● Soul and Spirit ..


Soul, Spirit ဆိုတဲ့ ဝေါဟာရ စကားလုံး တွေကြား ရတဲ့အခါ စိတ်ထဲမှာ ဘာတွေဝင် လာပါသလဲ။ အများစု ကတော့ ဒီဝေါဟာ ရတွေ ကြားရတဲ့ အခါ၊ ဒါတွေက ကျွန်ုပ်တို့ အထဲမှာ ရှိနေတဲ့ မျက်စိနဲ့ မမြင်နိုင် တဲ့၊ ပျောက် ပျက်မသွား နိုင်တဲ့ အရာတွေ လို့ယုံကြည် ကြမှာပါ။ သေခြင်း တရား ရင်ဆိုင် ရတဲ့အခါ လူဟာ ရုပ်ခန္ဓာကို ထားခဲ့ပြီး ဒီမမြင်ရတဲ့ အရာတွေက ဆက်ပြီး ရှိနေ လိမ့်မယ်လို့ ထင်မြင် ကြပါတယ်။ ဒီလို ထင်မြင် ယူဆ ယုံကြည် ချက်တွေက သမ္မာကျမ်း စာနဲ့မလုံ လောက်ဘူး၊ ကျယ်ကျယ် ပြန့်ပြန့် လေ့လာဖို့ လိုအပ် တယ်လို့ လည်း ခံယူ ယုံကြည် ကြပါတယ်။ ဘုရား သခင်ရဲ့ နှုတ်ကပတ် တော်က ဒီ Soul, Spirit နဲ့ ပတ်သက်ပြီး ဘယ်လို ပြောထား ပါသလဲ။

သမ္မာကျမ်း စာထဲ၌ အသုံးပြု ထားသော Soulနဲ့ Spirit|-

Soul အားလေ့လာခြင်း
သမ္မာကျမ်းစာ တစ်ခုလုံး နီးပါးဟာ မူရင်း (Hebrew) ဟေဗြဲဘာသာ ၊ (Greek) ဂရိဘာ သာတွေကနေ ပြန်ဆို ထားတာ ဖြစ်ပါတယ်။ Soul နဲ့ပတ် သက်ပြီး ၊ ကျမ်းရေး သူက ဟေဗြဲ ဘာသာ နဲ့ရေးတဲ့ အခါ ဟေဗြဲ ဝေါဟာရ  ne’phesh နက်ဖတ်ခ်ျ လို့ သုံးပြီး၊ ဂရိ ဘာသာနဲ့ ရေးတဲ့အခါ ဂရိ ဝေါဟာရ psy-kheʹ ဆိုဒ်ခေး လို့ အသုံး ပြုပါတယ်။ နှုတ်ကပတ် တော်ထဲမှာ တော့ဒီ ဝေါဟာရကို အကြိမ် ၈၀၀ကျော် သုံးထား ပါတယ်။ သမ္မာကျမ်း ထဲကဖေါ် ပြထားတာ တွေကို စိစစ်ကြည့် ရာမှာ ၊ Soul, Souls ကို (၁)လူ ၊(၂)သတ္တ၀ါ၊ (၃)သက်ရှိ လူ/ သတ္တ၀ါ တွေကို ရည်ညွှန်း ထားတာ တွေ့ရပါတယ်။ (၁ပေ ၃း၂၀) နောဧ လက်ထက် လွတ်မြောက် ခွင့်ရသော လူရှစ်ယောက် အား (eight souls) ဟု သုံးထားခြင်း။ (ထွက် ၁၆း၁၆) according to the number of the people (soul) ဟုအသုံး ပြုထားခြင်း။ (ကမ္ဘာ ၄၆း၁၈၊ ယေရှု မှတ်စာ ၁၁း၁၁၊ တမန် ၂၇း၃၇၊ ရောမ ၁၃း၁) တို့ တွင်လည်း Soul အား (လူ/ပုဂ္ဂိုလ်) ဟူ၍ သုံးနှုံး ထားကြောင်း မူရင်း ကျမ်းများတွင် တွေ့ရပါ သည်။

