● ကျန်းမာ ကြံ့ခိုင်သော အသင်းတော် အပိုင်း(၅)

သင်း တော်အစေခံ သောခေါင်း ဆောင်တစ် ဦးကိုမည်ကဲ့ သို့သောပုံ စံမျိုးနှင့် တွေ့ရ မည်နည်း။
အစေ ခံဖြစ်သော သင်းအုပ် ဆရာတစ် ပါးကိုမည် ကဲ့သို့သော ပုံစံဖြင့်တွေ့ ရမည်နည်း။ ကျွန်တော်တို့ အသင်းတော် များသို့ တစ်လှည့် စီသွားရောက် လေ့လာ လျှင်သင်း အုပ်ဆရာ များ တကယ် အစေခံဖြစ် သောခေါင်း ဆောင်ဖြစ် သလားဟု သိရှိနိုင် ရန်မည် သည့်လကဏာများဖြင့် ရှာဖွေရ မည်နည်း။ ဤအကြောင်း အားလေ့ လာရန် တမန်၊၂၀း၁၃ကိုလေ့လာ ပါမည်။ အသင်း တော်ခေါင်း ဆောင်ဖြစ် စေရန်ရှင် ပေါလုသည် ဧဖက်အသင်း တော်သို့တိ မောသေကို စေလွှတ်ခဲ့ သည်။အသင်း တော်လူကြီး များနှင့်တွေ့ ဆုံခြင်းကို တွေ့ရ ပါသည်။ အသင်းတော် ကိုတည် ဆောက်သူ တို့အား ဓမ္မဒေ သနာကို သွန်သင်ပေး ရန်ရှင်ပေါ လုသည် ထိုမြို့တွင် (၂)နှစ်နေ ခဲ့ပါသည်။ ထို(၂)နှစ်ပြီး လျှင်သူ အခြားဒေ သတို့သို့ သွားသူတို့နှင့် ပြန်တွေ့ဆုံ ရန်ဧဖက်မြို့ သို့ပြန်သွား ခဲ့ပါသည်။ ဧဖက်အသင်း တော်လူကြီး များနှင့်ဆွေး နွေးသော အခါတွင် သူကိုယ်တိုင် မည်ကဲ့သို့ ပုံစံဖြင့် ဦးဆောင်ခဲ့ သနည်းဟူ သည်ကို ရှင်ပေါလု သည်သူ တို့ကိုပြန်သတိပေးခဲ့ ပါသည်။ တမန်တော် ရှင်ပေါလု ကိုယ်တိုင် ဦးဆောင် သည့်ပုံစံ ကိုလေ့လာ ခြင်းအားဖြင့် အစေခံဖြစ် သောသင်း အုပ်ဆရာ အဖြစ် နမူနာ ကောင်းကို တွေ့ရှိရပါ သည်။ထို နမူနာတွင် အစေခံဖြစ် သောခေါင်း ဆောင်၏ အမှတ်လကဏာ(၅) ချက်ကို ဖော်ပြပါမည်။
(က)မခြားမလပ်ဆုတောင်းပဌနာပြုသောသူဖြစ်ပါသည်။
ဧဖက်မြို့မှ ထွက်ခွာ သောအခါ တွင် ရှင်ပေါလု သည် အသင်း တော်လူကြီး များအတွက် ဆုတောင်း ခဲ့ပါသည်။ (း၃၆) သူသည် သူရောက်ရှိ ခဲ့သော အသင်း တော်များ အတွက် အမြဲတမ်း ဆုတောင်း ပတ္တနာပြု ခဲ့ပါ သည်။ ဧဖက်၊ ၁း၁၅-၁၆“ထို့ကြောင့် သင်တို့ သည် သခင် ယေရှု ကိုယုံ ကြည်ခြင်း နှင့်သန့် ရှင်းသူ အပေါင်း တို့ကို ချစ်ခြင်း အကြောင်း ကိုငါသည် ကြားပြီးလျှင် သင်တို့ကို အကြောင်း ပြု၍ ကျေးဇူးတော် ကိုအစဉ် မပြတ် ချီးမွမ်း လျှက် သင်တို့ အဘို့ အလို့ငှာ ဆုတောင်း ပဌာနပြု လျက် နေ၏။
