● ကျန်းမာကြံ့ခိုင်သောအသင်းတော် အပိုင်း(၄)




အခန်း (၂)
ခေါင်းဆောင်များ၏စေ တနာစိတ်ရှိစွာအစေခံမှု။
(တမန်တော်၊၂၀း၁၃-၃၈)
(က)ခေါင်းဆောင်များ၏ အရေးကြီးသောအစေခံမှု

-သခင်ယေရှုခရစ်၏မိန့်တော်မူချက်
-ဓမ္မဟောင်းကျမ်းမှသွန်သင်ချက်များ
-သခင်ယေရှုကိုယ်တော်တိုင်ဖော်ပြသောဥပမာများ
-ဓမ္မသစ်ကျမ်းမှသွန်သင်ချက်များ

(ခ)အစေခံခေါင်း ဆောင်တစ် ဦး၏တွေ့ မြင်ရမည့် သွင်ပြင်များ ကိုမည်သို့ ဖော်ပြထား ပါသလဲ။

အစဉ်မပြတ်ဆုတောင်းသောအသက်တာ။(ဧဖက်၊ ၁း၁၆)
ဆင်းရဲဒုက္ခခံရသောအခါသည်းခံစိတ်ရှိခြင်း။(ဧဖက်၊၁း ၁၉)
ဘုရားသခင်၏နှုတ်ကပတ်တော်များကိုစေတနာစိတ်ရှိစွာသွန်သင်ပေးခြင်း။
အသင်းတော်ကိုကာကွယ်စောင့်ရှောက်ရန်စေတနာစိတ်ထက်သန်ခြင်း။
ငွေကြေးဆိုင်ရာတွင်ဖြောင့်မတ်တည်ကြည်မှုရှိခြင်း။

(ဂ)အစေခံခေါင်း ဆောင်တစ်ဦး အပေါ်ကျွန်ုပ် တို့၏မည်သို့ သဘောထား ရှိသနည်း။

ကြီးမြတ်သောမေတ္တာတရားကိုခံသူသောသူအဖြစ်သိရှိနားလည်ထားပါသည်။
အသင်းတော်အတွက်တန်ဖိုးမဖြတ်နိုင်သောသူအဖြစ်သိရှိနားလည်ထားပါသည်။ အရှင်သခင်ခရစ်တော်၏ပေးအပ်ထားသောဆောင်ရွက်ခဲ့သောအရာများကိုမည်သို့ပြန်လည်  
အစီရင်ခံရမည့်သူအဖြစ်သိရှိနားလည်ထားပါသည်။
သင်ကြားခြင်း

(ဃ)အစေခံခေါင်းဆောင်တစ်ဦးသည် အလွန်အရေးပါသောသူဖြစ်ပါသည်။

ဝိညာဉ်ရေး ရာကျန်းမာ ခြင်းသည် အသင်းတော် ခေါင်းဆောင် များအတွက် အရေးကြီး ပါသည်။ အရေးကြီး သောအချက် အလက်များ ကိုသိရှိနား လည်ပြီး၊ အသင်းတော် အတွက်ဘယ် အရာက အရေးကြီး သည်ကိုစဉ်း စားထားရပါ မည်။ခေါင်း ဆောင်မှုနှင့် ပတ်သက်သော အရေးကြီးသော အချက်များစွာရှိ သော်လည်း ကျွန်တော့်အ နေဖြင့်ရွေး ချယ်သော အချက်မှာ (အစေခံဖြစ် သောခေါင်း ဆောင်မှု)အ ရေးကြီးသော အချက် ဖြစ်သည်ဟု သတ်မှတ် လိုပါသည်။