သတ္တ၀ါ တွေနဲ့ ပါတ်သက် ပြီးတော့၊ ကမ္ဘာဦး ကျမ်းမှာ ဘုရား သခင် မိန့်တော် မူတာက ၊ Let the waters swarm with living creatures (အောက်ခြေ မှတ်စုမှာ| souls) လို့ ဖေါ်ပြ ထားပါတယ်။ (ကမ္ဘာဦး ၁း၂၀၊ ၂၄) မှာလည်း ငါး၊ သရုပ်ဖေါ် ထားတဲ့ သတ္တ၀ါ တွေ၊  သားရဲ တွေ အားလုံးကို souls လို့ ရည်ညွှန်း ဖေါ်ပြထား တာတွေ့ ရပါ တယ်။ (ကမ္ဘာဦး ၉း၁၀၊ ၀တ်ပြု ၁၁း၄၆၊ တောလည် ၃၁း၂၈) ဖေါ်ပြ ထားတဲ့ ငှက်နဲ့အခြား သတ္တ၀ါရဲ့အောက် ခြေ မှတ်စု တွေ မှာလည်း souls လို့သုံး နှုံး ထားပါ တယ်။

          တစ်ခါ တစ်ရံ soul ဟာ လူ ပုဂ္ဂိုလ် တစ်ဦးရဲ့ အသက် (life of a person) လို့ လည်း ဆိုလို ထားပါ တယ်။ (ထွက် ၄း၁၉) မှာ၊ “အဲဂုတ္တု ပြည်သို့ ပြန်သွားလော့။ သင်၏ အသက်  ကိုရှာ သော သူအပေါင်း တို့သည်” အောက်ခြေ မှတ်စု မှာ၊ soul လို့ ဖေါ်ပြထား ပါတယ်။ (ကမ္ဘာဦး ၃၅း၁၈) ၌ “ရာခေလ သည် သေအံ့ဆဲ ဆဲရှိ၍ ၊ နံဝိညာဉ် ထွက်စဉ်ခါ” “her soul was going out,” လို့ အောက်ခြေ မှတ်စု၌ ဖေါ်ပြထား ပါ သည်။ ခရစ်တော် ကလည်း (ယော ၁၀း၁၁) ၌ “the fine shepherd surrenders his lifeကောင်းသော သိုးထိန်းသည် သိုးတို့ အဘို့ အလို့ငှါ မိမိ အသက်ကို စွန့်တတ်၏” အောက်ခြေ မှတ်စုတွင် Soul ဟုဖေါ် ပြထား ပါသည်။ ထို့ကြောင့် သမ္မာ ကျမ်းစာ တွင် soul အား လူတစ်ဦး ရဲ့ အသက်(life) ဟုရည်ညွှန်း ဖေါ်ပြ ထား ကြောင်း တွေ့ရ သဖြင့် soul သည် သေဆုံး တတ်သည့်  အခြေအနေ ရှိကြောင်း၊ (ယေဇကျေ ၁၈း ၄၊ ၂၀) ထို့ကြောင့် သမ္မာ ကျမ်းစာက လူတစ်ဦး သေဆုံးခြင်း ကို soul သေဆုံး ခြင်းဟု ဆိုလို ကြောင်း နားလည် နိုင်ပါ သည်။
.
Spirit အား လေ့လာ စူးစမ်း ခြင်း။
အချို့ သော သူများ ဟာ Soul ကို Spirit လို့ တစ်မျိုး ခေါ် ဆိုတာ ဖြစ်တယ် လို့ ထင်ကြပါ တယ်။ သမ္မာ ကျမ်းစာ ကတော့ Soul နဲ့ Spirit မတူညီ ကြောင်း ကွဲပြား ကြောင်း ရှင်းရှင်း လင်းလင်း ဖေါ်ပြ ပေးထား ပါတယ်။
          သမ္မာ ကျမ်းစာ ရေးသား သူတွေက Spirit ကို ဟေဗြဲ လို ru’ach ၊ ဂရိလို pneu’ma လို့ အသုံး ပြုကြ ပါတယ်။ (ဆာလံ ၁၀၄း ၂၉)မှာ သူတို့ အသက်ကို ရုပ်သိမ်း တော်မူလျှင်၊ သူတို့သည် သေ၍ မိမိတို့ မြေမှုန့် ထဲသို့ ပြန်သွား ကြပါ၏။  “If you take away their spirit [ruʹach], they die and return to the dust.” (ယာကုပ် ၂း၂၆) ၀ိညာဉ်နှင့် ကင်းသော ကိုယ်သည် အသေဖြစ် သကဲ့သို့၊ “the body without spirit [pneuʹma] is dead.”။ သမ္မာကျမ်း စာထဲ၌ ru’ach ဝေါဟာရ အား spirit ဟုသာမက force (သို့) life- force ဟုလည်း ပြန်ဆို ထားပါသည်။ ဥပမာ၊ နောဧ လက်ထက်တွင် ဘုရား သခင်က “I am going to bring floodwaters upon the earth to destroy from under the heavens all flesh that has the breath [ruʹach] of life” အသက် ရှင်သော သတ္တ၀ါ အပေါင်း တို့ကို၊ ကောင်းကင် အောက်မှ ငါကိုယ်တိုင် ပယ်ရှင်း ခြင်းငှါ၊ မြေကြီးကို ရေလွှမ်း မိုးစေ သဖြင့် ၊ မြေပေါ် မှာရှိသမျှ တို့သည် သေရကြမည်။ ဒါကြောင့် Spirit ကို မျက်မြင် မရတဲ့ စွမ်းအား တစ်ခု (the spark of life) မူလ ရင်းမြစ် လျပ်စစ် စွမ်းအင် ပါတဲ့ ဓါတ်ခဲ မထည့် ထားတဲ့ (သို့) လျပ်စစ် အားစီး ၀င်ဖို့ လမ်းကြောင်း မရှိတဲ့ လက်ကိုင် ရေဒီယို တစ်လုံး လိုပါပဲ။