အမြဲတမ်း ဆုတောင်း ပတ္ထနာပြု ပေးခြင်းသည် အစေခံဖြစ် သောခေါင်း ဆောင်၏ အထွဋ်အ ထိပ်လက္ခ ဏာဖြစ်ပါ သည်။ဆု တောင်းပတ္ထ နာပြုခြင်း သည်အမြဲ တမ်းကိုယ့် အကျိုးစီး ပွားကိုဖယ် ရှား၍သူ တစ်ပါးအ ကျိုးကိုသာ စဉ်းစားကာ အချိန်နှင့် အာရုံကို ပေးကြပါ သည်။ဆု တောင်းပေး ခြင်းကြောင့် သူများထံမှ ဂုဏ်ပြုခြင်း ရစရာမရှိ၊ ကျေးဇူးတင် စရာမရှိ၊ ငွေကြေးရ စရာမရှိစ သည်ဖြင့် ဘုရားသခင် ၌သာမြင် နိုင်သော ဆက်ကပ် ခြင်းဖြစ်ပါ သည်။သူ များရှေ့မှာ မဟုတ်သော် လည်းတစ်ဦး တည်းဘုရား သခင်ရှေ့ မှာကျွန် တော်တို့အ သင်းသူအ သင်းသား များအတွက် ဆုတောင်း ပတ္ထနာပြု ခြင်းသည် သင်းအုပ် ဆရာ၏တာ ၀န်အနေဖြင့် မည်မျှတန်ဖိုး ထားသနည်း။ ရှင်ပေါလု ကဲ့သို့အမြဲ တမ်းဆု တောင်းပတ္ထ နာပြုသော သူဖြစ်လျှင် အစေခံဖြစ် သောခေါင်း      ဆောင် များဖြစ် ပါသည်။
(ခ)အနစ်နာခံနိုင်စွမ်းသတ္တိ
အသင်းသူ အသင်း သားများ ၏အကျိုး ကျေးဇူး အတွက် ဒုက္ခအမျိုး မျိုးခံစားရန် အလိုလို စေတနာ စိတ်ရှိရန် လိုအပ်ပါ သည်။ အလုပ် သဘော လုပ်ကြသော သူငှားဖြစ် သောသိုး ထိန်းများ သည် ဒုက္ခဆင်း ရဲမှုကို ရှောင်ရှား ကာ မိမိအကျိုး စီးပွားကို သာဦးစား ပေးသဖြင့် အခက် အခဲဖြစ် ပေါ်လာ သောအခါ တွင် ထွက် ပြေးကြပါ သည်။ သို့သော် လည်းအ စေခံဖြစ် သောခေါင်း ဆောင်တစ် ဦးသည်အ သင်းတော် ၏အကျိုး ကျေးဇူးကို ဦးစားပေး သည့်အတွက် ကြောင့်ဒုက္ခ ဆင်းရဲမည် သို့ပင်ဖြစ်စေ၊ သည်းခံကာ အားမလျော့ ဘဲဆက် လက်၍အ မှုတော်ကို ထမ်းဆောင် ပါသည်။ တမန်တော် ရှင်ပေါလု သည်သူ ကိုယ်တိုင် ခံစားရ သော ဒုက္ခဆင်း ရဲမှုအကြောင်း ကို ဖော်ပြခဲ့ ပါသည်။ (တမန်တော် ၀တ္ထု၊ ၂၀း၁၉)
 “အလွန် နှမ့်ချ သောစိတ် ရှိလျက် မျက်ရည် ကျလျက် ယုဒလူတို့ ၏မကောင်း သော အကြံ အားဖြင့် စုံစမ်း နှေင့်ရှက် ခြင်းကို ခံလျက် သခင် ဘုရား၏ အမှုတော်ကို ငါဆောင် ရွက်သည် အကြောင်း အရာ ကို  သင်တို့ သိကြ၏။”
အသင်း တော်ကို ဆန့်ကျင် သောသူများ ခံစားရသော ဒုက္ခဝေ ဒနာကို လည်း ကောင်း၊ အမှုတော် နှင့်ဆိုင် သောစိတ် ဓါတ်ကျ စရာကို လည်း ကောင်း။ (၂၀း၃၁) “ထို့ကြောင့် စောင့် ရှောက်၍ နေကြ လော့။ ငါသည် သုံးနှစ် ပတ်လုံး နေ့ည မပြတ် လူအပေါင်း တို့ကို မျက်ရည် နှင့်တကွ ဆုံးမ နေကြောင်း ကို အောက် မေ့ကြလော့။” အမှုတော် ကိုဆောင် ရွက်ရန် ခွန်အား ဖြည့်စရာ လိုအပ် သည်ကို လည်းကောင်း။(၂၀း၃၄-၃၉) ဤလက် တို့သည် ငါ့ကို လည်းကောင်း  …..