အစေခံဖြစ်သောခေါင်းဆောင်သည်မည်သို့သောသူဖြစ်သနည်း။

(၁)ကိုယ်ကျိုး အတွက် ထက်သူ တစ်ပါးအ ကျိုးကိုဦး စားပေးသော အစေခံ ခေါင်းဆောင် ဖြစ်ပါ သည်။
(၂)သူ့ လက်အောက် မှာဘယ် သူပဲရှိရှိငါ ဘယ်လောက် သူတစ်ပါး ကိုကူညီ နိုင်မလဲ။ (၃)အကျိုး အမြတ်ကိုမစဉ်းဘဲ သူတစ်ပါး အတွက် အမြဲပင် စဉ်းစားသော သူဖြစ်ပါ သည်။
(၄)သူတစ် ပါးအကျိုး အတွက် အစစ်အ မှန်အဓိက ထားစဉ်းစား သောသူဖြစ် ပါသည်။
(၅)သမ္မာ ကျမ်းစာတွင် ဖော်ပြထား သောအ ချက်များ သည်ခေါင်း ဆောင်မှုနှင့် ပတ်သက် သည့်အတွက် အလွန်အ ရေးကြီးသော အချက်တစ် ချက်ဖြစ်ပါ သည်။
အနောက် နိုင်ငံများတွင် ခေါင်းဆောင် မှုဆိုင်ရာသ ဘောတရား သင်တန်းများ စွာရှိပါသည်။ ထိုသင်တန်း များတွင်ခေါင်း ဆောင်မှုပုံစံ အမျိုးမျိုးတွေ့ ရှိရပါသည်။ သူတို့ချမှတ် ချက်များကို လိုက်နာရန် အာဏာဖြင့် အုပ်ချုပ်သော အာဏာရှင် စနစ်ရှိပါသည်။ လူတိုင်းနှင့် တိုင်ပင်ပြီးမှ ဆုံးဖြတ်သော “Democratic” ဟူသည့်ခေါင်း ဆောင်များရှိ ပါသည်။အဖွဲ့ အစည်းများ၏ အနာဂတ်ကို အမြဲစဉ်းစားပြီး၊ သူ၏ရူပါရုံကို သူများလက်ခံ လိုက်နာစေရန် ဦးဆောင်သော ခေါင်းဆောင်များ သည်ရူပါရုံရှိသူ များဖြစ်ပါသည်။ ထို့အပြင် အမျိုးအစား အမျိုးမျိုးရှိ ပါသည်။ သူ့လက် အောက်မှာ ရှိသောသူ များ၏ အကျိုးကျေး ဇူးနှင့်အကျိုး စီးပွားများကို ဦးစားပေး သောအစေ ခံခေါင်းဆောင် ဟူသည့်ပုံစံ ကိုယနေ့ခေတ် တွင်စဉ်းစားနေ ပါသည်။ လောကကြီး တွင်ထိုသို့ သောခေါင်း ဆောင်မှု ပုံစံသည် အမျိုးအစား တစ်မျိုးသာရှိ သောကြောင့် ကိုယ်တိုင် ရွေးချယ်မှု အရလက်ခံ ရန်နှင့်ငြင်း ပယ်ရန်အခွင့် ရှိပါသည်။ သမ္မာကျမ်း စာတွင် ဘုရားသ ခင်သည် သူ၏လူများ ကိုဦးဆောင် သောခေါင်း ဆောင်များ အားလုံး သည်အစေ ခံကောင်း ဖြစ်ကြောင်း တွေ့ရှိ ရပါသည်။ မည်ကဲ့သို့ သောပုံစံဖြင့် စေတနာ၊ အစေခံ စိတ်ရှိရှိ ဦးဆောင်ဦး ရွက်သော ခေါင်းဆောင် ဖြစ်ရန်မှာ အရေးကြီး ပါသည်။ ထိုအရာ သည်အမြင့် ဆုံးသော ခေါင်းဆောင် မှုဆိုင်ရာ ပါရမီဖြစ် သည်။