Soul နဲ့ Spirit တို့ဟာ မတူညီပါ၊ ခြားနား ပါတယ်။ ရေဒီ ယိုတစ်လုံး အလုပ် လုပ်ဖို့ လျှပ်စစ် စွမ်းအင် လိုသလို၊ ရုပ်ခန္ဓာ လှုပ်ရှား လည်ပတ် ဖို့ အတွက် spirit လိုပါတယ်။ လက် ကိုင် ရေဒီယိုထဲ ဓါတ်ခဲ ထည့်လိုက် ယင်၊ ဓါတ် ခဲထဲမှာ သိုလှောင် ထားတဲ့ လျပ်စစ် စွမ်းအင် တွေ ရေဒီယို ထဲစီးဝင် လာမှုကြောင့် ရေဒီယို ဖွင့်လို့ ရပါတယ်။ ဓါတ် ခဲ မထည့် ထားယင် တော့ အဲဒီ ရေဒီယိုဟာ သေနေ သလို ပါပဲ။ ဘာမှ ဖွင့်နား ထောင်လို့ ရမှာ မဟုတ် ပါဘူး။ ဒါမှ မဟုတ် နောက်တစ် နည်းအ နေနဲ့၊ လျပ်စစ် စီးဝင်နေတဲ့ ပလပ်ကြိုးနဲ့ ဆက်သွယ် မထား တဲ့သ ဘောနဲ့ လည်း တူပါ တယ်။ အဲဒီလိုပါပဲ၊ spirit ဟာ ကျွန်ုပ်တို့ ရုပ်ခန္ဓာ အသက် ရှင်ဖို့ အတွက် စွမ်းအား လည်း ဖြစ်ပါတယ်။ spirit ဟာ လျှပ်စစ် စွမ်းအား လိုပဲ ခံစားမှု လည်း မရှိ၊ စဉ်းစား တတ်တဲ့ အရာလည်း မဟုတ်ပါဘူး။ ပုဂ္ဂိုလ် လည်း မဟုတ်တဲ့ စွမ်းအား တစ်ခု ဖြစ်ပါ တယ်။ ဒါပေမဲ့ ဒီ Spirit (သို့) စွမ်းအား မရှိခဲ့ယင် တော့၊ ကျွန်ုပ် တို့ရဲ့ ရုပ်ခန္ဓာ ဟာ မြေ မှုန့် သို့ ပြန်သွား ရ တယ်  “die and return to the dust” လို့  ဆာလံ ဆရာက ဖေါ် ပြထား ပါတယ်။

လူသား တစ်ဦးရဲ့ ဆေးဆုံး ခြင်း
          (ဒေသနာ ၁၂း ၇) ထို ကာလ၌ မြေမှုန့်  (ရုပ်ခန္ဓာ) သည် နေရင်းမြေ သို့၎င်း၊ ၀ိညာဉ် သည်အရင် ပေးတော် မူသော ဘုရား သခင့် ထံသို့၎င်း ပြန်သွား ရလိမ့်မည်။ “The dust [of his body] returns to the earth, just as it was, and the spirit returns to the true God who gave it.”