ပေါလု ကိုသင်္ဘော သို့ပို့လိုက် ကြ၏။” အသင်း တော်ကို အစေခံ သောသူဖြစ် သည့်အ တွက်ကြောင့် ထိုဒုက္ခ ဝေဒနာ အမျိုးမျိုး ကိုသည်း ခံရန်အလို လိုစေတနာ စိတ်ရှိပါ သည်။သို့ ရာတွင်ဒုက္ခ အမျိုးမျိုး ခံစားမှု တွင်အထူး သောကောင်း ကျိုးရှိပါ သည်ဟု ပြောခြင်း မျိုးမဟုတ် ကြောင်းသ တိထားရန် လိုသည်။ အချို့သော သင်းအုပ် ဆရာများ သည်သူတို့ က အခြား သောသင်း အုပ်ထက် ပို၍ဒုက္ခ ခံစားရခဲ့ရ သည့်အ တွက်ဘုရား သခင်သည် သူတို့ကို နှစ်သက် တော်မှု သည်ဟု ထင်မှတ် ကြပါ သည်။  ၎င်းမှာ ဘုရားသ ခင်၏ နှစ်သက် မှုကို ပိုခံစား ရရှိစေသည် ဟူသော အကြောင်း ရင်း ဖြစ်သည်။ သို့သော် လည်း ထိုအမြင် သဘော သည်သမ္မာ ကျမ်းစာနှင့် ကွာဟပါ သည်။ ဘုရားသ ခင်၏ကျေး ဇူးတော်သည် ကျွန်တော် တို့ကြိုးစား အားထုတ်မှု အပေါ်မူ တည်၍ ပေးတော်မူ သည်မဟုတ်။ ကျွန်တော် တို့အားလုံး သည်မ ထိုက်တန် သောသူ များဖြစ်သော် လည်းဘုရား သခင်သည် မဟာ မေတ္တာတော် အားဖြင့် ကျေးဇူးပြု တော်မူ၏။ ထို့ကြောင့် ကိုယ့်အ ကျိုးကျေး ဇူးကိုမ ရှာ သော်လည်း သူများ အကျိုးကို ဦးစားပေး ၍ဆက် ကပ် ကြပါ မည်။ သိုးများ ကိုချစ် သော၊ စစ်မှန် သောသိုး ထိန်းများ ဖြစ်သ လား။ သို့သော် ကိုယ်ပိုင် အသက် တာကို သက်တောင့် သက်သာ စွာနေ၍ ကိုယ့်အ ကျိုးကိုရှာ သော “သူငှား“ ဖြစ်သော သိုးထိန်း ဖြစ်သ လား။
(ဂ)ဘုရား သခင်၏ နှုတ်က ပတ်တော် ကို တိကျစွာ သင်ပေးရန် အလိုလို စေတနာ စိတ်ရှိ၏။ လူကြိုက် များသော အပိုင်းကို သာ မသင် ပေးဘဲ၊ သမ္မာကျမ်း စာ၌ပါရှိ သော အဆုံးအမ၊ ဒေသနာ အားလုံးကို တိကျစွာ သင်ပေးရန် စေတနာ စိတ်ရှိ သော အစေခံ သောခေါင်း ဆောင်ဖြစ် ပါသလား။ သူသည် အသင်းသူ အသင်း သားများ ၏၀ိညာဉ် ရေးဆိုင်ရာ ကျန်းမာ ရေးကို ဦးစား ပေးကာ ဂရုစိုက် သည့်အ တွက်ကြောင့် နှုတ်က ပတ်တော်၌ ပါရှိသော အဆုံး အမကို သူတို့အား သင်ပေး ပါမည်။ (တမန်တော် ၀တ္ထု၊ ၂၁း၂၀-၂၁) (တမန်တော် ၀တ္ထု၊ ၂၁း၂၆-၂၇) သမ္မာကျမ်း တွင်ဖော်ပြ ထားသော အချို့သော အဆုံးအ မများသည် လူများမ ကြိုက်သော အချက် များပါရှိ သည်ဟု ရှင်ပေါ လုထင် မြင်မိပါ သည်။ဥပမာ- တမန် တော်ဝတ္ထု၊ ၂၁း၂ တွင် သူသည် နောင်တရ ခြင်းတရား အကြောင်း ပြောခဲ့ပါ သည်။ ကိုယ်ကျိုး ကိုသာ ကြည့်သော ခေါင်း ဆောင်များ သည်သူ တစ်ပါးမ ကျင့်နိုင် သောအ ဆုံးအမ များ ကိုရှောင်ရှား ကာ လူအ များကြိုက် နှစ် သက်သော အရာများ ကိုသာ သင်ပေးကြ ပါသည်။ သို့သော် လည်း အစေခံ ကောင်းဖြစ် သောခေါင်း ဆောင်တစ် ဦးသည် အစေခံလို စိတ်ရှိ သည့် အတွက် ကြောင့် မည်သည့် အဆုံးအမ တစ်ခုကှိုမှ မဖယ်ရှား ဘဲ၊ စုံလင်သော ဒေသနာ ကိုသာ သင်ပေး ပါသည်။ “သင်တို့ အတွက် အကျိုးပြု စရာတစ်စုံ တစ်ခု ကိုမျှ ငါမထိမ် မ၀ှက်”ဟု ရှင် ပေါလု ပြောကြား ပါ သည်။ လူအများ ရှေ့မှာဖြစ် စေ၊ တစ်အိမ်ပြီး တစ်အိမ် သွား၍ သင်ပေး သည်ဖြစ်စေ သမ္မာ ကျမ်းစာကို တိကျစွာ သင်ပေး ခဲ့ပါသည်။ ရှင်ပေါ လုသည် သူများ၏ နှစ်သက်ခြင်း ကိုရသည် ထက် သူတစ်ပါး ၏၀ိညာဉ် ရေး ကျန်းမာ ရေး ကိုပို၍ အလေး ထားခဲ့ ပါသည်။ ထို့ကြောင့် အမှန်တ ကယ်အစေခံ စိတ်ရှိသော ခေါင်းဆောင် ကောင်းတစ် ဦးဖြစ်ပါ သည်။ကျွန်တော် တို့သည် အပြစ် တရားကြောင့် နောင်တ တရားရရှိ ရန်အတွက် သန့်ရှင်းသော အသက် တာရှိရန် လိုကြောင်း၊ မိမိပတ်ဝန်း ကျင်ကို မေတ္တာ ထား၍ သမ္မာ ကျမ်းစာ နှင့်သန့် ရှင်းသော အပြုအမူ တို့ဖြင့် ဆက်ကပ် အမှုတော် ထမ်းဆောင် ရန်လိုအပ် ကြောင်းကို ကျွန်တော် တို့အသင်း သူအသင်း သား အားသစ္စာ ရှိရှိဖြင့် သမ္မာကျမ်း စာတွင် ပါရှိသ မျှသင်ပေး သလား။ သို့သော် လည်း  ထိုခဲယဉ်း သော  အရာများ ကို ရှောင်ရှား ၍သူများ အလွယ် တကူ လက်ခံနိုင် သောအ ရာများ ကို သာ သင်ပေး သလား။
(ဃ)အသင်း တော်၏ သိက္ခာကို ကာကွယ် စောင့်ရှောက် ရန် စေတနာ စိတ်ရှိခြင်း။
ယေဇကျေ လအနာဂ တ္တိကျမ်း၊ အခန်းကြီး ၃၄ ၌ သိုးထိန်းများ ၏အမှတ် တံဆိပ်၊ လက္ခဏာ တစ်ချက်မှာ ထိုသူတို့က သူတို့၏ လက် အောက်၌ ရှိသော သိုးများ ကိုမစောင့် ရှောက်ကြ ချေ။(ယေဇ ကျေလ၊ ၃၄း ၄-၆) ယေရှုခ ရစ်တော် သည် “ငါသည် ကောင်း သောသိုး ထိန်းဖြစ်၏” ဟုမိန့်တော် မူ၏။(ယော၊ ၁၁း၁၁) ကောင်း သောသိုး ထိန်းတစ် ဦးသည် မိမိလက် အောက်မှာ သိုးများကို ကွယ်ကာ စောင့်ရှောက် ပါသည်။(ယော၊ ၁၀း ၁၁-၁၄) ကဲ့သို့ ပြုစေရန် ဧဖက် အသင်း တော်လူကြီး များအား ရှင်ပေါလုက ညွှန်ကြား ခဲ့ပါသည်။ (တမန်တော်ဝတ္ထု၊ ၂၀-၂၈-၃၁) အသင်းတော် သိုးထိန်း ကောင်းဖြစ် သောသူများ သည်“ကြမ်း တမ်းသော တောခွေးတို့” ဟုဆိုသည့် မှားယွင်း သောသြ၀ါ ဒဆရာများ ကိုဆန့်ကျင် ၍တိုက်ခိုက် ရန်ပြင်ဆင် ကြပါသည်။ ၄င်း၏မှား ယွင်းသော ၀ါဒများကို ဆန့်ကျင် နိုင်ရန်ပြင် ဆင်ကြရ ပါမည်။ သို့ရာတွင် ကြမ်းတမ်း သောတော ခွေးများ သည် အားကြီး ပါသည်။ တစ်ခါ တစ်ရံ အသင်းသူ အသင်း သားသည် ထိုသင်ပေး သော ဆရာများ ၏၀ါဒကို နှစ်သက်၍ နောက်လိုက် လိုစိတ် ရှိကြပါသည်။ ထို့ကြောင့် သိုးထိန်း ကောင်တစ် ဦးအနေဖြင့် မှားယွင်း သောအ ယူဝါဒများ ကို ဆန့်ကျင် သောအခါ တွင် မိမိအ တွက်နာ ကျင်မှုများ ကိုခံကြ ရလိမ့်မည်။ သို့သော် လည်း အသင်း တော် အတွက် အကျိုး ကျေးဇူး ကိုဖြစ် စေရန် ထိုနာ ကျင်မှုများ ကို အစေခံ သော ခေါင်းဆောင် များအ နေဖြင့် သည်းခံကြ ပါမည်။ မြန်မာ နိုင်ငံပြုပြင် ပြောင်းလဲ လာသော ခေတ်ကာ လ တံခါး ဖွင့်ဝါဒဖြစ် သောကြောင့် ပြင်ပမှ ၀င်ရောက် လာသော လူများ၊ အဖွဲ့အစည်း များတွင် ၀ါဒများ စွာကို တွေ့ရှိရ ၍ ၄င်းကြမ်း တမ်းသော တောခွေးဟူ သည့်မှားယွင်းသောဝါဒကိုသင် ပေးသူများကို တွေ့ရှိရ လိမ့်မည်။ အစေခံစိတ် မရှိသော ခေါင်းဆောင် များသည် မိမိအသင်း  သူအသင်း သားများ ကျေနပ် စေရန်၊ အသင်း တော် ကိုတိုးတက် စေရန် အမှန်နှင့် အမှားမ ခွဲခြားဘဲ ၀ါဒအမျိုး မျိုးလက် ခံသုံး စွဲကြပါ သည်။ သို့သော် လည်း အစေခံဖြစ် သော ခေါင်းဆောင် များသည် အသင်း တော်၏ ကောင်းကျိုး ကိုအမြဲ တမ်း ဦးစားပေး သည့် အကြောင်း ကြောင့် မှားယွင်း သောဝါဒကို ဆန့်ကျင် ရန် ကြိုးစား အား ထုတ်ကြ ပါမည်။
(င)ငွေကြေးသစ္စာရှိစွာ ဖြောင့်မတ်ခြင်း
ကျွန်တော် တို့အားလုံး အတွက် အပြစ်သွေး ဆောင်ရာ တစ်ခုဖြစ် သော ငွေကိုတပ် မက်ခြင်းကို ရှောင်ရှား ရန်၊ အသင်းတော် ခေါင်းဆောင် အား ပေးသော အဆုံးအမ များကိုဓမ္မ သစ်ကျမ်းတွင် တွေ့ရှိရ ပါသည်။ ရှင်ပေါလု သည်သူ ကိုယ်တိုင် ငွေကြေး ဆိုင်ရာအ ကျိုးအမြတ် ရစေရန်အ မှုတော်ကို ထမ်းဆောင် ခြင်းကို အပြစ်တင် ခွင့်မရှိဟု ဧဖက်အ သင်းတော် လူကြီးများ အား ပြောခဲ့ပါ သည်။(တမန်ေ တ်ာဝတ္ထု၊ ၂၀း ၃၃-၃၅)
This is something that pastors in Myanmar will experience more and more.