တစ်ခါတစ် ရံအသင်းတော် ခေါင်းဆောင် တစ်ဦးအ နေဖြင့်မိမိ အုပ်ချုပ်ပိုင် ခွင့်အရအ မိန့်ဆုံးဖြတ် ချက်ဖြင့်ဆုံး ဖြတ်ချက် ချရန်လို အပ်ပါ သည်။
မှားယွင်း သောအ ယူဝါဒ(မိစ္ဆာ) ၀င်လာသော အခါ “Democrat” ဟူသည် အားလုံး သူ့အမြင်သ ဘောကိုနား ထောင်၍ သဟဇာ တဖြစ်စေရန် ညီတူညီမျှ လုပ်ရန် မဖြစ်ရပါ။ ထိုအချိန်မှာ အမှားနှင့် အမှန်ကိုပိုင်း ခြားပြီးမှား ယွင်းသော ၀ါဒကိုလုံးဝ ငြင်းခုံရန်အ သင်းသူအ သင်းသားများ ကိုညွှန်ကြား ရန်အသင်း တော်ခေါင်း ဆောင်တွင် တာဝန်ရှိပါ သည်။သို့ရာ တွင်ထိုကဲ့သို့ လုပ်ရန်အ စေခံစိတ်ဖြင့် လုပ်ရန်လို အပ်ပါသည်။ အသင်းသူအ သင်းသားများ ကိုချစ်ရန်၊ ကာကွယ် စောင့်ရှောက် ရန်ပြင်းထန်စွာ ညွှန်ကြား လုပ်ဆောင်ရ ပါမည်။ သို့သော် အချို့သော အခြေအနေ များတွင် ထိုကဲ့သို့ပြု ရန်မသင့် တော်ပါ။ အသင်းတော် အဆောက် အဦးအသစ် ဆောက်လုပ် ရန်(သို့သော လက်ရှိအ ဆောက်အ ဦးကိုတိုးချဲ့ ရန်) အစီအစဉ် ရှိလျှင်အ သင်းသူအ သင်းသား အားလုံးတို့ နှင့်တိုင်ပင် ကာညီညီ ညွတ်ညွတ် ဆွေးနွေး ဆုံးဖြတ်ရန် အရေးကြီး ပါသည်။ ထိုအခြေ အနေများ တွင် “Democrat” ဟူသည့်ပုံ စံဖြင့်ဦး ဆောင်လျှင် ပိုမိုသင့် တော်ပါသည်။ စီမံကိန်း၏ ရည်မှန်း ချက်များကို အားလုံးသိရှိ နားလည်ရန် စိတ်ရှည် ရှည်ဖြင့်ရှင်း ပြရန်ဖြစ် ပါသည်။ ထိုကဲ့သို့ဦး ဆောင်လျှင် သူ၏အသင်း သူအသင်းသား များအား၎င်း၏ အစေခံစိတ်ကို ဆက်ကပ်နေ ခြင်းဖြစ်ပါ သည်။သူသည် ဆုံးဖြတ်ချက် ချခြင်းမလုပ်ရဲ သောသူမ ဟုတ်ဘဲ၊ အားလုံးညီ ညီညွတ်ညွတ် သဘောတူရန် တန်ဖိုးထား သောသူဖြစ် ပါသည်။ အခြေအနေ အမျိုးအစား အပေါ်မူ တည်ြပီးလိုက် လျောညီထွေ မှုရှိသောခေါင်း ဆောင်မှုပုံစံ ကိုလိုက်ကြ မည်ဖြစ်ပါ သည်။သို့ရာ တွင်အသင်း ၀င်များ၏ အကျိုးကျေး ဇူးကိုဦးစွာ ထားကာအ စေခံစိတ်ရှိ ရှိဦးဆောင် ရန်မှာခေါင်း ဆောင်တစ် ဦး၏အဓိက ခံယူချက်အ နေဖြင့်ထားရှိ ရန်လိုအပ် ပါသည်။
အစေခံသော ခေါင်းဆောင် သည်အဓိ ကဖြစ်သည် ဟု သမ္မာ ကျမ်းစာ တွင် အမြဲတမ်း တွေ့ရှိရ ပါသည်။
၁)သခင်ယေ ရှုခရစ်တော် ၏သွန်သင် မှုကိုအခိုင် အမာတွေ့ ရှိရပါသည်။
ခေါင်းဆောင် မှုအကြောင်း ကိုမိန့်တော်မူ သောအခါ တွင်၎င်း၏ အစေခံဖြစ် သောခေါင်း ဆောင်မှုအ ရေးကြီးဆုံးဖြစ်ပါ သည်ဟုတွေ့ ရှိရပါသည်။ မ၊ ၂၁၊ ၂၅-၂၇
“ယောဟန် ၏ဗတ္တဇံတရား သည်အဘယ် ကဖြစ်သနည်း ။......... ကိုယ်တော် ကလည်းထို့ အတူဤအမှုများ ကိုအဘယ် အခွင့်နှင့်ငါပြု သည်ကို ငါမပြော”
ထိုအချိန် ကာလတွင် အများစုက အာဏာရှင် စနစ်ဖြင့်အုပ် စိုးခဲ့ကြပါ သည်။ သို့သော်လည်း မိမိလက် အောက်မှာ ရှိသော သူများကို အစေခံ စိတ်ဖြင့်ဦး ဆောင်ကြ ပါမည်ဟု မိန့်တော် မူ၏။
မာကု၊
၉း၃၃-၃၅“က ပေရနောင်မြို့ သို့ရောက်၍ အိမ်၌ရှိတော် မူလျှင်၊သင်တို့ သည်....... ....အလုံးစုံတို့၏ အစေခံလည်း ဖြစ်ရမည် ဟုမိန့်တော် မူ၏”
အမြင့်ဆုံး သောသူ သည်ခေါင်း ဆောင်ဖြစ် ပါသည်ဟု တပည့်တော် များယူဆခဲ့ပါ သည်။သို့သော် ခေါင်းဆောင် ဖြစ်ချင်သော သူများအား လုံးအစေခံ ဖြစ်ရမည် ဟုသခင် ယေရှုခရစ် တော်ပြော တော်မူ၏။ ခေါင်းဆောင် တစ်ဦးသည် ရှေးဦးစွာ အစေခံသော သူဖြစ်ပါသည် ဟုသင်ပေး တော်မူ၏။
၂)ဓမ္မဟောင်း ကျမ်းတွင် ထိုကဲ့သို့အ လိုလိုစေ တနာစိတ် ရှိရှိအ စေခံဖြစ် သောခေါင်း ဆောင်မှု ကိုဦးစွာ တန်ဖိုး ထားခြင်း ကိုတွေ့ ရှိရပါ သည်။
သူများကို ဦးစား ပေးအစေ ခံခေါင်း ဆောင်များ ကိုဘုရား သခင်သည် နှစ်သက် တော်မူ၏။
