● ကျန်းမာ ကြံ့ခိုင် သော အသင်း တော် အပိုင်း (၆)

အခန်း(၃)
ကျန်း မာကြံ့ ခိုင်သော အသင်း တော် ခေါင်း ဆောင် များ သည် ဘုရား သခင် နှုတ်က ပတ်တော် အားဖြင့် နိုးဆော် ကြ ပါ သည်။

က။     အသင်း တော် ခေါင်း ဆောင် တစ် ဦး သည် သမ္မာ ကျမ်း စာဟော ပြောခြင်း နှင့် တ ရားဒေ သနာ သင်ပေး ခြင်း တို့ကို ဦးစား ပေးရန် လိုအပ် ပါသည်။

၁။ဘုရားသခင်၏ သဘောသဘာဝ
(၁-က) ဘုရား သခင် သည် နှုတ် ကပတ် တော်ဖြင့် ဆက် သွယ် တော်မူ သော ဘုရား ဖြစ် တော် မူ၏။နှုတ် က ပတ် တော် ဖြင့် ဖန်ဆင်း တော် မူ၏။ နှုတ် ကပတ် တော် ဖြင့် ကယ် တင် တော် မူ၏။ နှုတ်က ပတ် တော် ဖြင့် လမ်းပြ တော် မူ၏။
(၁-ခ)  နှုတ် ကပတ် တော် ဖြင့် ဆက် သွယ် သော သား တော် ယေရှု ကို ပို့ဆောင် တော်မူ သော ဘုရား ဖြစ်ပါ သည်။
(၁-ဂ)  နှုတ်က ပတ် တော်ဖြင့် ဆက် သွယ် သော သန့် ရှင်း သော ၀ိညာဉ် တော် ကိုပေး တော် မူ သော ဘုရား ဖြစ်ပါ သည်။

၂။သမ္မာကျမ်းစာ၏ တန်ခိုး
(၂-က) လူသား များ အား ကယ် တင်ရန် အတု မရှိ တန် ခိုးရှိ သည်။
(၂-ခ)  ခရစ် ယာန် များ သည် ရင့်ကျက် သော အသက် တာသို့ ကြီးထွား စေရန် အတု မရှိ တန်ခိုး ရှိသည်။
(၂-ဂ)  ဘုရား သခင် မှုတ်သွင်း တော်မူ သော စုံလင်း သော တရား ဖြစ်ပါ သည်။

၃။ဓမ္မ သစ် ကျမ်း ရှိ အမိန့် တော်များ
(၃-က) ယေရှု ခရစ် တော်၏ သွန်သင် ချက်များ
(၃-ခ)  တမန် တော်ရှင် ပေါလု ၏ သွန် သင် ချက် များ

ခ။       သမ္မာ ကျမ်းစာ ဟောပြော သင်ပေး ရန် စိန်ခေါ်ချက်များ

ဂ။      သမ္မာ ကျမ်းစာ တရား ဒေသနာ သင်ပေး တတ်သော ခေါင်း ဆောင် တစ်ဦး ဖြစ်စေ ရန် လက် တွေ့ အဆင့် များ။

အရေး ကြီးသည့် လုပ်ငန်း မျိုးမျိုး ကိုလုပ် ဆောင် နိုင်ရန် လိုအပ် သည့် ကျွမ်း ကျင် မှု အ မျိုးမျိုး ရှိပါသ ဖြင့်အ သင်းတော် ခေါင်း ဆောင် ဘ၀တွင် စိန်ခေါ် ချက်အ မျိုးမျိုး ကြုံတွေ့ ရသော ဘ၀ဖြစ် ပါသည်။ တစ်နေ့ တွင် ၀တ်ပြု ကိုးကွယ် အစီအဝေး များကို ဦးဆောင် မည်။ တရား ဒေသနာ ဟောပြော ရန်ပြင် ဆင်မည်။ အသင်း တော်ငွေ စာရင်း ကိစ္စပြင် ဆင်မည်။ အသု ဘဈာပ နနှင့် မင်္ဂလာ ဆောင် အစီအစဉ် များကို ဦးဆောင် မည်။ မကျန်း မာသော အသင်း ၀င်များကို နှစ်သိမ့် မည်။ အသင်း ၀င်များ ကြာမှ ပဋိပက္ခ ကိစ္စများ ကိုဖြေ ရှင်းမည်။ ဗိမ္မာန် တော်  အဆောက် အဦး ကိစ္စကိုင် တွယ်မည် စသည့် အမှုအ ရာများ အမျိုးမျိုး ဆောင် ရွက်ရန် လိုအပ် ပါသည်။ သို့ရာ တွင်  အထက် ပါရှိ သော အချက် များတွင် အရေးကြီး အချက် သည် အဘယ် အချက် ဖြစ်သည် နည်း။ လုပ်စ ရာများမှ တစ်ချက် ကိုသာ ဦးစား ပေးလျှင် မည်သည့် အချက် ကို ရွေးချယ် မည် နည်း။ အသင်း တော်ခေါင်း ဆောင်၏  အရေး ကြီးဆုံး သော တာဝန် သည်  သမ္မာ ကျမ်းစာ ဒေသ နာတော် ကို ဟော ပြောသင် ပေးရန်ပင် ဖြစ် ကြောင်း သမ္မာ ကျမ်းစာ အရ သိရှိရ ပါသည်။ အထက် ဖော်ပြ သော အချက် များသည် အရေး ကြီးသော် လည်း ကျမ်းစာ သင်ပေး ခြင်း ထက်ပို အရေး ကြီးပါ သည် ဟု ထင်မြင် ပါသ လား။ ဘုရား သခင်၏ လူများ အဓိက လိုအပ် ချက် သည် သမ္မာ ကျမ်းစာ ဖြစ်သည့် အတွက် ကြောင့် အသင်း ၀င်များ အား သမ္မာ ကျမ်းစာ သင်ပေး ခြင်းသည် သင်းအုပ် ဆရာ တစ်ဦး ၏ အရေး ကြီးဆုံး တာဝန် တစ်ရပ် ဖြစ်ကြောင်း ကို  သမ္မာ ကျမ်းစာ ဖတ်ခြင်း အားဖြင့် သိရှိရ ပါသည်။

ဝိညာဉ်မီးအိမ်(ခရစ်ယာန်စာပေစုစည်းမှု)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...