As this country becomes more open to other influences, many ‘wolves’ will come in.
Leaders who are not really servants will simply welcome whatever seems to make the church members happy, or seems to make the church grow.
But servant leaders will be ready to fight, even if it costs them a great deal. သို့ရာတွင် ရှင်ပေါလု ၏အခြေ အနေနှင့် ကျွန်တော် တို့၏အ ခြေအနေ မတူပေ။ သူ သာသ နာပြုသော အချိန်   သူနှင့်အ တူပါရှိသော     တပည့်တော် များ အတွက် သင့်လျော် သောဝင် ငွေရရှိရန် အတွက် အသက် မွေးဝမ်း ကြောင်းတစ် ခုရှိခဲ့ပါ သည်။ သို့သော် လည်း အခြားသော သြ၀ါဒ စာများ၌ သင်းအုပ် ဆရာများ အားလစာ ပေးရန်လို အပ်ကြောင်း ဖော်ပြထား ပါသည်။ အသင်းသူ အသင်းသား များ၏ငွေ ကြေးကိုရ ယူချင်သော စိတ်မရှိဘဲ သူတို့ကို အစေခံချင် သော စိတ်ရှိရန် အရေးကြီး ကြောင်းကို ရှင်ပေါလု ကအဓိ ကပြောကြား ခဲ့ပါသည်။ သင်းအုပ် ဆရာတစ် ဦးနှင့် တစ်ဦးအ ခြေအနေ ချင်းမတူ သော်လည်း ကျွန်တော် တို့အားလုံး သည် ငွေကြေးရယူ ချင်သော စိတ်မဖြစ် ပွားစေရန် သတိ ထားဖို့ လိုအပ်ပါ သည်။ ချမ်းသာ သည်ဖြစ် စေ၊ ဆင်းရဲ သည်ဖြစ်စေ ၊ ကျွန်တော် တို့သည် ငွေကြေး ကိစ္စ၌ ဖြောင့် မတ် ခြင်း ရှိ သောသူ များဖြစ် စေရန် လိုအပ် ပါသည်။ နောက်ဆုံး အနေဖြင့် လွန်စွာ အရေး ကြီးသော အချက်ကို စဉ်းစား ကြပါမည်။
(စ)အစေခံ သောခေါင်း ဆောင်များ ဖြစ်ရန် မည်ကဲ့သို့ စတင်လုပ် ဆောင်ရ မည်နည်း။
ယခုဖတ် ရှုလေ့လာ သောကျမ်း ပိုဒ်များတွင် စိန်ခေါ်ချက် များစွာတွေ့ ရှိရပါသည်။ ကျွန်တော် တို့အားလုံး သည် အစေခံ သောခေါင်း ဆောင်ပုံ စံဖြင့် ဦးဆောင် ရန် ဆန္ဒရှိ သည်ဟု ယူဆ ပါသည်။ ထိုသို့ဖြစ် စေရန် မည်ကဲ့သို့ လုပ်ဆောင် မည်နည်း။