ယေဇကျေလ၊ ၃၄း၁-၁၀
“တဖန် ထာဝရ ဘုရား၏ နှုတ်ကပတ် တော်သည်ငါ့ ဆီသို့ရောက် လာ၍…….. နောက်တစ် ဖန်မကိုက် မစားရကြ”
အစေ ခံစိတ်မရှိ ဘဲကိုယ် အကျိုးစီး ပွားကိုဦးစွာ ရှာဖွေသော သူဖြစ်သော ကြောင့်ဘုရား သခင်သူတို့ ကိုဆန့်ကျင် တော်မူ၏။ အခြားသော ပရောဖက်များ ရေးသားခဲ့သော အချက်များကို လေ့လာလျှင် ထိုကဲ့သို့ “ကိုယ်အကျိုး ကိုအဓိက” ထားသည့် စိတ်နေသ ဘောထား ရှိသောခေါင်း ဆောင်များကို တွေ့ရှိရပါ သည်။ခေါင်း ဆောင်များ သည်သူတို့ လက်အောက် မှာရှိသော သူများကို အစေခံစိတ် ဖြင့်ကူညီ မစကာ ဦးဆောင်ရန် အရေးကြီး ပါသည်ဟု တွေ့ရှိရ ပါသည်။
၃)သခင်ခ ရစ်တော် ကိုယ်တော် တိုင် ထိုပုံစံ ကိုပြတော် မူ၏။
သခင်ခ ရစ်တော် ကိုယ်တော် တိုင်သင်ပေး တဲ့အတိုင်းပြု တော်မူပါ သည်။လော ကမှာနေတော် မူသောအချိန်၌ အမြဲတမ်းသူ များအကျိုး ကျေးဇူးကို ဦးစားပေး ကာအစေ ခံစိတ်ဖြင့်ဦး ဆောင်တော် မူ၏ဟုဓမ သစ်ကျမ်း တွင်တွေ့ရှိ ရပါသည်။ တပည့်တော် များသည်အား လုံး၏အစေ ခံဖြစ်ရမည် ဟုသူ၏ တပည့်တော် များအား ကိုယ်တော် သည်ပြော တော်မူ၏ ဟုမ၊၂၁း၂၇ တွေ့ရှိကာ၊ လူသားသည် သူတစ်ပါး အစေကို ခံခြင်းငှာ ကြွလာ သည်ဟုမ၊ ၂၁း၂၈ တွင် တွေ့ရှိရ ပါသည်။
မ၊ ၂၁း၂၈ “သင်တို့ သည်အဘယ် သို့ထင်ကြသ နည်း။တစ်စုံ တစ်ယောက် သောသူ၌ သားနှစ် ယောက်ရှိ၏။ သားအကြီး ဆီသို့သွား၍ ငါ့သားယနေ့ ငါ့စပျစ်ဥ ယျာဉ်သို့ သွား၍လုပ် ဆောင်လော့ ဟုဆိုလျှင်”
ခေါင်းဆောင် မှုဆိုင်ရာ အမြင့်ဆုံးစံ နမူနာကို ယေရှုကိုယ် တော်တိုင်ထို ကဲ့သို့ပုံစံပြခြင်း အားဖြင့်ပြပေး တော်မူ၏။
မှားယွင်း သောခေါင်း ဆောင်များ ကိုဆန့်ကျင် ကာစုံလင် သောခေါင်း ဆောင်တစ် ဦးစေလွှတ် တော်မူမည် ဟုဘုရားသ ခင်သည်သရေလူမျိုး တို့အားကတိ တော်ပေး တော်မူ၏ဟု ယေဇကျေလ အနာဂတ္တိကျမ်း၊ ၃၄း၂၃ တွင်တွေ့ ရှိရပါသည်။