Spirit (သို့) အသက် စွမ်းအား Life-force ဟာ ရုပ်ခန္ဓာ ကနေ ထွက်သွား ပြီဆို တာနဲ့ ရုပ်ခန္ဓာ ဟာ မူလ လာရာ အရပ် ဖြစ်တဲ့ မြေကြီး သို့ ပြန်သွား ရမယ် လို့ ဆိုလို တာဖြစ် ပါတယ်။ နှိုင်းယှဉ် ပြရယင်၊ အသက် စွမ်းအား “spirit” ဟာ မူလလာ ရာ ဘုရား သခင် ထံပြန် သွားရ ခြင်းဖြစ် ပါ တယ်။ (ယောဘ ၃၄း ၁၄ ၊ ၁၅။ ဆာလံ ၃၆း၉) မှာ ၊ ဘုရား သခင်သည် လူကို အလို တော်မရှိ၍၊ လူအသက် ၀ိညာဉ်ကို ရုပ်သိမ်း တော်မူလျှင်၊ ခပ်သိမ်းသော လူသတ္တ၀ါ တို့သည် ချက်ခြင်း သေပျောက်၍ မြေမှုန့်သို့ တဖန် ရောက်ရ ကြလိမ့် မည်။ ဒီနေရာမှာ အသက်စွမ်း အားဟာ  ကောင်းကင် ဆီအမှန် တကယ် ရောက်သွား ခြင်းလို့ ဆိုလို တာမဟုတ် ပါဘူး။ လူတစ်ဦး တစ်ယောက်
သေဆုံး ပြီဆို တာနဲ့ သူ့မှာ အနာ ဂတ်အတွက် ဘာမျှော် လင့်ချက် မှမရှိ တော့ဘဲ၊ ဘုရား သခင် ထံပါးမှာ အနား ယူခြင်း လို့ ဆိုလို တာဖြစ် ပါတယ်။ အသက် ဟာ ဘုရား လက် တော် ထဲမှာသာ ရှိတဲ့အတွက် ဒီ spirit ကိုဘုရား သခင်ကဘဲ၊ ပြန်လည် ပေးအပ်ယင် အဲဒီလူ ပြန်ပြီး အသက် ရှင်ခွင့် ရလာမှာ ဖြစ်ပါတယ်။

(ယောဘ၊ ၁၄း ၁၀- ၁၂) လူသည် အသက်ချုပ် ပြီးလျှင် အဘယ်မှာ ရှိသနည်း။ အိုင်ရေ ပြတ်သကဲ့ သို့၎င်း၊ မြစ်ရေ ခန်းခြောက် သကဲ့ သို့၎င်း၊ လူသည် အိပ်ပြီးမှ နောက်တဖန် မထရ။ မိုဃ်းကောင်း ကင်မကုန် ဆုံးမှီ တိုင်အောင် မနိုးရ အအိပ် အပျော် မပျက်ရ။

သင်္ချိုင်း ဂူတွေ ထဲမှာ အနား ယူနေတဲ့ သူတွေ အတွက်  ဘယ်လောက် များစိတ် ချမ်းမြေ့ စရာ ကောင်းလှ ပါသလဲ။ သင်္ချိုင်း များမှာ ရှိသော သူအပေါင်း တို့သည် သားတော်၏ စကား သံကို ကြား၍ ၊ ထွက်ရမည့် အချိန် ကာလ ရောက်လတံ့။ ကောင်းသော အကျင့်ကို ကျင့်သော သူတို့သည် အသက် ရှင်ရာ ထမြောက် ခြင်းသို့၎င်း ဆိုးယုတ်သော အကျင့်ကို ကျင့်သော သူတို့သည် အပြစ်စီ ရင်ရာ ထမြောက်ခြင်း သို့၎င်း ထွက်ရ ကြလတံ့ (ယောဟန်၊ ၅း၂၈- ၂၉)

အဲဒီ ထမြောက် ရတဲ့ အချိန်မှာ၊ ဘုရား သခင်က သေခြင်း ၌ အိပ်ပျော် နေသူများ ကို ခန္ဓာ အသစ် ဖွဲ့စည်း ပေးပြီး၊ spirit (သို့) Life-force အသက် စွမ်းအား ကိုလည်း ထည့်သွင်း ပေးပါ လိမ့်မယ်။ ထိုနေ့ ကတော့ ပြောမပြ တတ်လောက် အောင် ပျော်ရွှင် မှုအပေါင်း နဲ့ ပြည့်ဝ တဲ့နေ့ ဖြစ်ပါ လိမ့်မယ်။

ဝိညာဉ်မီးအိမ်(ခရစ်ယာန်စာပေစုစည်းမှု)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...