က)ဘုရား သခင်၏ မဟာ ကျေးဇူး တော်ကို အမှီပြု လုပ် ဆောင်ကြ ပါမည်။ မိမိကြိုး စားအားထုတ်မှု အားဖြင့် လုပ်နိုင် ပါသည် ဟုဆိုခြင်း မှာ မှားယွင်း ပါသည်။ အစေခံ သောခေါင်း ဆောင် ကောင်းဖြစ် စေရန်   ကြိုးစားရန် လိုအပ်သ ကဲ့သို့  ဘုရား သခင်၏ ကျေးဇူး တော်ကို အမှီပြုလုပ်ဆောင် ခြင်းအား ဖြင့်သာ လျှင် ဖြစ်နိုင် ပါသည်။ ဘုရား သခင် သည် သူ၏ကျေး ဇူးတော် ကို ကျွန်ုပ် တို့အားပြ တော်မူ သည်မှာ ကျွန်ုပ်တို့ အတွက် အစေခံခြင်း ဖြစ်တော်မူ သည်ကို သိရှိနား လည်ရန် အရေးကြီး ပါသည်။ ဘုရား သခင်နှင့် ဝေးကွာ သော်လည်း ဘုရားသ ခင်သည် ကျွန်တော် တို့ ကိုအစဉ် ချစ်တော်မူ သည်။ ကျွန်တော် တို့အ တွက် ဘုရား သခင်သည် သူ၏သား တော် အားဖြင့် ကယ်တင် ခြင်းရရန် စေလွှတ် တော်မူ သည်။ ဘုရားရှင် သည် ကျွန်တော် တို့၏စိတ် နှလုံး ထဲတွင် ယုံကြည် ခြင်းကို ထည့် သွင်းပေး တော်မူ၏။ အမှုတော် မြတ်အ တွက် ကျွန်တော် တို့ကို ဘုရား သခင်သည် စွမ်းဆောင် မှုစွမ်း ရည်များ ပေးပါသည်။ ကျွန်တော် တို့နှင့် ထိုဆုကျေး ဇူးတော် များသည် မထိုက် တန်သော် လည်း ဘုရားရှင် ၏ကျေးဇူး တော်ကြောင့် သာ ရရှိပါ သည်။ ကျေးဇူး တော်ကို ပြုခြင်း အားဖြင့် ဘုရား သခင် သည် ကျွန်တော် တို့အား စေတနာ  စိတ်ရှိ စွာဖြင့် အစေခံ တော်မူပါ သည်။ ထိုသို့နား လည်လျှင် ကျွန်တော် တို့ကိုယ် တိုင်စေ တနာစိတ် ရှိလျက် အစေခံ ရန်ပိုမို စိတ်ဆန္ဒ ရှိပါသည်။ ကျွန်တော် တို့အတွက် ဘုရားသ ခင်လုပ် ဆောင်သော အရာများ ကိုကျေး ဇူးတော် ချီးမွမ်း လျက်အ စေခံသော ခေါင်းဆောင် ကောင်းတစ် ယောက် ဖြစ်စေရန် အစပြုသော ခြေလှမ်း ဖြစ်ရပါ မည်။ (တမန် တော်ဝတ္ထု၊ ၂၁) ၌ သူသင်ပေး သောသြ၀ါဒ အကြောင်း ကို ရှင်ပေါလု ဖော် ပြခဲ့ပါ သည်။) ဘုရားသခင် ၏ကျေးဇူး တော်နှင့် ယှဉ်သော ဧ၀ံဂေလိ တရားဖြစ် ကြောင်း ဖော်ပြ ထားပါ သည်။ ရှင်ပေါလု၏ အသက် တာ၌ ဘုရားသခင် ၏ကျေးဇူး တော်ကို စဉ်းစား ၍ ခွန်အား ယူနိုင်ခဲ့ ပါသည်။ ထိုနည်းတူ ကျွန်တော် တို့သည် ကိုယ်တိုင် ကြိုးစား အားထုတ် မှုကို အမှီပြုမည် မဟုတ်ပေ။ သို့သော် ကျေးဇူး တော်နှင့် ယှဉ်သော ဧ၀ံဂေလိ တရားကို စဉ်းစားလေ့ လာ၍ ဘုရား သခင် ကိုအမှီ ပြုခြင်း အားဖြင့် အစေ ခံစိတ် ရှိပြီး ပို၍အမှု တော်ကို ဆောင်စေ နိုင်ပါ သည်။