ယေဇကျေလ၊ ၃၄း၂၃
“သိုးထိန်း တစ်ဦးကို လည်းငါခန့် ထား၍သူ သည်ကျွေး မွေးလိမ့်မည်။ ငါ၏ကျွန်ဒါဝိဒ် သည်သူတို့ ကိုကျွေးမွေး ၍သိုးထိန်း လုပ်ရလိမ့် မည်”
အချိန် ကာလမှာ မင်းကြီးဒါ ၀ိဒ်ကွယ် လွန်ပြီး၊နှစ် ပေါင်းများစွာ ဖြစ်သည်။ ထို့ကြောင့် ဒါဝိဒ်အကြောင်း မဟုတ်ဘဲ ၊ဒါဝိဒ်အမျိုး သခင်ယေရှု ခရစ်တော် အကြောင်း ပြောခဲ့ပါသည်။ ဓမ္မဟောင်း ကျမ်းတွင် “ဘုရားသခင် ၏ခေါင်း ဆောင်များ ကို”သိုးထိန်း များ”ဟုခေါ် ဝေါ်ပါသည်။ ယေရှုခရစ် တော်ကြွလာ သောအခါမှာ “ငါသည်ကောင်း သောသိုး ထိန်းဖြစ်တော် မူ၏။သိုးတို့ အဖို့အလို့ငှာ မိမိအသက် ကိုစွန့်တော်မူ ၏ဟုမိန့် တော်မူ၏။ သူ၏လူတွေ ကိုဦးဆောင် ရန်မိမိအ သက်ကိုစွန့် သည်အထိ ဆက်ကပ်သော ခေါင်းဆောင် ဖြစ်ပါသည်။
၎)ဓမ္မသစ်ကျမ်းသြ၀ါဒစာများ၏ဒေသနာတွေ့ရှိရပါသည်။
ဓမ္မသစ် ကျမ်းသြ၀ါဒ များခေါင်း ဆောင်မှုနှင့် ပတ်သက်ရေးသားထား သောအရာ များစွာကိုတွေ့ ရှိနိုင်ပါသည်။ ၄င်းရေးသား ထားသောအ ရာများကိုအ နှစ်ချုပ်လျှင် အမှုတော် ဆောင်ခြင်း သည်အဓိက အကြောင်း အရာဖြစ် ပါသည်။
၁တိ၊ ၃
အသင်းတော် ခေါင်းဆောင် များကိုရွေး ချယ်ရန်ရှင် ပေါလုပေး သောညွှန်ကြား ချက်များကို ၁တိ၊၃တွင် တွေ့ရှိနိုင် ပါသည်။ လုပ်သင့် သည့်အရာ များ၊မလုပ် သင့်သော အရာများ တို့ကိုဖော် ပြခြင်းမှာ မိမိအကျိုး ကျေးဇူးကို ရှာဖွေခြင်း ကိုရှောင်ရှား သူများ၏ အကျိုးကျေး ဇူးကိုဦးစား ပေး၍အမှု ထမ်းဆောင် ရန်ရှင်ပေါ လုသည်ခေါင်း ဆောင်များ ကိုညွှန်ကြား ခဲ့ပါသည်။ စပျစ်ရည်နှင့် ပျော်မွေ့ခြင်း ၊သူတစ်ပါးကို ရိုက်ပုတ်ခြင်း ၊ငွေကိုတပ် မက်ခြင်းစ သည်တို့ကိုရှောင် ရှားရမည်။ စိတ်စွဲလမ်းမှု များသည်အ ထက်ပါဖော်ပြ သော“မိမိအ ကျိုးကိုဦး စားပေးရှာ ဖွေရန်ဟူ သည့်အမြစ် မှထွက်ကြီး ပွားသောအ ပင်များဖြစ် ပါသည်။ မိမိလိုအပ် ချက်များ သည်သူများ လိုအပ်ချက် များထက်ပိုအရေးကြီးပါ သည်ဟု သတ်မှတ် သောအခါမှာ မနာလိုစိတ်၊ ဒေါသထွက်ခြင်း တို့ကိုထိန်း သိမ်းရန်မ လွယ်ကူပေ။ ငါလိုချင်တဲ့ အရာများကို ဦးစားပေးလျှင် အရက်စွဲခြင်း၊ စကားများခြင်း၊ ရန်ဖြစ်ခြင်း၊ ငွေကိုတပ် မက်ခြင်းတို့ ဖြစ်ပွားလာ ကြပါမည်။ စိတ်ဖြည်း ညင်းခြင်း၊ ရန်မတွေ့ တတ်ခြင်း၊ ငွေမတပ်ခြင်း၊ သူများ ကိုအမြဲ ကူညီ မစခြင်းစ သည့်ပ ရဟိ တများ နှင့်အစား ထိုးရန်လို အပ်ပါသည်။
၁ပေ၊ ၅း၁-၃
“သင်းအုပ် အရာ၌လည်း ကောင်း… ပုံသက်သေ ကိုပြကြလော့”
အလုံးစုံ သောစေ တနာ ထားခြင်း၊ တည်ကြည် မှုရှိခြင်း၊ ဂရုပြုခြင်း ဖြင့်သူများ အားနမူနာ ပြပေးကြ ပါသည်။ ပရဟိတ မျာပြုခြင်း အားဖြင့် သူများကို အစေခံကြ ပါသည်။ အထက်ပါ ဖော်ပြသော အချက်များ ကိုလေ့လာ ခြင်းအားဖြင့် အစေခံစိတ ရှိခြင်းဟူ သည့်အ ကြောင်းသည် အသင်းတော် ခေါင်းဆောင် နှင့်ပတ် သက်သော အဓိက အချက် တစ်ချက်ဖြစ် သည်ဟု တွေ့ရှိရ ပါသည်။

ဝိညာဉ်မီးအိမ်(ခရစ်ယာန်စာပေစုစည်းမှု)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...