုက် ကို ပြု ၍ ဘု ရား သ ခင့် ရှေ့ တော် ၌ အ သ ရေ ပျက် ကြ ပြီ” လို့ ဖေါ် ပြ ထား ပါ တယ်။
တ မန် တော် ရှင် ယော ဟန် အ နေ နဲ့ ခ ရစ် ယာန် တွေ ကို ဘယ် လို သွန် သင် ထား သ လဲ ဆို ယင်၊-
“ကိုယ် အ ပြစ် မ ရှိ ဟု ငါ တို့ သည် ဆို လျှင်၊ ကိုယ် ကို ကိုယ် လှည့် ဖြား ကြ ၏။ ငါ တို့ ၌ သ စ္စာ တ ရား မ ရှိ ၊ ကိုယ် အ ပြစ် တို့ ကို ဘော် ပြ တောင်း ပန် လျှင်၊ ငါ တို့ အ ပြစ် များ ကို လွှတ် ၍ ဒု စ ရိုက် ရှိ သ မျှ နှင့် ကင်း စင် စေ ခြင်း ငှာ ဘု ရား သ ခင် သည် သ စ္စာ တ ရား နှင့် ၄င်း၊ ဖြောင့် မတ် ခြင်း တ ရား နှင့် ၄င်း ပြည့် စုံ တော် မူ ၏။ ဒု စ ရိုက် ကို မ ပြု ပြီ ဟု ငါ တို့ သည် ဆို လျှင်၊ ဘု ရား သ ခင် ကို မု သာ အ ပြစ် တင် ကြ ၏။ နှုတ် က ပတ် တော် လည်း ငါ တို့ ၌ မ ရှိ”
လူ တိုင်း မှာ နောင် တ တ ရား ရ ဖို့၊ ဘု ရား သ ခင် ခွင့် လွှတ် ခြင်း ခံ ယူ ဖို့ “သေ ခြင်း နဲ့ ဆိုင် တဲ့ အ ကျင့်” တွေ ကိုယ် စီ ရှိ နေ ကြ ပါ တယ်။ အ ကျိုး မ ရှိ၊ အ ချည်း အ နှီး ဖြစ် တဲ့ သေ ခြင်း နဲ့ ဆိုင် တဲ့ အ ကျင့် တွေ ဆို တာ မ ပြောင်း လဲ ခင် ရှိ တဲ့ အ ရာ တွေ ပါ။ ပြောင်း လဲ ပြီး နောက် ပိုင်း မှာ တော့ အား လုံး ကို ကျော် လွှား သွား ပါ လိမ့် မယ်။
နိဂုံး
နှုတ် က ပတ် တော် ကို နာ ခံ လိုက် လျှောက် နေ ခြင်း ဟာ၊ ဖြောင့် မတ် ဖို့ ၊ အ ပြစ် လွှတ် ဖို့ အ တွက် မ ဟုတ် ပဲ၊ ခ ရစ် တော် ကို ယုံ ကြည် တဲ့၊ ချစ် တဲ့၊ အား ကိုး တဲ့ အ နေ နဲ့ လည်း ကောင်း၊ ခ ရစ် တော် ဟာ ကျွန်ုပ် တို့ ရဲ့ သ ခင် ဖြစ် သ လို၊ ကျွန်ုပ် တို့ ဟာ လည်း ခ ရစ် တော် ရဲ့ ကျွန် တွေ ဖြစ် တဲ့ အ တွက် ၊ သ ခင့် ရဲ့ စ ကား ၊ သ ခင့် ရဲ့ ခိုင်း စေ မှု ၊ သ ခင့် ရဲ့ အ လို တော် ကို နာ ခံ တဲ့ သ ဘော နဲ့ လိုက် လျှောက် အ သက် ရှင် နေ ကြ ခြင်း သာ ဖြစ် ပါ တယ်။ မိတ် ဆွေ တို့ အား လုံး ၊ သေ ခြင်း သို့ ပို့ ဆောင် တတ် သော အ ကျင့် များ မှ နောင် တ ရ လျှက်၊ လူ့ ဇာ တိ ကို ခံ ယူ ပြီး လူ သား အား လုံး အ ပြစ် ကြွေး အ တွက် အ သေ ခံ ပေး ဆပ် ပြီး၊ သုံး ရက် မြောက် သော နေ့ ၌ သေ ခြင်း မှ ရှင် ပြန် ထ မြောက် ကာ၊ လူ သား အား လုံး တို့ အ ပေါ် လူ့ ဥာဏ် ဖြင့် လိုက် ၍ မ မီ နိုင် သည့် မေ တ္တာ ဖြင့် အ စဉ် ချစ် သ နား တော် မူ သော ခ ရစ် တော် အား ၊ မိ မိ ၏ အ သက် သ ခင် ကျေး ဇူး ရှင် ၊ ကယ် တင် ပိုင် သော အ ရှင် အ ဖြစ် ယုံ ကြည် လက် ခံ လျှက် ၊ ဘု ရား သ ခင် ပေး သ နား တော် မူ သော ထာ ၀ ရ အ သက် အား ခံ ယူ ကြ ပါ စို့။

ဝိညာဉ်မီးအိမ်(ခရစ်ယာန်စာပေစုစည်းမှု)…

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...