ခ)အသင်း တော်ကိုပို၍ တန်ဖိုးထား ရန်လိုအပ် ပါသည်။
အသင်းတော် သည် အရေးကြီး ပါသည် ဟုထင် မှတ်ထား လျှင် ပို၍စေ တနာစိတ် ရှိရပါမည်။ သို့သော် အသင်းတော် ကိုတန်ဖိုး မထားလျှင် စေတနာ စိတ်ဖြင့် အစေခံ ရန်အင် အားရှိမည်  မဟုတ်ပေ။ တမန်တော် ၀တ္ထု၊ ၂၁း၂၈ တွင် ဘုရားသ ခင်သည် သင်းတော်ကို အလွန်တန် ဖိုးထား တော် မူသည် ကို ဖော်ပြထား ပါသည်။ (တမန်တော် ၀တ္ထု၊ ၂၁း၂၈) ဘုရား သခင်သည် အသင်းတော် အပေါ်ချစ် သော မေတ္တာ တော် သည် မိမိတစ် ပါးတည်း သော သားတော် ကိုစေလွှတ် သည့်တိုင်အောင် ချစ်တော် မူပါသည်။ ဘုရားသခင် မျှလောက် ချစ်တော်မူ သောအသင်း တော်ကို ကျွန်တော် တို့မချစ်ဘူး လား။တစ်ခါ တစ်ရံအသင်း တော်ကို ကြည့်သည့် အခါတွင်အ ပြစ်များကို လည်းကောင်း၊ ကွဲပြားမှု ကိုလည်း ကောင်း၊ အချင်းချင်း ညည်းညူ ခြင်းများ ဖြင့် ပြည့်နှက် နေသည် ကိုတွေ့ရ သည့် အတွက် ချစ်ဖို့ကောင်း သောအသင်း တော် မဟုတ်သ ကဲ့သို့ခံစားရ ပါသည်။ သို့သော် လည်း ဘုရားသခင် ၏အမြင်ရှု ထောင့်မှ ကြည့်ရန် လိုအပ် ပါသည်။ ဘုရား သခင် သည် လူ များကိုကယ် တင်ဖို့ရန် သားတော်ကို စေလွှတ်ခဲ့ ပါသည်။ ထို့ကြောင့် ဘုရားရှင်ပြု သကဲ့သို့ ကျွန်တော် တို့ပြုမူရန် လိုအပ်ပါ သည်။
ဂ)နောက်ဆုံး အချိန်၌ ကျွန်ုပ်တို့ သည် ဘုရားသ ခင်အား အစီအရင် ခံကြရပါ မည်။
အသင်းတော် အတွက် အစေခံ ကြပါ မည်ဟု ပြောကြား လျှင်  အသင်းတော် သည် ကျွန်ုပ်တို့ ၏ အရှင် သခင်ဖြစ် သည်ဟု ထင်မှတ်ခြင်း သည် မှားယွင်း ပါသည်။ သခင် ယေရှု ခရစ်တော် သည်သာ လျှင် ကျွန်တော် တို့၏တစ် ဦးတည်း သော အရှင်သ ခင်ဖြစ် ပါသည်။ အသင်း တော်ကို အစေခံခြင်း သည် သခင်ယေ ရှုခရစ်တော် ကို အစေခံခြင်း ပင်ဖြစ်ပါ သည်။ ထို့ကြောင့် နောက်ဆုံး နေ့၌ ကျွန်တော် တို့သည် မိမိတို့ အမှုတော် ဆောင်ခြင်း နှင့်ပတ် သက်၍ အစီရင် ခံကြရ ပါမည်။ 

ဝိညာဉ်မီးအိမ်(ခရစ်ယာန်စာပေစုစည်းမှု)


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...